

“ငြိမ်းချမ်းခြင်းကို ရွေးချယ်သော နှလုံးသား”

“ငြိမ်းချမ်းခြင်းကို ရွေးချယ်သော နှလုံးသား”

ရောမမြို့၌ ၂၄ နိုဝင်ဘာ ၂၀၂၅ က ကျင်းပသော (၂၁၅) ကြိမ်မြောက် General Chapter သို့ တက် ရောက် လာကြသော အမိမယ်တော်သခင်မ၏ အစေခံများ (Servants of Mary) အသင်း၈ိုဏ်းဝင် သူတော်စဥ် များကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြိုဆိုခဲ့ပြီး ဧဝံဂေလိတရားနှင့်အညီ နေထိုင်ခြင်း သည် ဘုရား သခင်နှင့် အခြားသူများအပေါ် လေးနက်သော မေတ္တာထားခြင်း ၌ ထင်ရှားကြောင်းပြောဆိုခဲ့သည်။ “သင်တို့သည် ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းသူများ ဖြစ်ကြရန် ဖိတ်ခေါ် ခြင်းခံရ သူများဖြစ်သည်” သူ၏ မိန့်ခွန်းတွင်၊ သူတော်စဥ်များ၏ ယုံကြည်ခြင်းနှင့် အစေခံမှုများကို ချီးကျူးဂုဏ် ပြုခဲ့ပြီး ၎င်းတို့၏ အသင်း၈ိုဏ်း၏ အခြေခံ ကျင့်စဥ်အမြစ်များဆီသို့ ပြန်သွားခြင်း၏ အရေးကြီးပုံ ကို…

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ကောင်းသောအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး မှန်ကန် သောအရာအတွက် ရပ်တည်ရန် တွန့်ဆုတ်မနေရဟု ပုပ်ရဟန်းမင်း လီယို (၁၄) က ဗာတီကန်တွင် ကျင်း ပသော စနေနေ့ ဂျူဘီလီ ပရိသတ်တွေ့ဆုံပွဲ၌ အလေးပေးပြောကြားခဲ့သည်။ ထိုသို့ပြောကြား ရာတွင် သူသည် ဘုရားသခင်၏ အစေခံဖြစ်သူ ဒေါ်ရသီ ဒေး (၁၈၉၇–၁၉၈၀) အကြောင်းကို ဝေမျှခဲ့ပါသည်။ ဒေါ်ရသီ ဒေး သည် အမေရိကန် သတင်းသမား၊ တက်ကြွလှုပ်ရှားသူနှင့် ကက်သလစ်ဘာသာသို့ ကူး ပြောင်းလာသူဖြစ်သည့် သူမသည် စီးပွားပျက်ကပ်ကြီးကာလအတွင်း…

စိန့်ပီတာရင်ပြင်၌ ယေဇူးဘုရင်၏ ပွဲတော်ကြီးနေ့ ဘုရားဝတ်ပြုပွဲကျင်းပပြီးနောက် ပုပ်ရဟန်းမင်း လီယို သည် နိုင်ဂျီးရီးယားနှင့် ကင်မရွန်းနိုင်ငံတို့တွင် မကြာသေးမီက ပြန်ပေးဆွဲခံခဲ့ရသော ကျောင်းသားများနှင့် ဘုန်းတော်ကြီးများအား လွှတ်ပေးရန် စိတ်ရင်းမှန်ဖြင့် တောင်းဆိုလိုက်သည်။ သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ဂျာပြည်နယ်ရှိ St Mary အထက်တန်းကျောင်းမှ ကျောင်းသားနှင့် ဆရာပေါင်း ၃၁၅ ဦးခန့် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုရက်သတ္တပတ်တွင်ပင် ကင်မရွန်းနိုင်ငံ၊ Ndop တွင် Bamenda ဂိုဏ်းချုပ်သာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီး ခြောက်ပါး ပြန်ပေးဆွဲခံခဲ့ရသည်။ ထို့ အပြင် အနီးနားရှိ Bui…



