ရဟန်းမင်းကြီးဖရန်စစ်က ‘အမိမယ်တော် သည် ကျွန်ုပ်တို့အားထာ၀ရအသက်သို့ဦးဆောင်သည်’

ရဟန်းမင်းကြီးဖရန်စစ်က ‘အမိမယ်တော် သည် ကျွန်ုပ်တို့အားထာ၀ရအသက်သို့ဦးဆောင်သည်’ ဟုဩဂုတ်လ (၁၅) ရက်နေ့ကမိန့်ကြားခဲ့

ကျွန်ုပ်တို့၏မိခင်မယ်တော်မာရိယာသည် ကျွန်ုပ်တို့တို့အားပျော်ရွှင်၀မ်းမြောက်စွာဖြင့် သူ၏သားတော်ထံဦး ဆောင်လမ်းပြနေသည်။

နှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့သည် အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောပွဲနေ့ကိုကျင်းပလေ့ရှိသည်။ ဤပွဲတော်သည် တနဂ်နွေနေ့ကဲ့သို့ခမ်းနားစွာ၀တ်ပြုကျင်းပရသော Solemnity ပွဲတော်အမျိုးအစားဖြစ်သည်။

ဤပွဲတော်ကို (နို၀င်ဘာလ ၁၊ ၁၉၅၀) ခုနှစ်၊ ထိုစဉ်ကသာသနာကိုဦးဆောင်နေသော ရဟန်းမင်းကြီးပီအုစ် (၁၂) က အမိကက်သလစ်သာသနာတော်ကြီး၏ယုံကြည်ရာအချက်များအနက်တစ်ချက်အဖြစ် Munificentissimus Deusစာချွန်တော်ထုတ်ပြန်၍ကြေညာခဲ့သည်။ အဆိုပါရဟန်းမင်းကြီး ၏စာချွန်တော်၌ အမိမယ်တော်သည် သူမတူသောကောင်းချီး၊ အပြစ်အကြေးအညှော်မှလုံး၀ကင်စင်စွာဖြင့် သန္ဓေတည်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ခန္ဓာတော်သည် အပြစ်များဖြင့်စွန်းထင်ညှစ်ပေနေသောလူ သားများကဲ့သို့ ပုပ်ပွဆွေးမြေ့သည့်အခြေအနေမျိုးကိုမကြုံခဲ့ရပေ။ ထို့အတူ ကယ်တင်ခြင်ခံရရန် ကျွန်ုပ်တို့လူသားများကဲ့သို့ ရုပ်နှင့်၀ိညာဉ်နှစ်ပါးဖြင့်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရရန်အတွက် ဘုရားသခင်ချိန်းချက်သည့်အချိန်ထိစောင့်ဆိုင်းနေရန်မလိုပေ။ အပြစ်မဲ့သန္ဓေယူတော်မူသော ဘုရား၏မယ်တော်၊ အစင်ကညာစင်မာရိယာသည် ဘုရား၏အလိုတော်အတိုင်း လောကအသက်တာကိုဖြည့်ဆည်းပြီးနောက် ခန္ဓာနှင့်၀ိညာဉ်နှစ်ပါးဖြင့်ကောင်းကင်သို့ဘုန်းတော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံခဲ့ရသည်ဟုကြေညာခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ဩဂုတ်လ (၁၅) ရက်နေ့ဖတ်ကြားရသောဧ၀ံဂေလိကျမ်းစာကိုအခြေခံ၍ထောက်ရူထားသည်မှာ ကျွန်ုပ်တို့သည် နာဇရက်မြို့သူသမီးပျိုတစ်ဦးကိုဆင်ခြင်ရာ၌ သူသည် လောလောလတ်လတ်ဘုရားသခင်၏ဗျာဒိတ်တော်ကို သိကြားတမန်တော်ထံမှခံယူရရှိပြီးသည်နှင့်အဘယ် သူတစ်ဦးတစ်ယောက်၏တိုက်တွန်းချက်မပါဘဲလျှက် အသက်အရွယ်ကြီးရင့်မှကိုယ်၀န်အရင့်အမာဖြစ်နေသော သူ၏၀မ်းကွဲအစ်မဧလိဇဘက်ထံသို့သွားခဲ့သည့်အကြောင်းကိုအသားပေးထောက်ရူထားသည်။

အမိမယ်တော်သည် ပျော်ရွှင်လျင်မြန်စွာဖြင့်ထွက်ခွာသွား၏ (Sets out joyfilly in haste)

‘အမိမယ်တော်သည် ဧလိဇယက်ဆီသို့အလျင်အမြန်သွားလေ၏’ ဟူသောစကားစုအရအမိမယ်တော်သည် သိကြားတမန်တော်သံမှကြားလိုက်သော ဘုရားမယ်တော်အဖြစ်ရွေးချယ်ခံရခြင်းကို ကောင်းချီးထူးဟုသတ်မှတ်သာယာနေသည်ထက် ချက်ချင်းပင်သူ၏အိမ်ကိုချန်ထားခဲ့၍ တစ်ဦးတစ်ယောက်ကိုသတင်းကောင်းကြေညာကြားပြောလိုစိတ်ထက်သန်စွာဖြစ်နေသည့်ဟန်မျိုးဖြင့်ထွက်ခွာသွားခဲ့သည်။ အ မှန်မှာသူသည်ဧလိဇဘက်အားအလုပ်အကျွေးပြုရန်သွားခြင်းဖြစ်သည်။

အမိမယ်တော်၏ဘ၀၌ ယခုကဲ့သို့ရှည်လျားပြီးမောပမ်းလှသောခရီးကို သူ၏ဘ၀၌တစ်မျှမပြုခဲ့ဖူးပေ။ ယခုသိကြားတမန်တော်ထံမှသတင်းစကားကြားသိလိုက်ရပြီးနောက် စတင်ခဲ့သောခရီးစဉ်သည် သူ့ဘ၀တစ်လျှောက်လုံးအတွက် ဘုရားသခင်၏အလိုတော်ကိုပြည့်အောင်ဖြည့်ဆည်းရန် ခရီးရှည်ကြီးကိုလျှောက်လှမ်းရမည့်ရှေ့ပြေးနိမိတ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမိမယ်တော်မာရိယာသည် ကောင်းကင်နိုင်ငံတော်၏တပည့်တစ်ဦးအဖြစ် ယေဇူးသခင်၏နောက်တော်သို့ထပ်ချပ်မခွာလိုက်ခဲ့သည်။ ထို့ ကြောင့် အမိမယ်တော်၏လောကအသက်တာနောက်ဆုံးအချိန်၌ ကောင်းကင်ဘုံသို့ဘုန်းတော်ဂုဏ်တော်နှင့်ပင့်ဆောင်ခြင်းကိုခံခဲ့ရသည်။ သူ၏သားတော်နှင့်အတူပျော်ရွှင်ချမ်းမြေ့စွာထာ၀ရစံစားခွင့်ရရှိခဲ့သည်။

ကညာစင်မာရိယာသည် ကျွန်ုပ်တို့အားလမ်းပြပေးသည်။ (Blessed Mother leads the way)
ကျွန်ုပ်တို့အနေဖြင့် မလှုပ်မရှားသော အမိမယ်တော်၏ဖယောင်းဆင်းတုတော်၌သာအတွေးများအဆုံးမသတ်စေရ။ ဆင်းတုတော်မှတဆင့်ကျမ်းစာထဲ၌ဖြစ်ပျက်ခဲ့သည်များကိုပြန်လည်ဆင်ခြင်ရန်ဖြစ်သည်။ အမိမယ်တော်သည် ဂါလီလေယာနယ်မှဂျူဒေးယာနယ်သို့သွားရသောခရီးသည်လုံး၀မလွယ်ကူလှပေ။ ဖုံအလိမ့်လိမ့်ဖြင့် ဟောင်းနွမ်းနေ‌သောခြေနင်း၊ ပင်ပန်းနွမ်းလျှလျှက်လောကအသက်တာခရီးကိုလျှောက်ရင်း ဘုန်းတော်ဂုဏ်တော်နှင့်ပြည့်သောကောင်းကင်နိုင်ငံတော်သို့အရောက်လျှောက်လှမ်းခဲ့ရသည်။

ဤသို့အားဖြင့် အမိမယ်တော်သည် ကျွန်ုပ်တို့ထက်ဦး၍ခရီးလမ်းကိုဖောက်လျှောက်ရောက်နေသည်။ ကျွန်ုပ်တို့၏လောကအသက်တာသည်လည်း နောက်ဆုံး၌ယေဇူးသခင်နှင့်အတူပေါင်းစည်းနိုင်ရန် ဆက်လက်ပြုနေသောခရီးရှည်ကြီးဖြစ်ကြောင်းအသိပေးနေခြင်းဖြစ်သည်။ အမိမယ်တော်သည် ကျွန်ုပ်တို့ ၏ကောင်းကင်နိုင်ငံတော်ခရီးတွင် ကျွန်ုပ်တို့ဖက်၌အစဉ်ရပ်တည်မှိုင်းမလျှက်ရှိကြောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/DX7Bi

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *