
မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်းသတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်းသတင်း (5-1-2020) ရက်နေ့ က ရန်ကုန်မြို့ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံး၌ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်း အခမ်းအနားတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတွင်(၈)နှစ်နီးပါးတာဝန်ယူလုပ်ဆောင်ခဲ့သောFr. Bosco Saw Lar Htoo မှ တာဝန်ခံသစ်ဖြစ်သော Fr. George Shwe Htun အားတာဝန်လွှဲအပ်ခြင်းဖြစ်ပါသည်။ အခမ်းအနားသို့ သာသနာအသီးသီးမှ တာဝန်ခံဘုန်းတော်ကြီးများစစ္စသာရ်များ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်းတွင်ဆက်ကပ်လုပ်ဆောင်နေကြသောသာသနာအသီးသီးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာသမ္မာကျမ်းစာတမန်တော်လုပ်ငန်းနာယက ဆရာတော်ကြီး Basilio Athaiဦးဆောင်ပြီး မစ္ဆားတရားပူဇော်ခြင်းဖြင့်အစပြုခဲ့ပါတယ်။ ဂိုဏ်းချုပ်ဆရာတော်ကြီးBasilioAthaiအမှာစကားပြောကြားရာ၌(၈)နှစ်နီးပါးတာဝန်ယူလုပ်ဆောင်ခဲ့သည့်Fr.Bosco အားလုက်ဆောင်ခဲ့သမျှကို မှတ်တမ်းတင်တယ်ကျေးဇူးတင်ကြောင်း ၊ဆရာတော်အနေဖြင့် မယ်မယ်ရ ရကူညီ ပံံ့ပိုးခဲ့ ရခြင်းမရှိတဲ့အတွက်အရမ်းကိုဝမ်းနည်းကြောင်း၊…









