ဆရာဆု

Thursday, July 09, 2020 ဆရာဆု
Thursday, July 09, 2020 ဆရာဆု
Moral Value ဒီနေ့မှာ ပြောင်းလဲနေတဲ့ လူမှုဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်တရားရဲ့ တန်ဘိုး အကြောင်းကို မျှဝေပေးချင်ပါတယ်။ ကိုယ်ကျင့်တရားရဲ့တန်ဘိုး ဆိုတာက လူတယောက်ရဲ့ အပြောအဆို၊ အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်တွေနဲ့ သူ့ဘဝကို တိုးတက်ပြောင်းလဲသွားစေတာပါ။ လူတယောက်က သူ့ကလေးဘဝမှာစလို့ ကိုယ်ကျင့်တရားရဲ့တန်ဘိုးကို မသင်ပေးခဲ့လို့ မသိခဲ့ဘူးဆိုရင် သူတွေ့ကြုံရမဲ့ ဘဝခရီးမှာ ဘယ်အရာက မှန်တယ်။ ဘယ်အရာကမှားတယ်ဆိုတာ ဘယ်လိုဝေခွဲတတ်မှာလဲ။ ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုမှာက မိဘက အဓိက မိခင်က သားသမီးကို…
အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၆ ” ကိုတင်ဆက်ပေးသွားမှာပါ။
(၁၄)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဇူလိုင် ၅၊ ၂၀၂၀ ကာဒီနယ် ချားလ်စ်ဘို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။ ငါ၏ထမ်းပိုးကိုယူ၍ ထမ်းလျက် ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် သိမ်မွေ့၍ နှိမ့်ချသော စိတ်နှလုံးရှိ၏။ သင်တို့၏ စိတ်ဝိညာဉ်သည်လည်း သက်သာရာရလိမ့်မည်။ အကြောင်းမူကား ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ၏ဝန်သည်လည်း ပေါ့၏ဟု မိန့်တော်မူ၏။”(မာတေဦး ၁၁၂၈-၃ဝ) ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့…. ထာဝရအသက်ရှင်တော်မူတဲ့ အနန္တမေတ္တာတော်ရှင်၊ ကယ်တင်တော်မူတဲ့အရှင် ယေဇူးရဲ့နာမတော်၌…
ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ”အမှိုက်ပစ်ရာ စည်းကမ်းရှိပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – ဇော်နိုင်ဉီး Photos Credit : Google Images #Environment #ClimateChange
Wednesday, July 01, 2020 အေဒီ ၆၄ ခန့်က နီရိုဘုရင်လက်ထက်မှာ ခရစယာန်တွေကို မဟုတ်မမှန် အမျိုးမျိုးစွပ်စွဲပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြတယ်။ ဘုရားရှင်၊ သခင်ယေဇူးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ အမိအသင်းတော်ကြီးကတော့ ဘယ်လောက်ပဲ လူတွေဖျက်စီးပစ်ဖို့ အမျိုးမျိုးကြိုးစားနေကြပေမယ့် ယနေ့တိုင် ယုံကြည်ခြင်းအပြည့်နဲ့ မားမားမတ်မတ် ရပ်တည်နေဆဲပါ။ ယုံကြည်သူ ဓမ္မအာဇာနည်တွေရဲ့ သွေးစက်တွေက အမိအသင်းတော်ကြီးရဲ့ မျိုးစေ့သဖွယ် ဖြစ်တာကြောင့်နှိပ်စက်ညှဉ်းပန်းမှုများလာလေအသင်းတော်ရဲ့ယုံကြည်ခြင်းခိုင်မာလာလေ ဖြစ်ပါတယ်။ ဒီအချက်က အခြားဘာသာတွေကြားမှာ လူနည်းစု ဘာသာအဖြစ် တည်ရှိနေတဲ့ ခရစ်ယာန်မိသားစုတွေအတွက် သူတို့ရဲ့ ယုံကြည်ခြင်းမှာ ခွန်အားတွေ…
