၂၁ ရာစု ပညာရေးစနစ်၏စိန်ခေါ်သံ

၂၁ ရာစု ပညာရေးစနစ်၏စိန်ခေါ်သံ~~~~~~~~~~~~~~~~~~~~~// ညောင်စေး // ပညာရှင်တွေက ပညာရေးကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသလို၊ ၁၉ရာစုပညာရေးစနစ်၊ ၂ဝရာစုပညာရေးစနစ်၊ ၂၁ ရာစုပညာရေးစနစ် စသည်ဖြင့် ပညာရေးစနစ်တွေကိုလည်း ခောတ်နဲ့အညီ ကျင့်သုံးနေခဲ့ကြတယ်။ ၂ဝရာစုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပညာရေးလည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ ပိုမိုများပြားလာသလို ကျောင်းသားကျောင်းသူများစွာကိုလည်း နိုင်ငံတော်က မွေးထုတ်ပေးနိုင်ခဲ့တယ်။ နိုင်ငံအတွင်းရှိ အစိုးရကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းတွေလည်း ပေါ်ပေါက် လာသလို ကျောင်းတွေအချင်းချင်း ပူးပေါင်းပြီး ပညာတတ်တွေအမြောက်အများ မွေးထုတ်ပေးဖို့ ကြိုးပမ်းလာခဲ့ကြတယ်။ လူတိုင်းသည် တန်းတူပညာရေးရရန်နှင့် လူတိုင်းမဖြစ်မနေ ကျောင်းတက်ရန်လိုအပ်သည်…