rvamyanmar

rvamyanmar

သေခြင်းတရားကို လွန်ဆန်လို့မရ ရှင်သန်ခြင်းတရားမှာ အစေခံခြင်းဖြင့် ထာရအသက်ကို ရယူကြရမယ်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းကို ဒီတပတ်မှာတော့ နွေရာသီ ရဟန်းမင်းကြီးအနားယူနေသော Castel Gandalfo မှာပြုလုပ်ခဲ့ပါသည်။ လွတ်လပ်ရေးရင်ပြင်တွင် ရဟန်းမင်းကြီးနှင့်အတူ နေ့ခင်းမေတ္တာရွတ်ဆိုရန် ရောမမြို့အနီးတောင်ပေါ်ဒေသမှ ဘုရားဖူးသူတော်စင်များနှင့် စုရုံးရောက်ရှိနေသော လူထုပရိသတ်ကြီးအား ရဟန်းမင်းကြီးလီယို ၁၄ က ဧဝံဂေလိကျမ်းပိုဒ် “အရှင်ဘုရား ထာဝရအသက်ကိုအမွေခံရဖို့ ဘာလုပ်ရမလဲ” ဆိုသည့် ကျမ်း ပိုဒ်လေးကိုခြေခံပြီး လူထုပရိသတ်အားဟောကြားခဲ့ပါသည်။ ရဟန်းမင်းကြီးလီယို့က ဒီမေးခွန်းထဲမှာ ဒီလူရဲ့နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သေခြင်း၊မကောင်းမှု နှင့် ကျရှုံးခြင်း မှ လွတ်မြောက်ပြီးထာဝရတည်ရှိခြင်း ဆိုသည့်ရလိုသည့် အလိုဆန္ဒတစ်ခုကို…

တိုးတက်ဖွံ့ဖြိုးနေတဲ့ လူဦးရေအခြေအနေနဲ့ မြေနေရာတွေကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ?

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… “တိုးတက်ဖွံ့ဖြိုးနေတဲ့ လူဦးရေအခြေအနေနဲ့ မြေအသုံးချမှုပုံစံများ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကမ္ဘာကြီးဟာ အရင်ကထက် ပိုပြီး တိုးတက်ပြောင်းလဲလာနေတာကို ကျွန်ုပ်တို့ကိုယ်တိုင် ကြုံတွေ့နေရပါတယ်။ ထိုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အတူ ကျွန်ုပ်တို့ လူသားတွေရဲ့ နေထိုင်မှုဘဝဟာလည်း ပိုမိုပြီး ထူထပ်လာပါတယ်။ ကျွန်ုပ်တို့ ဖွံ့ဖြိုးတိုးတက်ပြီးသား မြို့ကြီးတွေမှာ ဆိုရင် လူဦးရေတစ်ဖြည်းဖြည်း မြင့်တကျဆင်းလာပြီး  ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ ဆိုရင် လူဦးရေ တိုးတက်မှုဟာ အမြဲရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီလို လူဦးရေ တိုးတက်လာမှုနဲ့အတူ လူသားတို့ရဲ့ မြေအသုံးချမှုဟာ ပိုမိုများပြားလာခဲ့ပါတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ မြေတွေကို…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၄)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၁၂၊ ၇၊ ၂၀၂၅

Daily Reflection Matt 10:24-33 12 July 2025ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၁၀: ၂၈-၂၉ မှာ ကိုခန္ဓာကိုယ်ကို သတ်ပြီး ဝိညာဉ်ကိုမသတ်နိုင်သောသူကို မကြောက်ကြနှင့် ငရဲ၌ဝိညာဥ် နှင့် ခန္ဓာနှစ်ခုလုံးကို ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကျလော။ဒီကျမ်းချက်ကလေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်ကြပါစို့။ ဒီကျမ်းချက်က သခင်ခရစ်တော်သူ့ရဲ့နောက်လိုက်တွေအားလုံးကို တိုက်ရိုက်သတိပေးထားတဲ့စကားဖြစ်တယ်။ သခင်ခရစ်တော်ရဲ့သတိပေးချက်ထဲမှာ သေချာထောက်ရှုကြည့်ရင် နောင်ဘဝဆိုတဲ့အချက်လည်းပါတယ်။ ထာဝရပျော်ရွှင်ခြင်းနဲ့၊ ထာဝရငရဲအပြစ်ဒဏ်ပေးခံရခြင်းဆိုတဲ့အချက်တွေလည်းပါတယ်။ ဘုရားရှင်တစ်ဦးသာလျှင် လူတို့၏ဝိညာဉ်ကိုပိုင်ဆိုင်သော တန်ခိုးတော်ရှင်ဖြစ်တယ်။ ဘုရားရှင်သာလျှင် ဝိညာဉ်ရောခန္ဓာကိုယ်နှစ်ခုလုံးကိုပါ ဖျက်ဆီးနိုင်သူဖြစ်တယ်။ သာသနာပြုလုပ်ငန်းလုပ်ဆောင်ကြသူတွေ အထူးသဖြင့်ကက်သလစ် ခရစ်ယာန်တွေ သခင်ခရစ်တော်အကြောင်းဟောကြားကြတဲ့အခါ၊…

ဓမ္မဆရာ၊ဆရာမများ မိမိတို့၏သာသနာပြုချင်သောစိတ်ဆန္ဒကို ပြန်လည်ဆန်းသစ်ကျဖို့ ရဟန်းမင်းကြီး လီယို ၁၄ အားပး

လက်တင်အမေရိကန် ဓမ္မဆရာဆရာမများ၏ ၁၃ကြိမ်မြောက် အတူတကွတွေ့ဆုံကြခြင်းနှင့်၊ ၁၀ရက်တာ မွန်းမံသင်တန်းတွင် ရဟန်းမင်းကြီးလီယို က ပါဝင်သူများနှင့် ပွဲစီစဉ်သူများအား နွေးထွေးပြူငှါစွာ နှုတ်ဆက်ခဲ့ပြီး၊ ဘာသာတရားသင်ကြားခြင်း၏ အဓိကနှင့်ပန်းတိုင်ဖြစ်သော နာဇရက်မြို့သားယေဇူး၏ ဘဝကိုအဓိကအချက်အဖြစ် ထောက်ရှုလေ့လာကြဖို့မျှော်လင့်ကြောင်း။ သင်တို့သိထားကြသော နှစ်လိုဖွယ်ရာကောင်းသည့်သခင်ခရစ်တော်၏အကြောင်းများကို မိမိတို့၏ ဘဝ များတွင်ပြန်လည်ဆန်းသစ်ခြင်းအားဖြင့် သခင်ခရစ်တော်အကြောင်းကိုဟောပြောလိုခြင်း၊ သာသနာပြု စိတ်များတိုးပွားလာစေခြင်း၊ တစ်ပါးသူများအား ဘုရားရှင်နှစ်လိုဖွယ်ရာတည်ရှိခြင်း၊ ယုံကြည်ခြင်းကို အစေခံနိုင်ရန်ဦးဆောင်ပေးခြင်း၊ အမှုတော်များကိုဆောင်ရွက်ကြရန်အားပေးခဲ့ကြောင်းကို ဖော်ပြထား ပါသည်။။ လက်တင် အမေရိက နေရာအသီးသီးမှ ဓမ္မဆရာ ဆရာမများအပေါ် ကြည့်ရှုစောင့်ရှောက်ရန် နှင့် ဓမ္မဆရာ…

အချိန်တန်ရင်

အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။ခံစားချက်တွေလည်း အနယ်ထိုင်သွားတယ် ၊ ဒဏ်ရာတွေလည် အနာကျက်သွားရပါတယ် ။ ဘယ်အရာဖြစ်ဖြစ် သူ့သက်တမ်းရှိသလောက်ပါပဲ ။ ကောင်းတဲ့အမှတ်တရတွေရော … ဆိုးရွားတဲ့အတွေ့ကြုံတွေရော အားလုံးဟာ အချိန်တစ်ခုရောက်ရင်တော့လည်း မှေးမှိန်ကွယ်ပျောက်သွားတယ် ။ဒါကြောင့် နေစဉ်နဲ့အမျှ ကောင်းတာတွေနဲ့ကြုံတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့သာ ပျော်ရွှင်ခံစားပြီး ၊ ဆိုးရွားတဲ့အရာတွေနဲ့တွေ့ရရင်လည်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးမခံပါပဲ သန်မာဖို့ ၊ အာတင်းရင်ဆိုင်ဖို့အတွက် သတိပေးရမယ် ။အချိန်တွေဟာ ခပ်မြန်မြန်ကုန်ဆုံးတယ် ။ ဆယ်တန်အောင်တဲ့နေ့က ပျော်ခဲ့တဲ့အပျော်တွေကို မှတ်မိသေးတယ် ၊ ကျွန်တော့်ရဲ့ ပထမဆုံး စာမူလေးကို မဂ္ဂဇင်းတစ်ခုမှာ…

ရဟန္တာ ဘက်နဒက်

ဒီကနေ့မှာတော့ ဇူလိုင်လ ၁၁ ရက်နေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ ရဟန္တာဘက်နဒက်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။အနောက်တိုင်းသားရသေ့တွေရဲ့ဂိုဏ်းချူပ်ဖြစ်တဲ့ ရှင်ဘက်နဒက်ကို၈၄၀ ခုနှစ်မှာအီတလီနိုင်ငံနာချီယာမြို့မှာမွေးဖွားခဲ့ပါတယ်။ရှင်ဘက်နဒက်ဟာအကျင့်သိက္ခါပျက်ဆီးနေတဲ့သူရဲ့အပေါင်းအဖော်တွေရဲ့ဘဝကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့တာကြောင့် အသက်၂၀ အရွယ်မှာပဲ ဆူဗြာတူတောင်မှာသွားရောက်နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ နတ်ဆိုးဟာ အရင်ကသူနဲ့သိကျွမ်းခဲ့တဲ့ချောမောလှပတဲ့အမျိုးသမီးတစ်ဦးကို သူ့ရဲ့စိတ်ကူးအိမ်မက်ထဲမှာဖြစ်ပေါ်စေပြီး သူ့ရဲ့နှလုံးသားကို ရမ္မက်မီးပြင်းထန်စွာတောက်လောင်စေခဲ့ပါတယ်။သို့ပေမယ့်လို့လဲ ချက်ချင်းဆိုသလိုပဲ ရှင်ဘက်နဒက်ဟာသူ့ရဲ့ကိုယ်ပေါ်မှာဆင်မြန်းထားတဲ့ ဝတ်ရုံတန်ဆာတွေကို ဖယ်ခွါပြီး သူ့ရဲ့အသားအရေတွေပေါက်ပြဲသွားတဲ့အထိ ဆူးချုံတွေပေါ်မှာလူးလှိမ့်နေခဲ့ပါတယ်။ဒီနည်းအားဖြင့်သူ့ဝိညာဉ်ရဲ့အနာတွေကို ခန္ဓာကိုယ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ကုသပျောက်ကင်းစေခဲ့ပါတယ်။နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒီကိုဘာရိုရသေ့ကျောင်းရဲ့အကြီးအကဲအဖြစ် ကမ်းလှမ်းခံခဲ့ရတာကြောင့် လက်သင့်ခံခဲ့ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ရသေ့တွေဟာ သူ့ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကို မနှစ်မြို့တာကြောင့် ရှင်ဘက်နဒက်ကို အဆိပ်ခပ်သတ်ဖို့ရန်အတွက် ကြံစည်ကြိုးစာခဲ့ကြပါတယ်။သို့ပေမယ့်လို့လဲရှင်ဘက်နဒက်ဟာဘုရားတရားရှိတဲ့သူဖြစ်တာကြောင့် ခရစ္စတူးအမှတ်အသားပြုနေတဲ့အချိန်မှာပဲ အဆိပ်ခတ်ထားတဲ့ စပျစ်ရည်ခွက်ဟာအစိပ်စိပ်အမြွှာမြွှာကွဲသွားခဲ့ပါတယ်။အဲ့တာကြောင့်သူ့အပေါင်းအဖော်တွေရဲ့အကြံအစည်တွေလဲ ပေါ်သွားခဲ့ပါတယ်။ရှင်ဘက်နဒက်နဲ့အိမ်နီးချင်းနေထိုင်ခဲ့တဲ့ ဖလော်ရင့်ပီဦးဆိုတဲ့ ရဟန်းတပါးဟာလဲ ရှင်ဘက်နဒက်ကို မနာလိုစိတ်ပွားခဲ့တာကြောင့် ဖျက်ဆီးဖို့ရန်အတွက်ကြံစည်ခဲ့ပါတယ်။ရှင်ဘက်နဒက်ကိုအဆိပ်ထည့်ထားတဲ့ပေါင်မုန့်နဲ့လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့်…