rvamyanmar

rvamyanmar

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၈ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၈ ၊ ၂၀၂၁ July 28.2021 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကျမ်းစာ မှာ ကောင်းကင်နိုင်ငံတော် တန်းဖိုးကြီးတဲလယ်ကွင်းထဲးမှာ နစ်မြုပ်နေတဲ့ရတနာ နဲ့နိုင်းယှဉ် ထားတယ် အဲ့တာကို တွေတဲ့သူက ရှိတာရောင်းပြီး လယ်ကိုဝယ် တယ်၊ နောက် ဥပမာ တခုက တန်ဖိုးကြီးတဲ့ပုလဲကိုတွေသူဟာ သူမှာရှိတာကို ရောင်းပြီး အဲ့ပုလဲ ကိုဝယ် တယ် ဆိုတဲ့အကြောင်း၊ ဥပမာ နှစ်ခုလုံးက အဓိပ္ပါတခုထဲး ကိုဖေါ်ဆောင်ပေးနေတယ်။…

ကယ်တင်ခြင်းနှင့်ကိုယ်ကျင့်တရား

ကယ်တင်ခြင်းနှင့်ကိုယ်ကျင့်တရား ကယ်တင်ခြင်းဆိုသည်မှာ နောင်တမလွန်ဘ၀၌သာ မျက်မှောက်ပြုနိုင်သော အမှန်တရားမဟုတ်။ ကယ်တင်ခြင်းကို လူသားတိုင်း ဤလောကဘ၀တွင် မျက်မှောက်ပြုနိုင်ကြသည်။ လူသားတို့သည် ဤလောက၌ပင် ကယ်တင်ခြင်းကို မျက်မှောက်ပြုနိုင်ကြောင်း ယေဇူးကိုယ်တော်တိုင် မိမိနှုတ်ဖြင့် မြွတ်ဆို ခဲ့လေသည်။ သင်တို့မြင်တွေ့ရသောအရာများကိုမြင်ရ သောမျက်စိတို့သည် မင်္ဂလာရှိကြ၏။- အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသောပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသောအရာ များကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့ အား သီးခြားမိန့်တော်မူ၏။ (လု ၁၀း ၂၃-၂၄) ဘုရားသခင်၏နိုင်ငံတော်သည်…

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ ဇူလိုင်လ ၂၇ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့  ဩဝါဒ ဇူလိုင်လ ၂၇ ၊ ၂၀၂၁ July 27 .2021 ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ ရှင်မာတေဦး ဧဝံဂေလိကျမ်းက ၂၄ ရက်နေကကြားနာခဲ့ရတဲ့ ဂျုံစပါး ခင်းထဲးကို ရန်သူသည်လာ၍ ပေါင်းပင်တို့ကို ကျဲးခဲ့တဲ့အကြောင်း၊ ပေါင်းပင်တွေကို ဂျုံစပါးတွေနဲ့အတူ ရိပ်သိမ်းချိန်အထိ ရှင်သန်စေခဲ့တဲ့အကြောင်း၊ ဂျုံစပါးကို ကြည်ထဲးမှာ စုသိမ်းပြီး ပေါင်းပင်တို့ကို ထာဝရ မီးထဲး ပြစ်ချမည့်အကြောင်း ပုံဥပမာရဲ့ အဓိပ္ပါယ်ကို တပည့်တော်ကြီးတွေက နားမလည်ကြလို့…

ယုံကြည်စွမ်းအားတံဆိပ်ရထား

ယုံကြည်စွမ်းအားတံဆိပ်ရထား “ဒီရွှေတံဆိပ်ဆုက သခင်ယေဇူးနဲ့ အမိမယ်တော်ကို ယုံခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ ” လို့ ဒီနှစ် (၂၀၂၁) ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ဆွတ်ခူးတဲ့ ဖိလိပိုင်နိုင်ငံက အားကစားမယ် Hidilyn Diaz က ဂုဏ်ယူ ပြောဆိုရင်း ကက်သလစ် ယုံကြည်ခြင်းကို သက်သေပြ ခဲ့ပါတယ်။ “Faith is not just believe, but play (work)!” ယုံကြည်ခြင်းက ယုံနေရုံနဲ့ ဘာမှ…

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ မိဘများပွဲနေ့ ဩဝါဒ ဇူလိုင်လ ၂၆ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ မိဘများပွဲနေ့ ဩဝါဒ ဇူလိုင်လ ၂၆ ၊ ၂၀၂၁ July 26.2021 ဓမ္မမိတ်ဆွေတို့ သာသနာတော်ကြီးက ဒီကနေ့မှာ အမိမယ်တော်မာရီယား၏ မိဘ များ ဖြစ်ကြသည့် စိန့် ဂျော်ကင်း နဲ့ စိန့် အာနား တိုရဲ့ပွဲ ကိုကျင်းပတယ် ဒီပွဲ နေ့ကိုအကြောင်းပြုပြီး ကျွန်တော်အားလုံးရဲ့ မိဘတွေကို ဂုဏ်ပြုသော နေ့ မိဘများပွဲနေကို အမှတ်တရ ကျင်းပစေတာဖြစ်တယ်။ မိဘတို့အား ရိုသေခြင်းကိုပြုလော၊ ဘုရားစကားကို နား…

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာစ်းလ်ဘို၏ဩဝါဒ၊  July 25. 2021 ((၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့)

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာစ်းလ်ဘို၏ဩဝါဒ၊  (July 25. 2021) (၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့) “ကျွန်ုပ်တို့ ၏ အာရုံငါးပါးကို သနာကြင်နာတက်သော ပေါင်မုန့်ငါးလုံးဖြစ်စေကြပါစို့-ကျွန်ုပ်တို့၏လူတွေကို ငြိမ်းချမ်းခြင်းပေါင်မုန့်၊ ကုသခြင်းပေါင်မုန့်တွေ ကျွေးကြပါစို့” [ပထမကျမ်း။ ။ စမ္မရာဇဝင်စတုတ္ထစာစောင် ၄း ၄၂ – ၄၄- ဖရောဖက် ဧလိရှဲသည် ဆာငတ်နေသောသူများကို ကျွေးမွေးတော်မူ၏။ ဆာလံ။ ။ ၁၄၅း ၁၀-၁၁၊ ၁၅-၁၆၊ ၁၇-၁၈၊ ဒုတိယကျမ်း။ ။ ဧဖက် ၄း၁-၆ – သံပေါလူးက စည်းလုံးနေသောလူများကို…

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ဩဝါဒ ဇူလိုင်လ ၂၅ ၊၂၀၂၁ 

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ဩဝါဒ ဇူလိုင်လ ၂၅ ၊၂၀၂၁  July 25.2021 ဓမ္မမိတ်‌ ဆွေတို့ ဇူလိုင်လ ၂၅ ရက် ၁၇ ကြိမ်မြောက် သာမာန် တနဂ်နွေနေ့မှာ ကြားနာခဲ့ရတဲ့ ကျမ်းစာတွေ က ကျွန်တော်တို့ရရိုထားတဲ့ကျေးဇူးတော်တွေကို ပတ်ဝန်းကျင်မှာလိုအပ်နေတဲ့ ညီကို မောင်နှမတွေကို ကူညီဖို့ နဲ့ ဘုရားရှင် အသုံးပြုလိုသော ဘုရားရှင် ၏ နှိမ်ချသော အစေခံဖြစ်ဖို့ သတိပေးနေတာ ကို ကြားနာခဲ့ရတယ်။ ပထမကျမ်းစာမှာ ပရောဖက် ဧလီရှ…

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၂၄ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၂၄ ၊ ၂၀၂၁ July 24: 2021 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာ ဂျုံစပါး ခင်းထဲးကို ရန်သူသည်လာ၍ ပေါင်းပင်တို့ကို ကျဲးခဲ့တဲ့အကြောင်း၊ ပေါင်းပင်တွေကို ဂျုံစပါးတွေနဲ့အတူ ရိပ်သိမ်းချိန်အထိ ရှင်သန်စေခဲ့တဲ့အကြောင်း၊ ဂျုံစပါးကို ကြည်ထဲးမှာ စုသိမ်းပြီး ပေါင်းပင်တို့ကို ထာဝရ မီးထဲး ပြစ်ချမည့်အကြောင်း ကြးနားခဲ့ရတယ်။ လောကမှာ အကောင်းနဲ့အစိုးဟာ အမြဲဒွန်တွဲးနေတပ်တယ်၊ လောကလူတွေရဲ့ အတွေအမြင် သည်းခံနိုင်မူ့က၊…

မိဘများပွဲနေ့

မိဘများပွဲနေ့ဂျုလိုင်လ (၂၆)ရက်နေ့ဟာမာရီယားရဲ့မိဘတွေဖြစ်တဲ့သံဂျော့ကင်းနဲ့သံတာအာနားတို့ရဲ့ပွဲနေ့ဖြစ်သလို မိဘများပွဲနေ့လဲဖြစ်တာကြောင့်ဒီကနေ့အစီအစဉ်တွက်သံဂျော့ကင်းနဲ့သံတာအာနားတို့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ပထမဉီးစွာကျမတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တဲ့မာတာပိတု မိဘနှစ်ဖြာရဲ့ကျေးဇူးကကြီးမားလှတာကြောင့်ဂါရဝေါဆ ရိုသေထိုက်သူကိုရိုသေခြင်းကမင်္ဂလာတစ်ပါးလည်းဖြစ်တာကြောင့်မိခင်ဖခင်တို့ရဲ့မေတ္တာကျေးဇူးကရုဏာကျေးဇူးကျွေးမွေးစောင့်ရှောက်တဲ့ကျေးဇူး သွန်သင်ဆုံးမတဲ့ကျေးဇူးတွေကိုစတဲ့ကျေးဇူးအထွေထွေအတွက်ကျမတတို့ရဲ့မိဘတွေကိုပထမဉီးစွာကျေးဇူးတင်ဂုဏ်ပြုပါရစေ။

အချစ်ဆိုသည်မှာ

အားလုံးပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေထပ်မံကြိုဆိုပါတယ်ရှင်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့အစီအစဥ်ကလေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “ အချစ်ဆိုသည်မှာ “ ခေါင်းစဥ်လေးတဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေများရှင်လူတစ်ယောက်ရှင်သန့်ဖို့အတွက်လေတွေ၊ရေတွေ၊အစားအစာတွေ၊အဟာရတွေစသည့်မျိုးစုံလိုအပ်သလို ကျွန်မတို့တတွေရဲ့၀ိညာဥ်ရှင်သန်ဖို့ရန်အတွက်လည်းအချစ်တွေလိုအပ်လှပါတယ်။အလားတူပါပဲကျွန်မတို့တတွေမှာလည်းအချစ်တွေရှိကြမှာပါ။တချို့ကအချစ်ဆိုတာဘာလဲဆိုပြီးတော့မေးခွန်းတွေမေးတက်ကြပါတယ်။သော်တရှင်မိတ်ဆွေများရှင် ခေတ်အဆက်ဆက်မှာအချစ်ကိုအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။တချို့ကလဲအဓိပ္ပါယ်ဖွင့်ဆိုဖို့ခက်ခဲ့တယ်ဖွင့်ဟပြောဆိုလိုမရနိုင်ဘူးလိုယူဆကြပါတယ်။ဒါဟာလဲအချစ်ကိုတွေ့ကြုံရတဲ့ပုံစံတွေအမျိုးမျိုးကွဲပြားနေလိုဖြစ်နိုင်ပါတယ်။အချို့အတွက်အချစ်ဟာခါးတယ်၊အချို့အတွက်တော့ချိုကောင်းချိုပါလိမ့်မယ်။အချို့အတွက်တော့ချိုချဥ်လေးဖြစ်ရင်လဲဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ်အချစ်ဆိုတာေါဟာရခံစားချက်တစ်ခုလိုတော့ကျွန်မတို့တနေ့နေ့တချိန်ချိန်ကြုံတွေခဲ့ရမှာပါ။ကြုံတွေဘူးကြမယ်ထင်မိပါတယ်။ကျွန်မတို့တတွေခုချိန်ထိရှင်သန်နေရတာကအချစ်ရှိလို၊အချစ်ကြောင့်ရှင်သန်နေကြတာဖြစ်ပါတယ်။ဘယ်သူဘယ်၀ါမှာအချစ်နဲ့မကင်းကြပါဘူး။သူသူဌါဌါအချစ်ခံချင်ကြတယ်၊ဂရုစိုက်ခြင်းကိုလည်းလိုချင်ကြတယ်၊အရေးတယူပြုမှုတွေကိုလဲခံချင်ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်မိတ်ဆွေညီငယ်၊ညီမငယ်တို့အချစ်ဆိုတဲ့ေါဟာရကိုသရုပ်ခွဲကြည့်မယ်ဆိုရင်အကြမ်းအားဖြင့်သုံးမျိုးခွဲခြားနိုင်ပါတယ်။ဘာတွေလဲဆိုရင်ဂရုဏာအချစ်(သနားဂရုဏာကိုရှေ့တန်းတင်တဲ့အချစ်)ခင်မင်မှုအချစ်(သံယောဇဥ်တွေ၊လူမှုဆက်ဆံရေးတွေကိုဦးစားပေးတဲ့အချစ်၊)တဏာှအချစ်(တက်မက်မှုတစ်ခုခုကိုအလေးပေးတဲ့အချစ်)တို့ဖြစ်ပါတယ်။အရင်းတုန်းကသတ်မှတ်ချက်ကတော့၁၅၀၀ကသမီးရည်စားအချစ်၊၅၂၈မိသားစုညီအစ်ကိုမောင်နှမအချစ်ဆိုပြီးတော့လဲပြောတက်ကြပါတယ်။ဒါတွေအားလုံးဟာတကယ်တော့အချစ်တွေပါပဲ။ညီငယ်၊ညီမငယ်တို့အချစ်ဆိုတာစိတ်ခံစားမှုအမျိုးမျိုးကိုပေးစွမ်းနိုင်တဲ့၊ခံစားမှုပေါင်းစုံလင်စွာပေါင်းစပ်ထားတဲ့အရာဖြစ်ပါတယ်။လူတိုင်းလိုလိုကိုယ်ချစ်တဲ့သူရှိကြမှာပါ။ချစ်သူမရှိပင်မဲ့လည်းချစ်တက်တဲ့နှလုံးသားတော့ရှိကြမှာပါ။အနည်းဆုံးတော့အချစ်ခံရတဲ့သူတွေဖြစ်ဖူးကြမှာဧကန်ပါ။အချစ်နဲ့ပတ်သက်ပြီစာရေးဆရာတွေ၊ကဗျာဆရာတွေ၊အဆို့အမိန့်တွေမှာ၊စသည့်ဖြင့်ဖော်ပြထားပါတယ်။ရေးစပ်သီကုံးဖွဲ့ဆိုထားကြပါတယ်။ဒါအပြင်အချစ်ကိုလည်းအမျိုးမျိုးသောအရာတွေနဲ့နှိုင်းယှဥ်ဖော်ပြထားကြပြန်ပါတယ်။အချစ်ဆိုတဲ့အရာဟာကျွန်မတို့လူသားတွေကိုပျော်ရွှင်ကြည်နူးမှုတွေ၊လန်ဆန်းမှု၊သာယာမှု၊မွေ့လျော့မှု၊ကျေနပ်မှု၊နှစ်သိမ့်မှုတွေကိုပေးနိုင်သလိုတစ်ခါတရံကျတော့လည်းပူလောင်မှုတွေ၊ခါးသီးမှုတွေ၊ကြွေကွဲမှုတွေ၊လွမ်းဆွမ်းသတိရမှုတွေ၊၀မ်းနည်းမှုတွေနဲ့လည်းကြုံတွေရတက်ပြန်ပါတယ်။ကျွန်မတို့တတွေဟာအချစ်ဆိုတဲ့အရာတွေ၊ပြဿနာတွေ၊ရှုပ်ထွေးမှုတွေနဲ့ကြုံလာရင်တော့မေတ္တာလိုအရင်းခံထားတဲ့အချစ်နဲ့ေးသွားတက်ကြပါတယ်။တခါတလေ့ကျတော့လည်းအချစ်ဆိုတဲ့အရာတွေနဲ့ဆုံဆည်းနေချင်ပြန်ပါတယ်။ဒါဟာလဲဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုဘဲဖြစ်ပါတယ်။မိတ်ဆွေတို့တွေ့ဘူးကြပေးလိမ့်မယ်။အချစ်ကြောင့်ဒုက္ခရောက်ကြတဲ့သူတွေကျွန်မတို့ရပ်ကွက်တွေ၊ကျေးရွာတွေမှာအများကြီးဘဲဖြစ်ပါတယ်။မိဘအိမ်မှာအဆင်ပြေခဲ့ပင်မဲ့အိမ်ထောင်ကျမှဒုက္ခရောက်ကြရတာ၊ဆွေမျိုးတွေနဲ့အဆင်မပြေတာတွေ၊ယောကျာ်းဘက်မိန်းမဘက်နှင့်ပြဿနာတက်ကြတာတွေစုံလိုပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အချစ်မှာ၊အချစ်နှင့်အတူရောပြီခံစားရတဲ့အရာတွေရှိပါတယ်။ဒီထဲမှာစောစောကကျွန်မပြောခဲ့တဲ့ကရုဏာမေတ္တာ၊တဏှာ၊သံယောဇဥ်စသည့်အရေးကြီးတဲ့အချက်သုံးချက်ကိုသတိထားမိပါလိမ့်မယ်။အချစ်မှာကရုဏာမေတ္တာရဲ့ပါ၀င်အင်အားဟာကြီးမားလှပါတယ်။သူရှိနေခြင်းနှင့်မရှိနေခြင်းဟာအတော်ကွာဟပါတယ်။ကရုဏာမေတ္တာမရှိတော့ရင်အချစ်ဟာဒုက္ခဘက်အဆိုးဘက်ကိုရောက်လာတက်ပါတယ်။ဒါကိုသတိပြုဖို့လိုအပ်လှပါတယ်။ဒီတစ်ပတ်မှာတော့ဒီအချက်သုံးချက်နဲ့အချစ်ရဲ့ဆက်သွယ်မှုကိုဘဲတင်ပြပေးပါရစေ။နောက်တစ်ပတ်မှာတော့အချစ်မှာအပြစ်မမြင်တက်တဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအချစ်နှင့်အတူ၊မေတ္တာကရုဏာထားနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်။နားဆင်အားပေးကြတဲ့မိတ်ဆွေများ၊လူငယ်မောင်မယ်များတွက်လည်းအကျိုးရှိလိမ့်မယ်လိုမျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ်မေရီဒိမ် ပါရှင်။