July (1) #စိန့်ဂျိုနီပယ်ရိုစဲရာ ပွဲနေ့ (St. Junípero Serra) စိန့် ဂျိုနီပယ်ရို စဲရာသည် (၁၇၁၃)ခုနှစ်၊ နိုဝင်ဘာလ၊ (၂၄) ရက်နေ့တွင် စပိန်နိုင်ငံ၊ မာဂျိုကာကျွန်း၌ မွေးဖွားခဲ့သည်။ ပါဒရေ စဲရာဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ ဖရန့်စစ်ကင်အသင်းဂိုဏ်းကို (၁၇၃၀)ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ သူသည် ရဟန်းသိက္ခာ မခံယူခင်ကပင် ဒဿနိကဘာသာရပ်၏ စာချပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပညာပါရမီပြည့်ဝသူ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် မျှော်လင့်အားထားရသောသူ တစ်ယောက်လည်း ဖြစ်သည်။ PhD ဘွဲ့ကို ရရှိသည့်နောက်ပိုင်းတွင် သူသည် စာများကို…
အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့လူငယ်ကဏ္ဍအစီအစဉ်ရောက်ရှိလိုလာပါပြီ။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “လူငယ်နှင့် စာဖတ်ခြင်း” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကျွန်မစစ္စတာရ်မေရီဒိမ် မှ တင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။ ချစ်သောလူငယ်များရှင် စာဖတ်ခြင်းအားဖြင့်-ကျွန်မတို့တတွေရဲ့စိတ်နှလုံးကိုနုညံစေရုံသာမက၊ ၊ဦးနှောက်ကိုလည်းအသိတရားတွေတိုးစေပါတယ်။ဗဟုသုတတွေရရှိတယ်၊အမြင်တွေကျယ်လာတယ်၊ကြောက်ရွံမှုကင်းပြီး၊သတ္တိတွေရှိလာတယ်။စကားလုံးတွေလည်းကြွယ်ဝလာတယ်။စာဖတ်ခြင်းဟာကိုယ်ပိုင်လေ့လာသင်ယူခြင်းဖြစ်တယ်။ဘဝကိုလည်းရှင်သန်စေပါတယ်။၄င်းပြင်အသိပညာတွေလည်းတိုးတက်စေပါတယ်။တွေးတောဆင်ခြင်စရာတွေကိုလည်းစာဖတ်ခြင်းမှာရရှိလာတယ်။စာဖတ်သူတွေရဲ့စကားပြောတွေမှာပညာသာပါတယ်၊ချိုသာတယ်၊နားထောင်ရတာနားဝင်ချိုတယ်။ကျွန်မတို့ပတ်ဝန်းကျင်းမှာစာဖတ်လေ့လာသူတွေနည်းသွားကြတာကိုလည်းသတိထားမိပါတယ်။ မိတ်ဆွေလူငယ်များရှင် စာဖတ်ခြင်းအကျိုးကျေးဇူးကြောင့် ကမ္ဘာကျော်သဌေးကြီးတစ်ဦးနှင့်ပညာရှင်ကြီးတစ်ယောက်အကြောင်းအနည်းငယ်ဝေမျှပါရစေ။ ကမ္ဘာအကျော်ကြားဆုံးတီထွင်ပညာရှင်ကြီးအက်ဒင်ဆင်ဟာအသက်(၁၁)နှစ်အရွယ်ကစပြီးစာအုပ်မျိုးစုံကိုစဖတ်နေပါပြီး။ဖခင်ဖြစ်သူကလည်းစာဖတ်ဖို့ရန်အမြဲတိုက်တွန်းခဲ့လိုပေါ့။သူစာအုပ်တစ်အုပ်ဖတ်ပြီးတိုင်ဖခင်ဖြစ်သူကသူကိုဆုချလေ့ရှိတယ်။အက်ဒင်ဆင်ဟာငယ်စဉ်ကတည်းကစစာအုပ်မျိုးစုံးဖတ်ခဲ့တဲ့အကျိုးကြောင၊့်နောင်သူဘဝတိုးတက်ရေးအတွက်ကြီးမားတဲ့အထောက်အကူဖြစ်ခဲ့စေပါတယ်။ဒါပြင်ဆင်းရဲသားလေ လီကာရှင်းကလည်းဘဲစာဖတ်တာအရမ်းဝါသနာပါသူတစ်ယောက်ပေါ့။ သူဟာစာအအုပ်ကြီးတွေကိုဘဲဖတ်ရုံမကစီးပွားရေး၊ကုန်သွယ်ရေးတွေနဲ့ဆိုင်တဲ့မဂ္ဂဇင်းတွေ၊ဂျာနယ်တွေလည်းအမြဲဖတ် လေ့ရှိသူပါ။သူဟာစာဖတ်ခြင်း၊သတင်းတွေကိုဖတ်ခြင်းအားဖြင့်ဗဟုသုတ၊အမြင်၊အကြံအစည်းတွေရရှိပြီးလက်တွေ့့လုပ် ဆောင်ခဲ့လိုခုချိန်မှာ အာရှမှာအချမ်းသာဆုံးဟောင်ကောင်သဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။လူငယ်များတို့အောင်မြင် ခြင်းရင်စာများများဖတ်ကြပါနော်။စာဖတ်ခြင်းဟာလူငယ်တွေရဲ့အသိပညာနယ်နိမိတ်ကိုချဲ့ပေးလိုက်ခြင်းဖြစ်ပါတယ်။စာဖတ် ရင်းနဲ့ဝေးလံလှတဲ့ပတ်ဝန်းကျင်းဒေသမှာရှိတဲ့သတင်းအချက်အလက်တွေ၊အတွေးအမြင်သစ်တွေကိုရှာဖွေတွေ့ရှိလာစေပါတယ်။စာဖတ်ခြင်းဟာလူတစ်ဦးတစ်ယောက်အတွက် မရှိမဖြစ်ပါ။ဒါကြောင်းမို့ ပထမအရွယ်ဖြစ်တဲ့ငယ်စဉ်အခါစာဖတ်ပါ၊ ကျောင်းစာအတွက်အထောက်အကူဖြစ်စေပါတယ်။ဒုတိယအရွယ်ဖြစ်တဲ့-လူငယ်နုပျိုချိန်စာဖတ်ပါ လူမှုရေး၊စီးပွားရေးအတွက်အကျိုးရှိစေပြီးအထောက်အကူဖြစ်စေပါတယ်။တတိယအရွယ်ဖြစ်တဲ့-အိုစဉ်အခါစာဖတ်ပါ၊ငြိမ် ချမ်းတဲ့ဘဝကျင့်ကြံအားထုပ်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒါကြောင်းအရွယ်သုံးပါးစလုံးမှာစာဖတဲ်ကြပါတိုက်တွန်းအားပေးချင်ပါတယ်။သင်ဟာအိမ်ကောင်းကောင်းတစ်လုံးပိုင်ဆိုင်ဖို့ခက်ခဲပေမဲ့လဲစာအုပ်ကောင်းကောင်းတစ်အုပ်တော့ဖတ်နိုင်မှာပါ။စာကောင်းကောင်းဖြစ်ချင်အားဖြင့်ကျွန်မတို့ဟာ ဘဝတန်ဖိုးအစစ်အမှန်ကို တဖြေးဖြေးတွေ့ရှိလာသည့်အပြင် ကျွန်မ တို့ရဲ့အသိဉာဏ်တံခါးနဲ့အခွင့်အလမ်းတံခါးတွေကိုဖွင့်ပေတာဖြစ်ပါတယ်ရှင်။အောင်မြင်သူတိုင်းစာဖတ်ကြတယ်။စာဖတ်သူတိုင်းစာမရေးပင်မဲ့လည်းစာရေးသူတိုင်စာဖတ်တဲ့သူတွေပါ။စာဖတ်သူတိုင်းမကြိုးစားပင်မဲ့ကြိုးစားသူတိုင်းဟာစာဖတ်ကြသူ တွေပါ။ မိတ်ဆွေလူငယ်များတို့ အမှောင်ထဲမှာမနေကြပါနဲ့တော့။အကြောက်တရားစိတ်ဖိစီမှုတွေကနေရုန်းထွက်ပါကြ။စာဖတ်ကြပါ။စာဖတ်ခြင်းဖြင့်…
အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၅ ” ကိုတင်ဆက်ပေးသွားမှာပါ။