St. Stanislaus (Bishop, Martyr), စိန့်စတန်းနစ်စလော့ (ဆရာတော်၊ ဓမ္မအာဇာနည်) (၁၀၃၀-၁၀၇၉)

St. Stanislaus (Bishop, Martyr), စိန့်စတန်းနစ်စလော့ (ဆရာတော်၊ ဓမ္မအာဇာနည်) (၁၀၃၀-၁၀၇၉)

(ဧပြီလ ၁၁)

မိဘများသည် ပိုလန်နိုင်ငံသား ဂုဏ်ကျက်သရေရှိသူများ ဖြစ်ကြသည်။ ကက်သလစ် မိသားစုကောင်း ဖြစ်ကြသည့်အတိုင်း စတန်းနစ်စလော့စ်အား ရဟန်းဖြစ်သင်ကျောင်းသို့ ပညာသင်ခွင့်ပေးကြသည်။ မိဘများသေဆုံးပြီး စတန်းနစ်စလော့စ်သည် အမွေများအားလုံး ဆင်းရဲသားများအား ဝေငှခဲ့သည်။ ရဟန်းသိက္ခာခံယူပြီး ကာနွန်ဥပဒေ သင်ကြားပေးရန် ကရိုကိုကာသီဒြယ်ကျောင်း၌ စာချပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ၁၀၇၂-ခုနှစ်၌ ဆရာတော်အဖြစ် ရွေးကောက် တင်မြောက်ကြသည်။ ဆရာတော်များ၏ စံပြနမူနာဖြစ်သည်။ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ၌ အမြဲကာကွယ် ပြောဆိုခဲ့သည်။ ထိုအချိန်က ပိုလန်ဘုရင် ဘောလေစ်လားစ်သည် ရက်စက်ကြမ်းကြုတ်၍ တရားမျှတခြင်း၊ လူ့အခွင့်အရေးအား ထိုးဖောက်၍ လူထုအား အုပ်ချုပ်ခဲ့သည်။ ဆရာတော်ကြီးသည် ဘုရင်၏အုပ်ချုပ် လုပ်ကိုင်ပုံအား ဝေဖန်ပြောဆိုသည်။ တရားမှန် လိုက်နာရန် တိုက်တွန်းသည်။

ဘုရင်သည် ဆရာတော် စတန်းနစ်စလော့စ်အား သတ်ဖြတ်ရန် လူယုံတော်များ စေလွှတ်သည်။ သို့သော် လူယုံတော်များက ဆရာတော်အား မသတ်ဝံ့ကြဘဲ ပြန်လာကြသည်။ ဘုရင်ကိုယ်တိုင် ဓားမြှောင်ကိုင်၍ ဆရာတော် မိစ္ဆားပူဇော်စဉ် ခေါင်းဖြတ်သတ်လိုက်သည်။ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၇)က ပိုလန်နိုင်ငံသားများအား ဒဏ်ပေးခဲ့သည်။ ၁၀၈၁ ခုနှစ်တွင် ဘုရင်ဘောလေစ်လားစ်အား ပြည်နှင်ဒဏ်ပေးသည်။ နောက်(၂)နှစ်အကြာ ဘုရင်သည် ဟန်ဂေရီ (Hungary)နိုင်ငံမှာ ပျံလွန်ခဲ့လေသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *