rvamyanmar

rvamyanmar

ချစ်သူစုံတွဲတွေရန်ဖြစ်ကြတဲ့အခါ

အိမ်ထောင်တစ်ခုမှာဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ချစ်သူစုံတွဲတွေမှာဘဲဖြစ်ဖြစ် တချို့လည်း မကြာခဏ တချို့လည်း အချိန်အတော်ကြာမှာ ရန်ဖြစ်ကြတာဟာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူးနော်။ ငြင်းကြ၊ ခုန်ကြတာ စကားနိုင် လုကြတာကြတာ၊ ရန်ဖြစ်ကြတာတွေဟာ တစ်ဦးနှင့်တစ်ဦး ချစ်တာ ခင်တာတွေ ရင်းနှီးတာတွေကို ပျက်ပြားစေနိုင်သလို စိတ်သောက တွေကိုလည်းရောက်စေနိုင်ပါတယ်။ ဒေါသအလွန်အမင်းထွက်တဲ့အတွက် တချို့စုံတွဲတွေဆိုရင် Relationship တွေ အဆုံးသတ်သွားတာ တွေရှိနေပါတယ်။ စကားများရန်ဖြစ်ကြရင် ဆင်ခြင်သင့်တာလေးတွေရှိပါတယ် အခုခေတ်စကားနဲ့ဆိုရင် အစာမကြေတော့လို့ စကားများ ရန်ဖြစ်ရင် အမှန်တကယ်ရန်ဖြစ်တဲ့အကြောင်းရင်းကနေ သွေဖယ်သွားပီးတော့ တခြားအကြောင်းအရာတွေနဲ့ အဆုံးသတ်သွားတာတွေ များပါတယ်။…

အဘိုးအဘွားတွေကိုစောင့်ရှောက်ရမယ့် မြေးတွေရဲ့တာဝန်

အားလုံးပဲ မင်္ဂလာပါရှင် ကျွန်မကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သီရိဂေဟာကဏ္ဍကို တင်ဆက်ပေးနေတဲ့ ဂျူလီယာ ကြူကြူခင်ပါ။ ဒီတပတ်မှာတော့ အဖိုးအဖွားတွေကို စောင့်ရှောက်ပေးရမဲ့ မြေးမြစ်တွေရဲ့ တာဝန်ဆိုတဲ့အကြောင်းအရာလေးကို ကျွန်မရဲ့ အတွေးထဲကနေ ပြန်မျှဝေချင်ပါတယ်။ ပရိသတ်ကြီးရှင့် အဖိုးအဖွားတွေဆိုတာက မိသားစုရဲ့ သစ်ပင်ကြီးတစ်ပင်လိုပါဘဲ။ သစ်ပင်ရဲ့အမြစ်တွေကတော့ မြေးမြစ်တွေ လို့ခိုင်းနှိုင်းလို့ရပါတယ်။ သစ်ပင်ကြီးက မားမားမတ်မတ်ကြံ့ခိုင်ပြီးတော့ အသီးအပွင့်တွေ ဝေဝေဆာဆာနဲ့ ရပ်တည်နေဖို့အတွက် အမြစ် တွေကနေ သစ်ပင်ရဲ့ လိုအပ်တဲ့ရေ၊ အာဟာရတွေနဲ့ သစ်ပင်ကြီးလဲမသွားအောင်လို့ အတတ်နိုင်ဆုံးထောက်ပံ့ပေးရသလိုပဲ မဟုတ်ပါ လားရှင်။ ဒါဆိုရင်မြေးမြစ်တွေက အဖိုးအဖွားတွေ…

ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှာလဲ

 ဒီနေ့မှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး parenting style အကြောင်းကို တင်ပြပေးချင်ပါတယ်။           မိဘတွေအနေနဲ့ ကလေးသူငယ်များတွေကို ဘယ်လိုစောင့်ရှောက်သင့်သလဲ?           အရမ်းချုပ်ခြယ်ရင် ကောင်းမလား?           အရမ်းလွတ်လပ်ခွင့်ပေးရင်ကောင်းမလား?           အရမ်းဂရုစိုက်လွန်းရင်ကော ကောင်းမလား?           ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်သင့်သလဲ?           ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုအရကော ကလေးရဲ့ life ကဘယ်လိုရှိသလဲ? ဒါဆိုရင် မိဘကကော ဘယ်လိုပြုစုပျိုးထောင်မလဲ?           အခုချုပ်ခြယ်ပြီးတော့ ပျိုးထောင်ရင်ကော၊ ချယ်ခြယ်တယ်ဆိုတာက ဟိုဟာမလုပ်နဲ့၊ ဒါမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဒါမစားနဲ့၊ ဘာကို လုပ်ရမယ်။…

သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း

သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း သားသမီးတစ်ယောက် အရွယ်ရောက်လာဖို့ လူ့လောကအလယ်မှာ အောင်မြင်ဖို့ဆိုတာ မိဘရဲ့ တာဝန်ပါ။မိဘရဲ့ ပြုစု ပျိုးထောင်ပုံ၊မိဘရဲ့  လေ့ကျင့်ပျိုးထောင်မှုတွေ အများကြီး လိုအပ်ပါတယ် ဒါမှလည်းအောင်မြင်မှာပါ။ဒီလိုအောင်မြင်ဖို့ဆိုတာကလည်း မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိပါတယ်။အထူးသဖြင့် သားသမီးရအောင်လို့ မိမိတို့ ယုံကြည်ကိုးကွယ်ရာ မြတ်ဘုရားထံမှာ မိဘနှစ်ပါးစလုံးက ဆုပန်တောင်းခဲ့ကြ လို့ ဒီ ဝိညာဉ်နဲ့ လူသားလေးတစ်ယောက်ရလာပါပြီ ။ အင်မတန်မှလည်း တန်ဖိုးရှိပါတယ်။ သူ့ဘဝရဲ့ တစ်သက်စာ ထာဝရ ကံကြမ္မာဟာလည်း ဒီ မိဘနှစ်ပါးပေါ်မှာ အခြေပြု စတင်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ သားသမီးတစ်ယောက်ကို မှန်ကန်တဲ့ လေ့ကျင့်မှုတွေနဲ့…