ခရစ်တော်ရှင် ပေးသည့် ဝမ်းမြောက်ခြင်းမှ မိမိကိုယ်ကိုယ် မဝေးကွာစေခြင်း

ခရစ်တော်ရှင် ပေးသည့် ဝမ်းမြောက်ခြင်းမှ မိမိကိုယ်ကိုယ် မဝေးကွာစေခြင်း

ဥပုဒ် တနင်္ဂနွေ နေ့ အန်ဂျေလူး ဆုတောင်းမေတ္တာ အချိန်အတွင်း ပါပါးဖရန်စစ်၏ ယုံကြည်သူ ဘာသာဝင်များအပေါ် မိန့်ကြားချက် မှာ “မိမိအတွက် အမှန်တကယ် လို အပ်သည့် အရာများကိုသာလျှင် ယူဆောင်ခြင်းအားဖြင့် ခရစ်တော်ရှင်နှင့် ပို၍ နီးကပ်စွာ ဆွဲဆောင် ခံရ ရန် “ ပင်ဖြစ်သည်။

ဘုရားရှင်ပေးသနားသည့် ပြည့်ဝစုံလင်သော ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းကို တွေ့ကြုံ ခံစားနိုင်ရန် မိမိတို့၏ အသက်သာ ခရီးလမ်း အတွက် အဟန့်အတားဖြစ်စေသည့်အပြင် လေးလံသည့် ဝန်ထုတ်ဝန်ပိုးအဖြစ် ဆွဲချသည့် မလိုအပ်သည့် အရာများကို ထွက်သွားခွင့်ပြုလိုက် ရန်ပင် ဖြစ်သည်ဟု ပါပါးက အကြံပြု ပြောကြားခဲ့သည်။ ထို တနင်္ဂနွေ နေ့က ဖတ်ကြားခဲ့သည့် ရှင်မာကု ခရစ်ဝင်ကျမ်း မှ ကောက်နှုတ်ချက်ဖြစ်သည့် ခရစ်တော်က သူ၏ ချစ်တပည့်တော်ကြီးများအား ပြောကြားခဲ့သော“ ငါ့နောက်သို့လိုက်လျောက်ရန် များစွာ ထုပ်ပိုးယူဆောင် ခြင်း မပြုရန် “ ဟူသည့် အချက်ပင် ဖြစ်သည်။

လိုအပ်သလောက်သာယူဆောင်ပါ။

ပါပါး ပြန်ပြောပြ လိုသည်မှာ “ တကယ်တော့ ခရစ်တော်က သူ့ရဲ့ တပည့်တော်ကြီးများကို သာသနာပြုခရီး စေလွှတ်ရာတွင် ၂ ယောက်တတွဲ စေလွှတ်လျက် မရှိမဖြစ် လိုအပ်သည့်အရာကိုသာ သယ်ဆောင် သွားကြရန် “သမ္မာကျမ်းစာ၌ မိန့်မှာခဲ့ခြင်းပင် ဖြစ်သည်။

ဤအချက်ပေါ်၌ ခေတ္တခန အချိန်ပေး ထောက်ရှု့ ကြ ပါစို့ ၊ သမ္မာကျမ်းစာ၌ ဖော်ပြချက်မှာ တဦးတည်း ခရီးပြုရန် ကြေငြာဟောပြောခြင်း မဟုတ်ဘဲ အသိုင်းအဝိုင်းတခု အဖြစ် အတူတကွ ခရီးနှင်ကြရန်ပင် ဖြစ်သည်။

လေးလံမှု့နှင့် ပြိုလဲချ မခံရသောအခါ ပိုမို၍ ကျေနပ်တင်းတိမ်ပါလိမ့်မည်

ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် အလွန်အကျွံ မဟုတ်ဘဲ သင့်တင့်လျောက်ပတ်သည့် အခြေနေကို မည်ကဲ့သို့ ထိန်းသိမ်းထားရမည်ကို သိရှိထားရန် အရေးကြီးကြောင်း – ဆိုလိုသည်မှာ ပစ္စည်းဥစ္စာများကို သုံးစွဲ ရာ တွင်၎င်း ၊ အစွမ်းအစများ, ရရှိထားသည့်ကျေးဇူးတော်များနှင့် သဘာဝ အရင်းမြစ်များကို ခွဲဝေ သုံးစွဲ ရာတွင်၎င်း မည်ကဲ့သို့ သင့်တင့်မျှတစွာ လုပ်ဆောင်ရမည်ကို သိရှိခြင်း ဖြစ်ကြောင်း ပါပါးက ပြောကြားခဲ့သည်။

လွပ်လပ်မှု့ကို ခံစား နိုင်ရန်အတွက် မလိုလားအပ်သည့် ဘဝ နေထိုင်နည်းမျိူး မပါရှိဘဲ ကျွန်ုပ်တို့ လျှောက်လှမ်းရန် လိုအပ်သည်။

လူတိုင်းသည်လည်း လူ့ဂုဏ်သိက္ခာ နှင့်အညီ နေထိုင်လျက် သာသနာပြုရာတွင် တက်ကြွစွာ ပါဝင် အားဖြည့် ရန် လိုအပ်ပေသည်။

ပါပါး က အခိုင်အမာပြောဆိုသည် မှာ “ မိမိတို့၏ သက်သေခံခြင်းကို ပိုမို ထိရောက်မှု့ပေးစွမ်းနိုင်သည့် မိမိတို့၏ ခံစားချက်နှင့် အတွေးများသည် လည်း သင့်တင့်မျှတ မှု့ ရှိရန် လိုအပ် ရုံသာမက ၊ ခက်ထန်မာကြောခြင်းနှင့် ကြိုတင်ကောက်ချက်ချမှု့များကိုလည်းစွန့်လွှတ်ရန် လိုအပ်ပါကြောင်း “ ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုခက်ထန်မှု့များသည် နားထောင်ပေးနိုင်မှု့ နှင့် စေ့စပ်ဖြေရှင်းနိုင်မှု့ကို မြှင့်တင်ပေးနိုင် ခြင်းထက် မလိုအပ်သည့် ဝန်ထုတ်ဝန်ပိုး , ကျဆုံးမှု့ နှင့် အတားအစီး များသာဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုကဲ့သို့မဟုတ်ဘဲ မည်သည့်အခါမျှ တင်းတိမ်မှု့ကို မရနိုင်သည့် မိမိတို့၏ စိတ်ကြိုက်ဖြစ်သည့်အရာများကိုသာ ထည့်သွင်းစဉ်းစား လျှောက်လမ်းကြပါမူ မိမိတို့ အသိုင်းအဝိုင်းသည် ခက်ခဲလေးလံသည့် အငွေ့အသက်များ ဖုံးလွှမ်းလာမည် ဖြစ်ပြီး ပျော်ရွှင်မှု့ များစိတ်သုန်းကာ ခက်ခဲသည့်ဘဝများဖြစ်လာ၍ မချောမွေ့မှု့၊ ဝမ်းနည်းစိတ်ပျက် အားလျော့မှု့ များ သာရှိသည့် အဖြစ်အခြေနေများသာ ပို၍ ဖြစ်ပေါ်လာမည် ဖြစ်သည်။

တလုံးတဝတည်းရှိခြင်း နှင့် သင့်တင်မျှတခြင်း

အထက်ဖော်ပြပါ အကြောင်းအချက်များအတွက် ကျွန်ုပ်တို့၏ ခရစ်ယာန်ဘဝသက်တာ နှင့် သက်သေခံရာတွင် တလုံးတဝတည်း ရှိခြင်းနှင့် အလွန် အကျူးမဖြစ်ဘဲ သင့်တင့်စွာ ရှိခြင်းသည် အလွန်ပင် အရေးကြီးသည့် တန်ဖိုးများပင်ဖြစ်ကြောင်း ပါပါးက အခိုင်အမာ ပြောကြားခဲ့ပြီး စစ်မှန်သည့် သက်သေခံသော အသင်းတော်အတွင်း အမှု့ဆောင် အဆင့်အသီးသီး ၌ ရှိအပ်သည့် မရှိမဖြစ်သော တန်ဖိုးထားရာ လည်း ဖြစ်ပေသည်။ ဒါ့ကြောင့် မိမိ နှင့် အတူ အချို့သောမေးခွန်းများကို မိမိကိုယ်တိုင် မေးမြန်းစမ်းစစ်ရန် ပါပါး က ဖိတ်ခေါ်ခဲ့သည် ။

မေးခွန်းမှာ “ ဘုရားရှင်နှင့် တွေ့ကြုံ တို့ထိ ခံစားရာမှဖြစ်ပေါ် လာရသည့် အလင်းကျေးဇူးအားဖြင့် မိမိ နေထိုင်ရာ ဝန်းကျင်တွင် သမ္မာတရာတော် မြတ်၏ သတင်းကောင်းကို ကြေငြာဟောပြောရာတွင် ဝမ်းမြောက်ရွှင်လန်းခြင်း ရှိပါသလား ?

ဒုတိယ မေးခွန်းမှာ “ ထိုကဲ့သို့လုပ်ဆောင်နိုင်ရန် မိမိ၏ ယူဆချက်များ နှင့် အစွမ်းအစများကို ပွင့်လင်းရက်ရောသော နှလုံးသားဖြင့် အခြားသူများကို ဝေမျှလျှက် အတူတကွ ပူးပေါင်း လျှောက်လှမ်း ရန် ပေးဆပ် နိုင်ပါသလား ? ဟူ၍ဖြစ်သည်။

ပါပါး ၏ နောက်ဆုံးမေးခွန်း မှာ “ မိမိ နှင့် နီးစပ်သော ညီအကို မောင်နှမ များ ၏ လိုအပ်ချက်များကို အာရုံစူးစိုက် ထားပေးလျက် လွန်ကျူးမှု့မရှိသည့် သင့်တင့် မျှတသော ဘဝ နေထိုင်မှု့ပုံစံ ကို မည်ကဲ့သို့ မွေးမြူ တည်ဆောက် ယူရမည်ကို ကျွန်ုပ် ကိုယ်တိုင် သိပါသလား?”

နိဂုံးချုပ် အနေနှင့်ပါပါးက “ ကျွန်ုပ်တို့ သည် သစ္စာရှိ၍ စစ်မှန်သည့် သာသနာ ပြု တပည့်သာဝက များ အဖြစ် တလုံးတဝတည်း ဖြစ်လျက် သင့်တင့်မျှတ သောဘဝမျိူး နေထိုင်နိုင်ရန် အမိမယ်တော်မှ တဆင့် ကြားဝင် ဆု တောင်းအသနား ခံ ပေးပါမည့်အကြောင်း ဆုတောင်းခဲ့သည် ။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

rvamyanmar
rvamyanmar
Articles: 713

Leave a Reply

Your email address will not be published. Required fields are marked *