
ဇွန်လ (၂၄) #ဆေးကြောခြင်းဆရာယောဟန်_မွေးနေ့ပွဲ

ဇွန်လ (၂၄) #ဆေးကြောခြင်းဆရာယောဟန်_မွေးနေ့ပွဲHappy Birthday of St. John Baptist! ယနေ့ အမိကက်သလစ်သာသနာတော်ကအမှတ်ရကျင်းပနေ့ သည့် ဆေးကြောခြင်းဆရာယောဟန်သည် ယေဇူး၏ ရှေ့တော်ပြေးတမန်တော်၊ ကန္တာရ၌ အော်နေ သောအသံ၊ နတ်ဆိုးဖမ်းစားခံထားရသူစသည်ဖြင့် ဘွဲ့နာမဆိုးကောင်းကို ခံထားရသူ၏ မွေးနေ့ဖြစ်သည်။ ဤပွဲ တော်သည်သမ္မာကျမ်းစာ အထောက်အထားများ တိကျစွာအခြေအမြစ်ရှိရှိ ကျင်းပသည့်ပွဲနေ့ ဖြစ်သည်။ အမိကက်သလစ်သာသနာ တော်၏ပွဲတော်အမျိုးအစား (၄) (ယခင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။) မျိုးအနက် ပထမအမျိုးအစားဖြစ်သော Solemnity (ခမ်းနားစွာကျင်းပရ သော) ပွဲ တော်အမျိုးအစားဖြစ်သည်။ ခမ်းနာသည်ဟုဆိုရာ၌ ဘုရားကျောင်းအပြင်အဆင်ကိုအသားပေး ညွှန်းဆိုခြင်းမဟုတ်။…









