rvamyanmar

rvamyanmar

နောင်တော်ကြီးတို့၏ခြေလှမ်းကိုပထမစလှမ်းလိုက်သောရဟန်းမင်းကြီးလီယို (၁၄)။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏လက်ထက်မှ စ၍ ကက်သလစ်ရဟန်းတော်များ၏လွိင် ပိုင်းဆိုင် ရာကျူးလွန်မှုများကိုစတင်ဖော်ထုတ်အရေးယူခဲ့သည်။ ထိုသို့ဆို၍အမှုအတော်များများသည်သူသာ သနာကိုဦးဆောင်နေစဉ်ကအမှုများမဟုတ်ဘဲ ယခင့်ယခင်ဆယ်စုနှစ်များစွာကအမှုများကိုတောင်းဆို လာကြခြင်းဖြစ်သည်။  ထို့အတူ ရဟန်းမင်းကြီးလေအို (၁၄) သည်များမကြာမီက ‘ဒဏ်’ (scourge) ဟုအ မည်ပေးထားသော အကြောင်းအရာကိုမိန့်ကြားခဲ့သည်။ ထိုအကြောင်းအရာကားကက်သလစ်ရဟန်းတော် များ၏လိင်ပိုင်း ဆိုင်ရာပြစ်မှုကျူးလွန်မှုများကိုဖော်ထုတ်အရေးယူခြင်းဖြစ်သည်။ ဤအကြောင်းအရာနှင့်စပ် လျင်း၍ ရဟန်းမင်းကြီးလေအို (၁၄) သည် အောက်တိုဘာလ (၂၀) ရက်နေ့၊ တနလ်ာနေ့ကသူ၏ရဟန်းမင်း ကြီးရုံးတော်၌အဖွဲ့တစ်ဖွဲ့ကိုလက္ခံတွေ့ဆုံခဲ့သည်။ အဆိုပါအဖွဲ့သည်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပြီးဆက် လက်အသက်ရှင်ကျန်နေသူများနှင့် ထိုအမှုကိုစစ်ဆေးစုံစမ်းဖော်ထုတ်ပေးနေသူများပါ၀င်သည်။ ရဟန်း မင်း ကြီးလေအို (၁၄)…

ပုပ်ရဟန်းမင်းကြီးလီယို (၁၄) မြန်မာ့အရေးကိုတောင်းဆိုလိုက်။

လက်ရှိရဟန်းမင်းကြီး၏ဘွဲ့အမည်မှာ ‘လီယို’ (Leo) ဖြစ်ပါသည်။ အနက်ကား ‘ခြသ်ေ့’ ဟု ဆိုလိုသည်။ ခြင်္သေ့၏ဗီဇကရဲရင့်သည်။ ရဟန်းမင်းကြီးလေအို (၁၄) သည်ဤဘွဲ့နာမကိုအကြောင်းမဲ့ရွေး ချယ်ခဲ့ သည်။ ဤဘွဲ့နာမကိုရွေးချယ်ခဲ့သောရဟန်းမင်းကြီးလက်ရှိတစ်ပါးပါလျှင် (၁၄) ပါးမြောက်ဖြစ်သည်။ လက်ရှိရဟန်းမင်းကြီးမတိုင်မီက ‘လေအို’ ဘွဲ့နာမဖြင့်သာသနာကိုဦးဆောင်ခဲ့ သောရဟန်းမင်းကြီးများ သည် လည်းသာသနာ၏သမိုင်း၌မှတ်တိုင်ကောင်းများစွာစိုက်ထူနိုင်ခဲ့ သည့်မှတ်တမ်းမှတ်ရာ များရှိ သည်။ ဤအမှု တော်ကိုထမ်းဆောင်သည်မှာအမှုတော်တစ်ခုတိုးလာရုံသက်သက်မဟုတ်ပေ။ ဘုရား သခင်၏၀ိညာဉ်တော် ကိုခံယူသည်မှာ ဆင်းရဲသားတို့အား၀မ်းမြောက်စရာသတင်းကို ဟောပြော ရန်ဆီတော်ကိုလူးမှတ်ပေးခြင်း၊ ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်းကိုကြေညာရန်၊ မျက်စိ မမြင်သောသူတို့အားမျက်စိအလင်းကို ပေးရန်၊ ဖိနှိပ်ခံရသောသူတို့အားကယ်တင်စေခြင်းရန်၊ ထာ၀ရ…

အလှူ

လှူတယ်ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ ပထမဆုံးအနေနဲ့ ပိုက်ဆံကို ပြေးမြင်တတ်ကြပါတယ်။ ကိုယ့်မှာ ပိုက်ဆံရှိမှ လှူနိုင်မယ်။ လှူဒါန်းဖို့ ပိုက်ဆံလိုတယ်။ ပိုက်ဆံမရှိရင် မလှူနိုင်တော့ဘူး။ ဒီလိုတွေးတတ်ကြတာပါ။ ဒါပေမယ့် ပိုက်ဆံတစ်ပြားချပ်မှ မကုန်ဘဲ လှူဒါန်းလို့ရတဲ့အရာတွေ အများကြီးရှိတာကို မမေ့စေချင်ပါဘူး။လှူဒါန်းခြင်းရဲ့အဓိပ္ပါယ်ဟာ ပိုက်ဆံဆိုတာထက် ပိုပါတယ်။ ပိုက်ဆံလှူမှရယ်လို့မဟုတ်ပါဘူး။ တခြားသူတွေအပေါ်ကြင်နာတာ၊ မျှဝေတာ၊ အချိန်ပေးတာ.. စသည်ဖြင့် အရာအားလုံး အကျုံးဝင်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ အချိန်တွေက အဖိုးတန်ဆုံးဖြစ်လို့.. ကိုယ်က တခြားလူတွေအပေါ် ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲမှာ အချိန်‌တွေကလည်း တစ်ခုအပါအဝင်ပါပဲ။ဒါကြောင့် ကိုယ့်အချိန်တွေကို မျှဝေလှူဒါန်းနိုင်တယ်။ ဂေဟာတွေမှာ…

ရဟန္တာသူတော်စင်အသစ် များကို အတုယူရန် စိတ်အားထက်သန်ကြပါဟု ပုပ်ရဟန်းမင်း ကြီးတိုက် တွန်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် မကြာသေးမီက သူတော်စင်အသစ်ခုနစ်ပါး ရဟန္တာတင်‌မြောက် ပွဲအတွက် ရောမမြို့သို့ ရောက်ရှိလာကြသော ဘုရားဖူးများကို မိန့်ကြားရာတွင် ၎င်းသူတော်စင်များကို မျှော်လင့်ခြင်း၏ နိမိတ်ပုံများ ယုံကြည်သူအားလုံးအတွက် စံနမူနာများ အဖြစ် ဖော်ပြခဲ့ပါသည်။ တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်တွင် သူတော်စင်အသစ်ခုနစ်ပါးကို ရဟန္တာတင်‌‌မြောက်ပေးပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဤအခမ်းအနားအတွက် ကမ္ဘာအနှံ့မှ လာ‌ရောက်ကြသော ဘုရား ဖူးများကို မိန့်ကြားခဲ့သည်။ ထိုတနင်္ဂနွေနေ့ပွဲတော်သည် “ကာလဒေသမရွေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတိုင်း၌ရှိသော ယုံကြည် သူအားလုံးကို၏ ပေါင်းစည်းမှုသည်…

ရဟန်းမင်းကြီးလေအို (၁၄) သည်အာမေးနီးယားနိုင်ငံသမ္မတအားလက္ခံတွေ့ဆုံ။

ယခုတစ်ပတ်တနင်္လာနေ့ (အောက်တိုဘာ ၂၀) နံနက်၌ ရဟန်းမင်းကြီးသည် အာမေးနီးယား သမ္မတ Mr. Nikol Pashinyan အားဗာတီကန်ရှိရဟန်းမင်းကြီးရုံး‌၌လက္ခံတွေ့ဆုံခဲ့သည်။ ၄င်းနောက်ဗာတီ ကန်၏ အတွင်းရေးမှူးကာဒီနယ် Pietro Parolin၊ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာတာ၀န်ခံဂိုဏ်းချုပ်ဆ ရာတော် Paul Richard Gallagher တို့နှင့်လည်းတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်ဗာတီကန်နှင့်အာမေးနီးယားနှစ်နိုင်ငံကြားကောင်းမွန်သောဆက်ဆံရေးအ တွက်ကျေနပ် ရပါကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အာမေးနီးယားနိုင်ငံသည် ခရစ်ယာန်ယဉ် ကျေးမှုအ မွေအနှစ် များကိုရှေးယခင်ကပင်လက်ဆင့်ကမ်းစောင့်ထိန်းလာခဲ့သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အာမေးနီးယားနိုင်ငံအတွင်းရှိကက်သလစ်သာသနာတော်၏အချို့သောအပိုင်းများကိုလည်း ထုတ်ဖော် ပြော ဆိုသုံးသပ်ခဲ့ကြသည်။ ၄င်းအပြင်နှစ်ဦးနှစ်ဖက်စိတ်၀င်စားပြီး၊ နိုင်ငံအတွက်အကျိုးရှိသောအ ကြောင်းအရာများ၊အထူးသဖြင့်ကော့ကေးဆပ်တောင်ပိုင်း၌အဓွန့်ရှည်သောငြိမ်းချမ်းရေးကိုတည်ဆောက် နိုင်ရေးသည်လည်းအရေးကြီးကြောင်းတို့ကိုဆွေးနွေးပြောဆိုခဲ့ကြောင်း ဗာတီကန်သတင်းဌာန မျထုတ်ပြန်…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၉)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၂၁၊ ၁၀၊ ၂၀၂၅

အောက်တိုဘာလ ၂၁.၂၀၂၅ ဓမ္မမိတ်ဆွေတို့ ဒီကနေ့ရှင်လုကာ ဧဝံဂေလိကျမ်း လေးကကျွန်တော်တို့ကိုအချက်လေး၃ချက်နဲ့သတိပေးနေးတယ်။ပထမတစ်ချက်ကအချိန်၊ သယခိုးလာမည်အချိန်ကအိမ်ရှင်သိပါ‌လျှာင် မိမိအိမ်ကိုဖောက်တွင်းခြင်းမခံရအောင် မအိပ်ဘဲဆောင်နေလိပ်မည်ဆိုသည်ကိုသိမှတ်ကြလော့။ အချိန်နဲ့ကျွန်တော်တို့ကိုသတိပေးနေတယ်။ ဒုတိယတစ်ချက်ကတော့ အစေခံနှစ်ဦးရဲ့ပုံဉပမာသခင်ကြွလာမဲ့အချိန်မှာ သခင်ဘယ်အချိန်ရောက်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ စေားသည်ဖြစ်စေမည်သည်အချိန်ကိုပဲရောက်ရောက်အစဉ်သင့်အလုပ်ပေးအပ်ထားသည်တာဝန်ကိုကျေပွန်စွာလုပ်ဆောင်နေသောအစေခံနဲ့ ငါအရှင်နောက်ကျလိပ်အုံးမည်လာမည်မဟုတ်သေးဆိုပြီးတော်မှ စားသောက်မူးရစ်ပျှော်ပါးတြခာအစေခံတွေကိုညှင်းပန်နှိုတ်ဆက်နေတဲ့အစေခံတစ်ဦးရဲ့ ဒီအစေခံနှစ်ဦးရဲ့ လုပ်ရပ် ပေးအပ်ထားတဲ့အလုပ်တာဝန်ကိုဘယ်လောက်ကြေပွန်သလဲဆိုတဲ့အချက်ကိုသတိပေးနေတယ်။ အလုပ်တာဝန်အနေနဲ့ သတိပေးခြင်ဖြစ်တယ်။ တတိယတစ်ချက်နောက်ဆုံအချက်ကတော့ ကျေးဇူးများစွာခံရသောသူတိုင်သည်များစွာပေးဆပ်ရလိပ်မယ်။ ထိုအတူများစွာအပ်နံထားသောသူတို့ထံမှများစွာတောင်းခံလိပ်မည်။ ဒီအချက်ကတော့ပေးထားခံရတဲ့ကျေးဇူးတော်တွေကိုကျွန်တော်တို့ဘယ်လိုအသုံးချသလည်းဆိုပြီးတတိယအချက်အနေနဲ့ကျွန်တော်တို့ကိုသတိပေးနေခြင်းဖြစ်တယ်။ ကျွန်တော်တိုတတွေဘယ်အချိန် ဘယ်နေရာမှာ မလာသေးတဲ့အရာတစ်ခုကိုဘယ်သူမှအတိအကျပေးလို့မရဘူး။ ဒါကြောင့်မလို့ဘယ်ချိန်ဘာဖြစ်မယ်၊ ဒီချိန်ဒီလိုဖြစ်မယ်၊ ဒီအချိန်ဒီလိုလုပ်မယ်။ ကျွိန်တော်တတွေဘယ်လောင်ပဲကြိုတင်စီစဉ်အတီအကျဖြစ်လာဖို့ဆိုတာဘူသူမှမပြေားနိုင်ဘူး။ ဒါကြောင့်မလိုအချိန်တိုအစဉ်သင့်ရှိနေဖို့ဘယ်အချိန်ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေအစဉ်သင့်ရှိနေဖို့လိုတယ်။ ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တိုတစ်တွေဟာဘုရားသခင်ရဲ့အစေခံကျွန်တွေသာဖြစ်တယ်။ ကျွန်တော်တို့လုပ်ရမဲ့အလုပ်ကဘုရားပေးထားတဲ့တာဝန်တွေဒီအလုပ်တွေကိုအမြဲ့တမ်းလုပ်ဆောင်နေရမယ်။ ဘုရားသခင်ဘယ်အချိန်ပဲလာလာကျွန်တော်သည်ကိုယ်တော်ခိုင်းထားသည့်အလုပ်ကို‌လုပ်ဆောင်နေသောသူတစ်ယောက်ဖြစ်သည်ဆိုတာကိုပုံစံမျိုးဖြစ်နေရမယ်။ တတိယအချက်ကိုအကြယ်တဝင့်ပြေားခြင်တာကတော့ပေးထားခြင်းခံရသောကျေးဇူးတော်တွေ ကျွန်တော်တိာအရောက်တိုင်စီမှာဘုရားသခင်ကကျေး‌ဇူးတော်တွေပေးထားတယ်။…

ငွေတိုးချေး အတိုးကြီး စားခြင်းသည်လူ၏နှလုံးသားကိုဖျက်ဆီးပြီး ဆင်းရဲသာများကို ကျွန်ဖြစ်စေသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အတိုးကြီးစားလုပ်ငန်းကို ဆင်းရဲသာများအာ’ကျွန်ပြုသောလုပ်ရပ် လူ၏နှလုံးသားကို ဖျက်ဆီးသော ဆိုးရွားသည့် အပြစ်ကြီးတစ်ခုအဖြစ် ရှုတ်ချပြစ်တင်လိုက်ပြီး၊ တရား မျှတမှုနှင့် ကရုဏာစိတ်ကို အသစ်တဖန် ကတိပြုကြရန် တောင်းဆိုလိုက်ပါသည်။ ထို့ပြင် ဘုရားသခင်၏ နှစ်မြတ်ပွဲတော် (Jubilee Year) တွင် မျှော်လင့်ခြင်း လက္ခဏာအဖြစ် အသင်းတော်၏ အတိုးကြီးစား တိုက် ဖျက်ရေးကြိုးပမ်းမှုများကို ချီးမွမ်းလိုက်ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အတိုးကြီးစားလုပ်ငန်းကို လူ့အသက်၊ မိသားစုနှင့် လူ့အဖွဲ့ အစည်း များကို…