လူငယ်မောင်မယ်များ ယုံကြည်ခြင်း ပြည့်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ မေလရည်ရွယ်ချက်နဲ့အတူ ဆုတောင်းကြစို့။

လူငယ်မောင်မယ်များ ယုံကြည်ခြင်း ပြည့်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ မေလရည်ရွယ်ချက်နဲ့အတူ ဆုတောင်းကြစို့။ မိသားစုအကြောင်း ကျွန်ုပ်မပြောခင်မှာ လူငယ်မောင်မယ်တွေကို ပထမဆုံး စပြောချင်ပါတယ်။ လူငယ်မောင်မယ်တွေနဲ့ အတုယူ စံပြုထိုက်တဲ့သူကို စဉ်းစားကြည့်လိုက်ရင် အမိမယ်တော်သခင်မ ကျွန်ုပ်တို့ စဉ်းစားမိမှာ ဖြစ်တယ်။ သူမရဲ့သတ္တိ၊ သူမရဲ့နားထောင်ပေးတတ်မှု၊ အစေခံတတ်ဖို့ သူမရဲ့ ဘဝကို ပေးဆပ်မှု ပါရမီတွေနဲ့ စံပြုထိုက်သူ ဖြစ်ပါတယ်။ မယ်တော်ဟာ ဘုရားသခင်ကို ရဲရင့် ခိုင်မာစွာ “ဟုတ်ကဲ့” ဆိုပြီး နာခံခဲ့ပါတယ်။ ဆန်းသစ်မှုတွေနဲ့ ပိုကောင်းတဲ့ ကမ္ဘာကြီးတည်ဆောက်ချင်တဲ့ သင်တို့လူငယ်တွေ အမိမယ်တော်ကို အတုယူကြပါ၊ စွန့်စားကြပါ။ မယ်တော်သခင်မကို အတုယူဖို့ ဆန်းစစ်သုံးသပ်ဖို့ လိုအပ်ပါတယ်။ သင်လုပ်နိုင်မယ်လို့ ထင်ထားတဲ့အရာမဟုတ်ဘဲသခင်ယေဇူး သင့်ဆီက ဘယ်အရာကို အလိုရှိနေသလဲ ဆန်းစစ်ဖို့ မမေ့ပါနဲ့။ အဲဒီလို ဆန်းစစ်သုံးသပ်ချိန်မှာ အဘိုးအဘွားနဲ့လူကြီးတွေရဲ့ စကားနားထောင်ခြင်းက အရမ်းကို ကောင်းပါတယ်။ ဘိုးဘွားတွေရဲ့ စကားထဲမှာ လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အရာတွေထက်ကျော်လွန်တဲ့ ဉာဏ်ပညာ ရရှိမှာ ဖြစ်ပါတယ်။ သူတို့က သင်စိုးရိမ်နေတဲ့အရာ အပေါ် မှာခြုံငုံသုံးသပ် ပေးလိမ့်မယ်။ ညီအစ်ကို မောင်နှမ၊ လူငယ်များအားလုံးဟာ ဘဝမှာအပြည့်အဝ အသက်ရှင်ဖို့ ဖိတ်ခေါ်ခံရပြီး၊ မယ်တော်ရဲ့ဘဝလို နားထောင်ခြင်း၊လေးနက်စွာ ဆန်းစစ်သုံးသပ်ခြင်း၊ ယုံကြည်မှုနဲ့ အစေခံခြင်းတွေကို ရှာဖွေနိုင်ကြဖို့ ဆုတောင်းပေးကြပါစို့။ ✍️ထန်းဟာ, SJ Source: Vatican Media

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *