rvamyanmar

rvamyanmar

“ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း”

“ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း” “Catholic Church” ဟုစတင်ခေါ်သည့်ရှေးဦးခရစ်ယာန်ခေါင်းဆောင်များ (ကက်သလစ်အသင်းတော်ကို ခရစ်ယာန်ဘာသာဟုခေါ်) “ အေဒီ(၃၃) မှစပြီးခရစ်တော်တည်ထောင်သော ကက်သလစ်အသင်းတော်သမိုင်း( History of Catholic Church)”             ရှေးဦးခရစ်ယာန်တွော ကက်သလစ်အသင်းတော်ဘာသာဝင်များသာဖြစ်ကြောင်းလေ့လာကြမည်။ လူတိုင်းသိသင့်တာကတော့ အေဒီ(၃၀-၁၀၇) အထိ ခရစ်တော်ကိုယုံကြည်ပြီး တမန်တော်များတရားဟောချက်ကို လိုက်နာသောမြို့အသီးသီးကခရစ်ယာန်အားလုံးကို စုပေါင်းပြီး “Catholic Church)ကက်သလစ်အသင်းတော်ဟုျခါ်သည်။ ထိုမြို့များတွင် “ဂျလုစလင်မြို့ကခရစ်ယာန်များ၊ ရောမမြို့ကခရစ်ယာန်များ၊ ကောလောသဲမြို့ကခရစ်ယာန်များ၊ ကောရိန်ဒူးမြို့ကခရစ်ယာန်များ၊ သက်ဆာလောနိတ်မြို့ကခရစ်ယာန်များ၊ အန်တီအုပ်မြို့က ခရစ်ယာန်များ၊ ဧဖက်မြို့ကခရစ်ယာန်များ၊ ဂလာတိမြို့က ခရစ်ယာန်များ နှင့်ဖိလိပ္ပိမြို  ့ခရစ်ယာန်များ ပါဝင်ကြသည်။…

ငရဲငယ်အကြောင်း

အ မေး(အဖြေ) အပိုင်း (၄)(၅)(၆) ငရဲငယ်အကြောင်း အင်္ဂလိပ်စကားလုံးPurgatory သည်LatinစကားလုံးPurgatorium မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။Purgatory ၏ အဓိပ်ပါယ် မှာဝိညာဉ်များတို့ သည် ကောင်းကင်သုခချမ်းသာထဲသို့ဝင်နိုင်ရန် မိမိ၏ ကောင်းမှု အကုသိုလ်များနှင့် အပြစ်အတွက် ဒဏ်ဆပ်ဖြေသောနေရာ ( သို့မဟုတ်) သန့်ရှင်းစင်ကြယ်အောင်ပြု လုပ်ရသည့်နေရာဖြစ်သည်။ တနည်းအားဖြင့် ငရဲငယ် ဟုခေါ်ဆိုပါသည်။Purgatory ရှိကြောင်း Coucil of Trent(1545-1563 AD)မှာကက်သလစ် အသင်းတော်က အတည်ပြုခဲ့ပါသည်။ ငရဲငယ် ရှိကြောင်း ရှေးဦးဖခင်ကြီးများဖြစ်ကြသော St.Tertulian (145-220) St.Ephrem…

သိကြား(ကောင်းကင်)တမန်ဆိုတာ

သိကြား(ကောင်းကင်)တမန်ဆိုတာ Angel (သိကြားတမန်) ဆိုတဲ့ အဓိပ္ပါယ်က သိကြားတမန်ဆိုတာ ဘုရားသခင်အထံတော်မှ သတင်းစကားတော် (message) ကို သယ်ဆောင်တဲ့အချိန်မှ သာလျှင် သူတို့ကို (Angels) သိကြားတမန်လို့ ခေါ်ဆိုနိုင်ပါတယ်။ သိကြားတမန်တော် ဂါဗြီအဲလ်က ပရောဖက်ဒါနီ အဲလ်ထံသို့ ဘုရားသခင်၏ သတင်းတော်ကို ပို့ဆောင်တယ်။ မာရီယားထံသို့ သားတော်ဘုရား လူ့အဖြစ်ယူမည့်အကြောင်းကို ပို့ ဆောင်တယ်။ သိကြားတမန် ရာဖာအဲလ် ကဘုရားသခင််ရဲ့ ကုသခြင်းကို ဆောင်ကြဉ်းပေးသူ (God’s Healer) ဖြစ်ပြီး ခံစားနေရတဲ့ ရောဂါဝေဒ နာ၊ နာမကျန်းမှုတွေကြောင့်…

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၂၃ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၂၃ ၊ ၂၀၂၁  July 23: 2021 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ကြားနာရတဲ့ ရှင်မာတေဦးဧဝံဂေလိကျမ်းက မျိုးစေ့ကြဲသော ပုံဥပမာ ဒုတိယအပိုင်း၊ ဥပမာ ရဲ့ အဓိပ္ပါယ် ကို သခင်ခရစ်တော် ရှင်လင်းဖေါ်ပြပေးတဲ့အပိုင်း ဖြစ်တယ် ။ ကျွန်တော်နဲ့ အတူ ဒီကျမ်းပိုဒ်လေးကို ထောက်ရှုကြည့်ပ့ါစို့ ကျွန်တော်တို့ အသိုင်းအဝန်းမှာ မကြာခဏကြားရတဲ့ စကားပုံလေးတခု မျိုးစေ့ မှန်မှ အပင်သန်မယ်…

Mary Magdalene (John 20: 1-2, 11-18)

သူလိုလူ – ၄ {Mary Magdalene (John 20: 1-2, 11-18)} တကယ်တော့ The Apostle to the Apostlesရယ်လို့ ကက်သလစ်သာသနာတော်ကြီးမှ တင်စားဂုဏ်ပြုချီးမြောက်ခြင်းခံရတဲ့ St.Mary Magdaleneရဲ့ ပွဲနေ့က 22’Julyက ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့ပွဲနေ့ဖြစ်စေ၊ပွဲနေ့မဟုတ်သည်ဖြစ်စေ၊ St.Mary Magdaleneဟာ ကိုယ့်ရဲ့အာရုံထဲမှာ မကြာခဏဆိုသလို လွှမ်းမိုးထားနိုင်ပြီး၊ သူမရဲ့အကြောင်းကိုလည်း ခဏခဏ စဥ်းစားထောက်ရှုမိပါတယ်။ အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့ ပြန်ရှင်ထမြောက်တော်မူခြင်း သတင်းကောင်းကို ပထမဆုံး ဦးဦးဖျားဖျား မြင်တွေ့သိရှိခွင့်ရတဲ့သူဟာ St.Mary…

ဆရာတော်ရဲ့သင်္ကန်း

ဆရာတော်ရဲ့သင်္ကန်း ကက်သလစ် ဘာသာတူ အပေါင်းတို့ ဗဟုသုတတိုးပွားလာစေဖို့ “သင်သိပြီးပြီလား” ခေါင်းစဉ်နဲ့ ဆရာတော်ကြီးတွေရဲ့ ဝတ်ရုံ/ သင်္ကန်းအကြောင်း ဝေမျှပေးလိုက်ပါတယ်။ ကက်သလစ် အသင်းတော်ရဲ့ ဝတ်ပြု အခမ်းအနားတွေမှာ အသုံးပြုတဲ့ အရာဝတ္ထုတွေ (သန့်ရှင်းတဲ့ ဝတ်ရုံတော်တွေ)ဟာ အများအားဖြင့် အဓိပ္ပာယ် ကိုယ်စီ ရှိတတ်ကြ ပါတယ်။ အဲဒီအရာ ဝတ္ထုတွေရဲ့ အဓိပ္ပာယ်လေးတွေကို ဗဟုသုတအဖြစ် သိထား၊ လေ့လာထားမှသာလျှင် ဘယ်လို လေးစား တန်ဖိုးထားရမလဲ ဆိုတာကို သိလာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့သဘာဝအရ ‘အဓိပ္ပာယ်…

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ ကြာသာပတေးနေ့ ဩဝါဒ ဇူလိုင်လ ၂၂ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ á€€á€źá€Źá€žá€Źá€•တ္းန္အ ဩဝါဒ ဇူလိုင်လ ၂၂ ၊ ၂၀၂၁  July 22: 2021 ဓမမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်က မာရီယာ မာဒလေနားရဲ့ ပွဲးနေ့ကို ကျင်းပတယ် ဒီကနေ့ ကြားနာကတဲ့ ဧဝံဂေလိကျမ်းမှာ သူမ အရမ်းချစ်တဲ့သူမရဲ့ အရှင်သခင် ခရစ်တော်ကို မြုပ်နှံ သင်ဂြိုလ်ထားရာ ကျောက်ဂူမှာ လာရောက်ငိုကြွေးနေခဲ့တယ်၊ သင်ချိုင်းဂူ ပွင့်နေပြီး အလောင်း‌ တော်ကို မတွေတော့တဲ့ အချိန်မှာ ငိုကြွေးပြီး ရှာဖွေနေခဲ့တယ်။…

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁  July 21. 2021 ဓမ္မမိတ်ဆွေ တို့ ဒီကနေ့ ကြားနာခဲ့ရတဲ့ ကြမ်းချက်တွေ ကို ထောက်ရှု့ကြည့်ကြရအောင်၊ ပထမကျမ်းမှာ အီဇရာအဲလ်တွေ အီဂျစ်ပြီက ထွက်ပြေးလွတ်မြောက်လာကြတယ်၊ ဒါပေမဲ့ အစားအစာ မရှိတော့လို့ စားစရာအတွက် မိုးဇယ် နဲ့ ဘုရားသခင်ကို ပြစ်တင်ဝေဖန်ကြတဲ့အကြောင်းကြားနာခဲ့ရတယ်၊ ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာတော့ မျိုးစေ့ကြဲးသောသူ ပုံဥပမာ ပထမပိုင်းကို ကြားနာခဲ့ရတယ်၊ အီ‌ဇရာအဲ လူမျိုးတွေ အငတ်ဘေးကြုံရချိန်…

မိဘမေတ္တာတရား

အားလုံပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်ပေးနေကြအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။အမိကက်သလစ်သာသနာကနေဇူလိုင်လကိုမိဘများပွဲနေအဖြစ်ကျင်းပကြပါတယ်။ဒါကြောင့်ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “မိဘမေတ္တာတရား” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေများရှင် ကျွန်မတို့တတွေလူရယ်လို့ဖြစ်လာပြီကြီးပြင်လာကြတာဆိုရင်ဖြင့် မိဘနှစ်ပါးရဲ့ရင်ခွင်တွေဆီကနေတဖြေးဖြေးနဲ့စတင်ဖြစ်ပေါ်ရလာတာဖြစ်ပါတယ်။ပထမဦးစွာ ကိုးလလွယ်ဆယ်လဖွားပြီးနောက်မိခင်နို့ချိုသောက်သုံးပြီးတော့ဖခင်ရဲ့ ကြင်နာယုယမှုနဲ့ဖခုံးထက်မှာမှီတွယ်ရင်နဲ့ကြီးပြင်လာခဲ့ကြရတာဖြစ်ပါတယ်။ကျွန်မတို့လူသားတွေဟာလောကကြီးမှာမိမိတို့လိုချင်တဲ့အရာ၀တ္တုမှန်သမျှကိုမိမိစိတ်တိုင်းကျ၀ယ်ယူလိုရတယ်။လဲလှယ်လိုလဲရတယ်။ဒါအပြင်သူတပါးတို့ကိုလဲပေးကမ်းလိုရတယ်။လှုဒါန်းလိုလဲရတယ်။မိမိရဲ့သဘောအတိုင်းချဲလှလိုရကြတယ်။အစားထိုးလိုရတယ်။အဲဒါတော့အရာ၀တ္တုတွေဖြစ်လိုပေါ။ဒါပေမဲ့မိဘတွေရဲ့ ဖြစ်တည်မှုနှင့်မေတ္တာတရားဟာပြောင်းရွှေ့၊ရွှေ့ချယ်လိုမရနိုင်ပါဘူး။မိဘဟာဆိုရင် ကျွန်မတို့ကိုယ်စီနှလုံးသားထဲမှာ၊အစားထိုးလိုမရ၊မေ့လိုမရနိုင်တဲ့အရာ၊လဲလှယ်လိုမရနိုင်တဲ့အရာတစ်ခုပါ။ဒါအပြင်တန်ဖိုးအကြီးဆုံးနဲ့ မခမဲ့ရတာကတော့မိဘရဲ့ မေတ္တာနှင့် စေတနာတွေပါပဲ။၊သော်တရှင်များရှင် မိဘဆိုတာ ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ဘယ်လိုအခြေနေမျိုးပဲရောက်နေပါစေ၊ရုပ်ကြီးပဲဆိုးဆိုး၊ပညာမဲ့၊ဂုဏ်ရည်နိမ့်အဆုံးစွန်ဆုံးပြောရမယ်ဆိုရင်အကျင့်ဆိုး၊အကျင့်မကောင်း၊ကျန်းမာရေးချုးချာနေပါစေ၊ဘာကြီးပဲဖြစ်နေပါစေမိဘဟာမိဘပါပဲ။မိဘနေရာမှာဘာနဲ့မှအစားထိုးလိုမရပါဘူး။အစားထိုးမခံပါဘူး။ဘာကြောင့်လဲဆိုရင်သားသမီးတွေအပေါ်မှာကြီးမားတဲ့မေတ္တာနဲ့ကျေးဇူးတရားတွေကြောင့်ပေါ့။မိဘနှစ်ပါးရဲ့ ပြုစု၊ပျိုးထောင်သွန်သင်လမ်းပြပေးလို့ကျွန်မတို့တတွေဟာလူလားမြောက်လာခဲ့ကြတာဖြစ်ပါတယ်။ကျွန်မတို့တတွေလူတော်၊လူကောင်း၊လူရည်ချွန်၊ပညာတက်၊ပညာရှိ၊ရာထူးတွေရရှိလာရခြင်း၊ဒါအပြင်အကောင်း၊အဆိုး၊အမှား၊အမှန်ခွဲခြားတက်အောင်၊အရာရာတိုင်း၊အဖြစ်ဖြစ်တိုင်းမှာအသိတရား၊သတိတရားရှိဖို့ရန်စသဖြင့်သင်ကြားပေးခဲ့တာဆုံးမပေးခဲ့တာတွေမိဘတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိဘနှစ်ပါးစလုံးဟာသားသမီးတို့ရဲ့လက်ဦးဆရာဖြစ်ပါတယ်။မိဘဆိုတာသူတို့အငတ်ခံပြီးမစားရရင်နေပါစေသားသမီးတွေစားရရင်ကျေနပ်နေသူတွေပေါ့။မိဘဆိုတာသူတို့ကိုယ်တိုင်မပြည့်စုံရင်နေမယ်သားသမီးတွေအတွက်ဆိုလိုလေသေးမရှိအောင်ပြည့်ပြည့်စုံစုံလေးဖြစ်အောင်လုပ်ပေးသူတွေပေါ့။သားသမီးတွေစိတ်ချမ်းသာ၊ပျော်ရွှင်နေရင်မိဘတွေကလည်းပျော်ရွှင်နေကြတယ်။သားသမီးတွေရဲဒုက္ခကိုသူတို့ဒုက္ခအဖြစ်လွှဲပြောင်းယူတက်တာလဲမိဘတွေပါပဲ။စောစောကကျွန်မပြောခဲ့တဲ့လူဘ၀စတင်လာရတာလူတစ်လုံး၊သူတလုံးဖြစ်အောင်အသက်၊သွေး၊ချွေး၊တွေနဲ့ရင်ပြီးတော့သားသမီးတွေမရွယ်ရောက်လာအောင်ပြုစုကျွေးမွေးစောင့်ရှောက်ပေးခဲ့ကြတာ ဟာမိဘနှစ်ပါးပါပဲ။သော်တရှင်မိတ်ဆွေများရှင် -ဒါတွေမကားသေးပါဘူး။သားသမီးတို့ကျန်းကျန်းမာမာနဲ့မွေးဖွားကြီးပြင်လာဖို့ရန်အတွက်ဆောင်ရန်၊ရှောင်ရန်တွေကိုသတိထားရှောင်ကြဥ်ရရှာတဲ့မေမေ။ဒါအပြင်မိခင်ရဲ့နို့ရည်ချိုချိုသောက်သုံးပြီးနွဲ့ဆိုးဆိုးတဲ့သားသမီးတို့ကိုစိတ်ရှည်ရှည်နဲ့ထမင်းခွံကျွေးတာမေမေရဲ့မေတ္တာပါ။ဖေဖေကတော့သားသမီးတွေရဲ့နောင်ရေးအတွက်ရုန်းကန်စီးပွားရှာနေရပါတယ်။သားသမီးတွေအတွက်ကျန်းမာရေး၊ပညာရေး၊လုံခြုံအေးချမ်းစွာနေထိုင်နိုင်ဖို့ရန်အတွက်နှာဖူးကနေခြေမထိချွေးထွက်အောင်နေပူမရှောင်၊မိုးရွာမရှောင်၊ရာသီသုံးခုစလုံးမှာပင်ပင်ပန်းပန်းနဲ့အလုပ်ကိုကြိုစားလုပ်ပေးနေရတာဖေဖေပဲဖြစ်ပါတယ်။ဖေဖေဟာဆိုရင်မိသားစုအတွက်သားသမီးတွေအတွက်ခြံ၀န်းကြီးပမာ၊မဟာတံတိုင်းပမာခိုင်မာစွာရပ်တည်လျက်ရှိနေပါတယ်။ဒါအပြင်မိဘနှစ်ပါးရဲ့ဆုံးမစကားဟာသားသမီးတွေအတွက်အားဆေးသွယ်ဖြစ်သလို၊သားသမီးတို့ရဲ့အပြုံမျက်နှာတစ်ချက်မြင်လိုက်ရတဲ့မိဘနှစ်ပါးရဲ့ပင်ပန်းမှုတွေပျောက်ပျက်သွားပါတယ်။ကျွန်မတို့ကြားဖူးကြတဲ့စကားလုံးကတော့တောင်စုတ်ပလုပ်စုတ်ဆိုရင်စွန့်ပစ်ကြတယ်၊သားသမီးဆိုးတွေကိုဘယ်မိဘကမှာစွန်ပစ်သွားလေ့မရှိပါဘူး။ဆိုးပေမိုက်မဲ့တဲ့သားသမီးတွေဆိုရင်သမိဘတွေကပိုချစ်တယ်၊ဂရုစိုက်ကြတယ်၊စိတ်ပူစိုးရိမ်းတက်ကြတယ်။တစ်လောကလုံးကလူတွေမိမိကိုမုန်းနေရင်တောင်မိဘတွေကတော့မမုန်းပါဘူး။ကျွန်မတို့ဘ၀တွေမှာခက်ခဲတဲ့အရာတွေဆိုရင်ဘယ်တော့မှာလွယ်လွယ်နဲ့မရခဲ့ဘူးသလို အလကားလဲမရခဲ့ပါဘူး။ဒါပင့်မဲ့တစ်ခုတော့ရှိတယ်အလွယ်တကူရခဲ့တာဆိုလို့ မိဘနှစ်ပါးရဲ့မေတ္တာပဲရှိတာပါ၊အချိန်မရွေးရတဲ့မိဘရဲ့မေတ္တာတွေပေါ့။နောက်ဆုံးပြောရမယ်ဆိုရင်မိဘတွေကအသက်ကြီးလာတာနဲ့အအမျှသားသမီးတွေဆီကနေမျှော်လင့်တဲ့အရာတွေကတော့ (၁)သိတက်မှု(၂)ဂရုစိုက်မှု(၃)မေတ္တာတရားရယ်ဆိုတာကိုတော့မမေ့ကြပါနဲ့လိုအသိပေးတိုက်တွန်းလိုက်ပါတယ်။မိတ်ဆွေလူငယ်မောင်မယ်တို့ရှင် မိဘနှစ်ပါးကိုရိုသေပါ၊လေးစားပါ၊သိတက်ပါ၊ပြုစုပါ၊သတိရပါ၊အမြဲရှိခိုးပါလို့အသိပေးပါရစေ။မိဘတွေအတွက်အားကိုးရတဲ့သားသမီးများဖြစ်ကြပါစေ။မိဘတွေအတွက်ထီးလိုအရိပ်မိုးတဲ့သမီးများဖြစ်ကြပါစေ၊မီးပမာအပူပေးတဲ့သမီးမျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။ မိဘများအားလုံး၊အကြီးအကဲများအားလုံး၊ကျေးဇူးရှင်များအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။လိုအင်ဆန္ဒအကြံအစည်များအောင်မြင်ပါစေ။ကျန်းမာြခင်းများလည်းရရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

ဖာသာရ် ဩဂုတ်စတင်း တင်မောင်ထွန်း (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌အဂ်ါနေ့ ဩဝါဒ ဇူလိုင်လ ၂၀၊၂၀၂၁