ဗာတီကန်၏သုံးပါးသစ္စာရှင်ဆက်ကပ်သူတော်စင်ရုံးချုပ်၏အတွင်းရေးမှူးအဖြစ်စစ္စတာရ်တစ်ပါးအား ပထမဦးဆုံးအဖြစ်ခန့်အပ်

ဗာတီကန်၏သုံးပါးသစ္စာရှင်ဆက်ကပ်သူတော်စင်ရုံးချုပ်၏အတွင်းရေးမှူးအဖြစ်စစ္စတာရ်တစ်ပါးအား ပထမဦးဆုံးအဖြစ်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ဗာတီကန်လက်အောက်ရှိ ရုံးချုပ်တစ်ခုဖြစ်သော ပုပ်ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ သုံးပါးသစ္စာရှင်ဆက်ကပ်သူတော်စင်ရုံးချုပ်၏အတွင်းရေးမှူးအဖြစ်စစ္စတာရ်တစ်ပါးအားပထမဦးဆုံးအကြိမ်ခန့်အပ်လိုက်ပြီဖြစ်သည်။

ဤအမှုတော်သည် စက္ကရာမင်တူးများပေးအပ်သောအမှုတော်မဟုတ်၍ ပေးအပ်နိုင်ပါသည်။ သို့သော် ယခင်ကဤ အမှုတော်ကိုဆရာတော်များ (သို့) ဘုန်းတော်ကြီးများကသာလျှင် တာ၀န်ယူထမ်းဆောင်နေခဲ့ရမှ ရဟန်းမင်း ကြီး ဖရန်စစ်ကစတင်၍ အပြောင်းအလဲပြုလုပ်လာခြင်းဖြစ်သည်။

ယခုတာ၀န်ပေးအပ်ခံစစ္စတာရ်ကားနှစ်သိမ့်ခြင်းသာသနာပြုစစ္စတာရ်အသင်း (Consolata) မှစစ္စတာရ် Simona Brambilla MC ဖြစ်သည်။ သူ့အားအောက်တိုဘာလ (၇၊ ၂၀၂၃) တွင်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဤအမှုတော်မတိုင်မှီက စစ္စတာရ်သည် ၄င်းတို့၏မိခင်အသင်းကြီးတစ်ခုလုံး၏ဥက္ကဌအမှု တော်ကိုထမ်းဆောင်ခဲ့သည်။ ဤသီလရှင်အသင်း၏မိခင်ဗဟိုကျောင်းသည် အီတလီနိုင်ငံ၌ရှိသည်။ သူ့အား အီတလီနိုင်ငံ ‘မွန်းဇာ’ မြို့၌ (မတ်လ ၂၇၊ ၁၉၆၅) တွင်မွေးဖွားခဲ့သည်။ သူသည်သူနာပြုအဖြစ် (၁၉၈၆) တွင် ကျောင်းပြီးသွားခဲ့သည်။ ကျောင်းပြီးပြီးနောက် (၅) နှစ်အကြာ ‘နှစ်သိမ့်ခြင်းသာသနာပြုစစ္စတာရ်’ အသင်းသို့၀င်ရောက်သွားခဲ့သည်။ (၇) နှစ်ကြာပြီးနောက် စိတ်ပညာမာစတာဘွဲ့ကို ရောမမြို့ရှိ ဂရေဂေါ်ရီယံတ က္ကသိုလ်မှဆွတ်ခူးနိုင်ခဲ့သည်။

(၁၉၉၉) ခုနှစ်၌ သူသည် အာဖရိကတိုက်၊ မိုဇမ်းဘစ်နိုင်ငံသို့သာသနာပြုခဲ့သည်။ မိုဇမ်းဘစ်သည် ယခင်ကပေါ်တူဂီနိုင်ငံ၏ကိုလိုနီနယ်ဖြစ်ခဲ့သည်။ ထိုသာသနာနယ်သူသည် လူငယ်တမန်တော်အမှု တော်ကိုစတင်ထမ်းဆောင်ရပြီး လူငယ်များနှင့် Macua Xirima သင်တန်းကျောင်းကိုဦးဆောင်ခဲ့ရသည်။

သူသည် (၂၀၀၂ မှ ၂၀၀၆) အထိ ဂရေဂေါ်ရီယံတက္ကသိုလ်၌ စိတ်ပိုင်းဆိုင်ရာပညာကို အချိန်ပိုင်းပို့ချသူအဖြစ်လည်းအမှုတော်ထမ်းခဲ့သည်။ သူသည်အသင်းဥက္ကဌ၏ အကြံပေးအဖွဲ့၏အဖွဲ့၀င်အဖြစ်လည်း (၂၀၀၅ မှ ၂၀၁၁) အထိထမ်းဆောင်ခဲ့သည်။ (၂၀၀၈) ၌ ဂရေဂေါ်ရီယံတက္ကသိုလ်မှပင် စိတ်ပညာဘာသာရပ်၌ပါရဂူဘွဲ့ကိုဆွတ်ခူးခဲ့သည်။

(၂၀၁၁) ၌ကျင်းပခဲ့သော မိခင်အသင်းကြီး၏အထွေထွေအစည်းအ‌ေ၀းကြီးမှ သူ့အား အသင်းတစ်ခုလုံး၏တာ၀န်ခံ ဥက္ကဌအဖြစ်ရွေးချယ်တင်မြောက်ခဲ့သည်။ ပထမသက်တမ်းကုန်ဆုံးပြီး (၂၀၁၇) ဒုတိယသက်တမ်း၌လည်းဆက်လက်ရွေးချယ်ခံရသည်။ သူသည်ထိုအမှုတော်ကို (မေ၊ ၂၀၂၃) အထိ ထမ်းဆောင်ခဲ့သည်။

(၂၀၁၉) မှစ၍ သူသည် ယခုသူတာ၀န်ယူထမ်းဆောင်ရသောရုံးချုပ်၌ အဖွဲ့၀င်အဖြစ်ပါ ၀င်ပြီးဖြစ်၍ သူ့အတွက်မှာမူ အမှုတော်အသစ်ဆက်ဆက်မဟုတ်တော့ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/WNyC
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *