ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၂၇ ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ ဩဝါဒ ၁၁၊ ၁၀၊ ၂၀၂၃

11 October 2023
ဓမ္မမိတ်ဆွေတို့ ဒီက ပထမကျမ်းစာ ပရောဖက်ယောန ၄:၁-၁၁ မှာ ဘုရားကိုပြစ်တင် ဝေဖန်ခဲ့ လို ဘုရားရှင်ရဲ့ပညာပေးဆုံးမတာကို ခံခဲ့ရတယ်။ ပရောဖက်ယောန က သူဟောကြားရမည့်အတိုင်း လူတွေကိူ အော်ဟစ်သတိပေးခဲ့တယ် ရက်ပေါင်းလေးဆယ်ကြာရင် နီနီဝေမြို့ပျက်စီးမယ် နောင်တရကြပါဆိုပြီးသတိပေးခဲ့တယ်။ သူ့တာဝန်ပြီးတော့ ဘုရားကို ပြောခဲ့သေးတယ် ကိုတော်က သနာကြင်နာ ခွင်လွတ်တပ်သော ဘုရားဖြစ်တယ်။ ဒါကြောင်မဖျက်စီးခဲ့ဘူး သိုသော် သူမှာတော့ ဟေားရပြီး သဟော သလို ဖြစ်မလာလို့ နီနီဝေး မြိုပြင် တနေရာမှာ ထိုင်ပြီး မြိုကို ကြည့်နေခဲ့တယ်။  ဘုရားရှင်က သူဖန်ဆင်းထားတဲ့လူသားတွေ ၊အကျင်ပုံစံပြုပြင်ပြောင်းလဲးကြလို့ ခွင်လွတ်ပေးခဲ့တယ်။ တခါတလေ ကျွန်တော်တို့လူတွေရဲ့အမြင်မှာ အပြစ်မကောင်မူ့တွေကို ယုတ်ညံ့စွာပြုမူခဲ့ကြသူတွေ အပြစ်ပေးခံသင့်တယ်။ ဒုက္ခရောက်သင့်တယ်၊ ဒဏ်ခတ်ခံရသင့်တယ် ဆိုပြီး ထင်မြင်ယူဆနေကြပေမဲ့၊ သူတို့ရဲ့ပြုပြင်ပြောင်းလဲးမူ့၊ စစ်မှန်တဲ့နောင်တတွေကြောင့် ခွင်လွတ်ခွင်ရနိုင်တယ် ဆိုတာ သတိပေးနေသလို့၊ လူတိုင်အပေါ် ဘုရားရှင်ထားတဲ့သနားကျင်နာမှု့ကို စိတ်မဆိုးသင့်ကြောင်းသွန်သင်ပေးနေခြင်းဖြစ်တယ်။ ဒီကနေ့ ဧဝိဂေလိကျမ်း လုကား၁၁:၁-၄ မှာတော့ တပည့်တော်ကြီး တွေ သခင်ခရစ်တော်ထံမှာ ချည်းကပ်ပြီးဘယ်လိုဆုတောင်းရမလည်း ဆိုတာကိုသင်ပြပေးဖို့တောင်းဆိုတာကို ကြားနာခဲ့ရတယ်။ သခင်ခရစ်တော်က ကောင်ကင်ဘုံ၌ ကြိမ်းဝတ်တော်မူသော ကျွနိုပ်တို့အဖ ဆိုတဲ့ ဆုတောင်းမေတ္တာကို သင်ကြားပေးခဲ့တယ်။ ဆုတောင်းတယ် ဆိုတဲ့နေရမှာ လိုခြင်တာထက် နေ့စဉ်လိုအပ်တာ၊ ဒါတောင်မှ ကိုယ့်အလိုဆန္ဒအရမဟုတ် ကိုတော်အလိုရှိရင်ပေးဖို့၊ ဘာဖြစ်လိုလဲးဆိုတော့ ဘုရားပေးထားတာတွေက လုံလောက်ပြည့်စုံတယ်။ လောဘတွေကြောင့် ပြိုင်ဆိုမူ့တွေကြောင့် တင်းတိမ်ကောင်ရဲးမူတွေ၊ ကျေနပ်မူ့တွေပြောက်ဆုံးကုန်ကြရတာ၊ ဒါကြောင် သခင်ခရစ်တော်ကိုတိုင် သင်ကြားပေးခဲ့တဲ့ ဆုတောင်မေတ္တာကို ရွတ်ဆိုရုံသက် သက်မဟုတ်ပဲ အဓိပ္ပယ်ကိုပါ ထောက်ရူပြီး ဆုတောင်းတပ်သူတွေဖြစ်အောင်ကျိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *