
” ချစ်ခြင်းတရားမှာရှိတဲ့ အချစ် “
Learned Language ဒီနေ့မှာ ချစ်ခြင်းတရားမှာရှိတဲ့ အချစ်ဆိုတဲ့အရာကို ရအောင် သင်ယူကြရအောင်ပါဆိုတဲ့ အချစ်အကြောင်း နည်းနည်းမျှဝေပေးချင်ပါတယ်။ လူများစုကတော့ အချစ်ဆိုတာ သင်ယူလို့ရတဲ့အရာလားလို့ ထင်ကြမှာပဲ ဒါပေမယ့် အချစ်ဆိုတဲ့ ချစ်ခြင်းတရားက သင်ယူလို့ရတဲ့ learned language ဖြစ်နေလို့ပါပဲ။ တချို့သော သူတွေဆိုရင် အချစ်လိုချင်ကြတယ်။ ဒါပေမယ့် မရကြဘူး။ ဘာဖြစ်လို့လဲ။ အဲဒီတော့ အချစ်ကို ရချင်ရင် အချစ်အကြောင်းသင်ခန်းစာတခုလို သင်ယူကြရတော့မှာပါ။ သင်ယူချင်တယ်ဆိုရင်တော့ မိမိကိုယ်တိုင်ကစပြီး အချစ်ဆိုတာဘာလဲ။…
” ဘုရားရှာခြင်း – အပိုင်း- ၁၄ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၄ ” ကိုတင်ဆက်ပေးသွားမှာပါ။
စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့ (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁)

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့ (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁) စိန့်အလွိုက်ရှပ်စ်ဂွန်ဇာဂါသည် လူငယ်များ၊ ကျောင်းသူ/သားများနှင့် ရောဂါသည်များကို စောင့်ရှောက်သည့် ရဟန္တာဖြစ်သည်။ သူသည် ၁၅၆၈ခုနှစ်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ငယ်နာမည်မှာ လွီဂျီဖြစ်သည်။ ဖခင်စစ်ဗိုလ်ကြီး၏ အလိုအရ ၅နှစ်အရွယ်ကပင် စစ်ပညာကို စတင်သင်ယူခဲ့ရပြီး စစ်သားများ၏ ကြမ်းတမ်းသည့် စရိုက်ကို အတုယူခဲ့သော်လည်း ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသည့် မိခင်ကြောင့် ဖြူစင်သည့် ဘ၀ကို အလွိုင်ရှပ်စ် ပိုမြတ်နိူးခဲ့သည်။ ထို့ကြောင့် အစာရှောင် ဆုတောင်းခြင်း၊…
ဖာသာရ် ပါစကား သီကိုရှင်း (SDB) သခင်ယေဇူး၏ ရွှေနှလုံးတော် ပွဲနေ့ကြီး ၁၂ ကြိမ်မြောက် သာမာန် ရက်သတ္တပတ် တနင်္ဂနွေနေ့ ဩဝါဒ ဇွန်လ ၂၁၊ ၂၀၂၀

ဇွန်လ (၂၀)#စိန်အာဗန်ပွဲနေ့ (St. Alban)
ဇွန်လ (၂၀)#စိန်အာဗန်ပွဲနေ့ (St. Alban) စိန့်အာဗန်သည် ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံး ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ သူ့ဘဝအစောပိုင်းတွင် ပညာတတ်သော်လည်း ဘုရားသခင်ကို မယုံကြည်သည့် ဒိဋ္ဌိတစ်ယောက်ဖြစ်သည်။ သူ၏ ယုံကြည်ခြင်း သမိုင်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်း၏။ ထို့အပြင် သူ့ကို ဘာသာပြောင်းသူများနှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသူတို့၏ အားကိုးရသော ရဟန္တာတစ်ပါးအဖြစ်လည်း လူသိများသည်။ အာဗန်ငယ်စဥ်က ရောမမြို့သို့ သွားလည်ပတ်ပြီး ရိုမများထံမှ ပညာမျိုးစုံကို သင်ယူခဲ့သည်။ သူသည် အလွန် ဖော်ရွေကာ ဆက်ဆံရေးကောင်းသူဖြစ်သောကြောင့် သူ့ကိုယုံကြည်၊ ချစ်ခင်သူပေါများခဲ့သည်။ သူ၌ရှိသည့်…
” ကြီးထွားမှုကို ထိန်းချုပ်ခြင်း ” အပိုင်း (၂)

ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ် ” ကြီးထွားမှုကို ထိန်းချုပ်ခြင်း ” အပိုင်း (၂) ဒီတစ်ပတ်မှာတော့ အစိမ်းရောင်နိုင်ငံရေးအတွေးအခေါ်များထဲက သဘာဝပတ်ဝန်းကျင် မှာ အဓိကအချက်တစ်ခုဖြစ်တဲ့ ကြီးထွားမှုကို ထိန်းချုပ်ခြင်း ၊ ကန့်သတ်ခြင်းဆိုတဲ့ အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ ဒီအကြောင်းအရာကို စာရေးဆရာ NEIL CARTER ရေးသားထားသော ” The Political of the Environment ” စာအုပ်မှ – Green Political Thought မှ ကိုးကားတင်ဆက်ထားခြင်း…
ယေဇူးရွှေနှလုံးတော်ပွဲ ဇွန် ၂၁၊ ၂၀၂၀ လောကကမ္ဘာမှာ ချစ်ခြင်းမေတ္တာမီးလွှမ်းခြုံပါစေ
PDF: sacred_heart.pdf ယေဇူးရွှေနှလုံးတော်ပွဲ ဇွန် ၂၁၊ ၂၀၂၀ လောကကမ္ဘာမှာ ချစ်ခြင်းမေတ္တာမီးလွှမ်းခြုံပါစေ ကာဒီနယ် ချားလ်စ်မောင်ဘို (SDB) ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် နိဒါန်း ဒီကနေ့ ယေဇူးဘုရားရှင်ဟာ မေတ္တာတော်ရှင်ဖြစ်ကြောင်း ပြသတော်မူခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက ကက်သလစ်သာသနာတော်ကလည်း ခရစ်ယာန်ဘာသာရဲ့ အဓိကသွန်သင် ချက်ဖြစ်တဲ့ “ချစ်ခြင်းမေတ္တာ”ကို ချီးမွမ်းဂုဏ်ပြုကြပါတယ်။ ခရစ်ယာန်တွေဟာ အလွန်သန့် ရှင်းစင်ကြယ်တော်မူသောဦးနှောက်တော်၊ အလွန်သန့်ရှင်းစင်ကြယ်တော်မူသောလက်တော်ဆို ပြီး ချီးမွမ်းဂုဏ်ပြုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာရဲ့ အုတ်မြစ်နဲ့ သင်္ကေတဖြစ်တဲ့ အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူးရွှေနှလုံးတော်ကိုတော့ တညီညွတ်တည်း ချီးမွမ်း ဂုဏ်ပြုကြပါတယ်။…
မယ်တော်ရွေးချယ်ထားသော ချမ်းသာကုန်းရွာ
မယ်တော်ရွေးချယ်ထားသော ချမ်းသာကုန်းရွာ မန္တလေး ရန်ကုန်လမ်းမကြီးပေါ်ရှိ၊ မန္တလေးမြို့နှင့် ၁၆ မိုင်ဝေးသော ချမ်းသာကုန်းရွာ၌ ၁၈ ရာစုတွင် ကာတိုလိပ်ဘုန်းကြီး ပါတီတယ် နေထိုင်လျက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုဘုန်းကြီးသည် မယ်တော်အပေါ် ယုံကြည်ခြင်း ကြီးမားခဲ့သဖြင့် ပြင်သစ်ပြည်မှ လုဒ်မယ်တော် ဆင်းတုတခုကို မှာယူခဲ့သည်။ ဆင်းတုကို သင်္ဘောခရီးဖြင့် တင်ပို့ခဲ့ရာ အိန္ဒိယသမုဒ္ဒရာ၌ လေမုန်တိုင်းမိ၍ သင်္ဘောမြုပ်ခဲ့သည်။ သင်္ဘောပေါ်ရှိ ပစ္စည်းအားလုံးလည်း နစ်မြုပ်ပျက်စီးခဲ့သည်။ အလားတူပင် သံဖြင့် ပြုလုပ်ထားသော ဆင်းတုသည်လည်း နစ်မြုပ်ပျောက်ဆုံး သွားနိုင်သည်။ သို့သော် ထူးဆန်းစွာမျော၍…
ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့ Blessed Thomas Woodhouse, SJ ( 1535- 1573)

ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့Blessed Thomas Woodhouse, SJ ( 1535- 1573) *သူတော်စင် သောမတ်စ်၀ူးဟောက်စ် သည် အင်္ဂလန်ဘုရင်မနှင့် ကက်သလစ်အသင်းတော်အကြား ပဋိပက္ခ ပထမဦးဆုံး အသတ်ခံရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ အင်္ဂလန်တွင် ဘုရင်မ အဲလစ်ဇဘက် မတိုင်မီက ၀ူးဟောက်စ်၏ ဘ၀အကြောင်း အနည်းငယ်သာ သိရ၏။သူသည် အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး ၁၅၅၈ခုနှစ်ခန့်တွင် ကက်သလစ် ရဟန်းသိက္ခကို ခံယူခဲ့သည်။ ထို့အချိန်၌ အင်္ဂလန်နိုင်ငံကို ကက်သလစ်ဘုရင်မ မေရီတူသော် အုပ်ချုပ်ခဲ့သည်။ သို့သော် ပထမကြိမ်မြောက် ဘုရင်မ…
