rvamyanmar

rvamyanmar

” ဘုရားရှာခြင်း – အပိုင်း-၄ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း-၄ ” ကိုတင်ဆက်ပေးသွားမှာပါ။

” ဘုရားရှာခြင်း – အပိုင်း- ၅ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၅ ” ကိုတင်ဆက်ပေးသွားမှာပါ။

” ငါးရစ် ငါးသန်း ထိမ်းသိမ်းစို့ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဥ် ဒီတပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဥ်မှာ ” ငါးရစ် ငါးသန်း ထိမ်းသိမ်းစို့ ” ဆိုတဲ့ အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက်/တည်းဖြတ် – ဝီလျံဇော်နိူင်ဦး

စိန်ပီဦး

သံပီအူးစ်(၅)      (၁၅၀၄-၁၅၇၃)ဆရာတော်သံပီအူးစ်(၅)ကို သက္ကရာဇ်၁၅၄ဝခုနှစ်တွင် အီတလီနိုင်ငံ ကော်ထိုနာမြို ့ အနီးတွင် ဖွားမြင်ခဲ့ပြီး သန့်ရှင်းမြင့်မြတ်သော စိတ်ပုတီးပွဲနေ့ကိုစတင်ခဲ့သူဖြစ်သည်။ ၁၅၆၆ ခုနှစ်တွင် ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပြီး အသင်းတော်ကိုအားသွန်ခွန်စိုက်   ကြိုးစား၍ ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သည်။ သူသည် Trent ညီလာခံကြီးကို ထောက်ခံ လျက် ဆရာတော်များအား မိမိတို့၏သာသနာနယ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး များမှ လူငယ်များကို ဘုရားစကားသင်ကြားပေးရန် အကြံပေးတင်သွင်းခဲ့သည်။ ရောမ တိုင်းနိုင်ငံယိုယွင်းပျက်စီးမှုများနှင့် အာဏာရှင်များ၏ ငါနှင့်ငါ့ဆွေမျိုးများ ကောင်းစား ရေးဝါဒများ ကွယ်ပျောက်သွားပြီးနောက် ရဟန်းမင်းကြီး၏မြို ့တွင် တောပုန်း ဓါးမြများနှင့် ပြည့်တန်ဆာများမှအစပပျောက်သန့်စင်စေခဲ့သည်။…

စိန်မာတီးယား

သံမာတီးယား (တမန်တော်)  (ပထမရာစုနှစ်)သံမာတီးယားသည် သခင်ခရစ်တော် ဆေးကြောခြင်းခံသည့်နေ့မှစ၍ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်တိုင်အောင် သခင်ခရစ်တော်၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သခင်ခရစ်တော် ဒေသစာရီလှည့်လည်စဉ်အတွင်း ဧဝံဂေလိတရား ကိုဟောပြောသက်သေခံရန် စေလွှတ်ခြင်းခံရသောတပည့် ၇၂ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ဟန်တူသည်။ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွတော်မူ သောနေ့မတိုင်မီတွင် တစ်ဆယ့်တစ်ယောက်သော တပည့်ကြီးတို့နှင့် အခြားသော တပည့်များသည် ဆုတောင်းမေတ္တာပြုပြီးစုဝေးနေကြစဉ် သံပေထရူးသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောသက်သေခံသူတစ်ယောက်ဖြစ်လာရန် ယုဒ၏နေရာ၌ တမန်တော်တစ်ပါးကို အစားထိုးရွေးချယ်ခန့်အပ်ရန် လိုအပ်မှုကိုကြေငြာ ခဲ့သည်။ (တမန်တော်ဝတ္ထု   ၁း၂၁) မာတီးယားနှင့် ဗာရာဘနှစ်ဦးတို့သည် ယာထားခြင်း ခံရပြီး၊ မာတီးယားအား…

စိန်အီညာစီဦး

သံအီညာဆီဦး  (လိုရိုလာ) ၁၄၉၁-၁၅၅၆ ဘုန်းတော်ကြီး ဂျေဆွိစ်(Jesuits) အသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ သံအီညာဆီဦးသည် စပိန်နိုင်ငံ လိုရိုလာ(Loyola) မြို ့တွင်မွေးဖွားခဲ့သည်။ စစ်သားတစ်ဦးအနေဖြင့် အသက် မွေးဝမ်းကြောင်းပြုလိုသော သူ၏ရည်ရွယ်သည် ၁၅၂၁ခုနှစ် ပန်ပလိုနာ(Panplona)မြို ့ ကိုဝန်းရံထားသည့် အချိန်အတောတွင်း အမြောက်ကျဉ်ဆံတစ်လုံးက သူ၏ခြေထောက် ကိုကျိုးိသွားစေခဲ့သောအချိန်၌ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထိုအချိန်၌ သူသည် အသက်၃ဝရှိပြီးဖြစ်သည်။ နာလန်ထလာသည့်အချိန်တွင် အချစ်ရေးနှင့်ပတ်သက်သည့် စာအုပ်များကို သူ၏အချိန်များကုန်လွန်နိုင်ရန် တောင်းဆိုခဲ့သည်။ သို့သော် အားရကျေ နပ်မှုကို သူမတွေ့ခဲ့ပေ။ ထိုစာအုပ်များအစား သခင်ခရစ်တော်၏ဘဝအကြောင်းနှင့် ရဟန္တာတို့၏…

စိန်ဒေါမိနစ်

သံဒေါမိနစ်        (၁၁၇၀-၁၂၂၁) ဘုန်းတော်ကြီး ပရေဒီကာတောရွန်း အသင်းဂိုဏ်း (Ordo Praedicatorum)ကို တည်ထောင်ခဲ့ သော သံဒေါမိနစ်သည် ၁၁ရဝခုနှစ်တွင် စပိန်နိုင်ငံ ကာလရိုးဂါ (Calaroga)မြို ့တွင် မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် အော်စမာ(Osma)မြို ့ကာသီဒရယ်၌ တာဝန်ချထားခြင်းခံခဲ့ရသည်။ ထိုနေရာ၌ သူသည်သံသြဂုတ်စတင်း (St.Augustine)၏ ဥပဒေများကို လိုက်ကျင့်ခဲ့သည်။ ၁၂၀၄ခုနှစ်တွင် ဒိန်းမတ် (Denmork)သို့သွားစဉ်တွင် လမ်း၌တောလောစ်မြို ့ (Taulous)မှ ဟိုတယ်ပိုင်ရှင်တစ်ဦးကို ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် ဒေါမိနစ်သည် တရားဟောခြင်းက သူ၏စိိတ်တက်ကြွမှုကို ဖြစ်စေသော အဓိကစွမ်းရည်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။…

စိန်စတီဗင်း

သံစတီးဗင်း  (+၃၆) ပထမဦးသောဓမ္မအာဇာနည် ပထမဦးဆုံးသော ဓမ္မအာဇာနည် သံစတီးဗင်းသည် ရှေးဦးအသင်းတော်ကြီးထဲ၌ ထင်ရှားသော ဦးပဥ္စင်းကြီးခုနှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဘုရား၏ကောင်းကြီး တန်ခိုးတော်များနှင့် ပြည့်စုံလျက်လူအများကြီးထဲတွင် ကြီးမားသာအံ့ဖွယ်ရာများပြုလုပ် ခဲ့သည်။ ဉာဏ်ပညာပြည့်စုံ၍ ဖြူစင်သောစိတ်ထားဖြင့် သူပြောသောစကားကို မည်သူ တစ်ဦးတစ်ယောက်မျှ ကြံ ့ကြံ ့မခံနိုင်ကြပေ။ ထိုကဲ့သို့သော စွမ်းရည်များကြောင့် ဂရိတ် ဘာသာစကားပြောသော ဂျူးများမနာလိုဒေါသဖြစ်ရကာ စတီးဗင်းအား အရှက်တစ်ကွဲ ဖြစ်စေဖို့ရန် အလို့ငှာတရားရုံးရှေ ့သို့ခေါ်ဆောင်သွားခဲ့ကြလေသည်။ သို့သော် စတီးဗင်း ၏မျက်နှာသည် သိကြားတမန်ကဲ့သို့သာတောက်ပ၍ “ သင်တို့သည် သင်တို့၏…

စိန်မော်နီကား

သံတာမော်နီကား      (၃၃၁-၃၈၇) သန့်ရှင်းသောပုဂ္ဂိုလ် သံသြဂုတ်စတင်း၏မိခင်ဖြစ်သော သံတာမော်နီကားသည် (၁၃၃)ခုနှစ်၊ မြောက် အာဖရိကတိုက်၊ တာဂါစထေမြို ့တွင် ဖွားမြင်ခဲ့သည်။ သူမ၏ထူးကဲသော စိတ်ရှည် သည်းခံခြင်းကြောင့် ကြမ်းတမ်းခက်ထန်ပြီး အကျင့်ပျက်သော ဗာဟီရဝါဒီသမား တစ်ဦးဖြစ်သည့် သူမ၏ခင်ပွန်းပါထရီးရှက်စ်သည် အကျင့်တရားပြောင်းလဲလာခဲ့ သည်။ သူမဆုံးမီတစ်နှစ်အလိုတွင် ဆေးကြောခြင်းစက္ကရမင်တူးကို ရရှိခဲ့သည်။ သူမ၏သားကြီး ဖြစ်သော သံသြဂုတ်စတင်းသည်လည်း သူမအတွက် အကြီးမား ဆုံးသောပြသနာတရပ် အဖြစ် ရှိနေခဲ့ပြန်သေးသည်။ သြဂုတ်စတင်းသည် ငယ်ရွယ်စဉ် အခါ၌ပင်လျှင် အသင်းသားလောင်း စာရင်းဝင်ဖြစ်သော်လည်း သူသည်ဆေးကြောခြင်း စက္ကရမင်တူး အကြောင်းကို…

စိန်ဖရန်စစ်(ပေါလာ)

ပေါင်လာမြို ့မှသံဖရန်စစ်   (၁၄၁၆-၁၅၀၇) တောကျင့် ရသေ့ အငယ်ဆုံးဖိုးသူတော်များဂိုဏ်း (Minim Friars) ကိုစတင်တည်ထောင်ခဲ့သော သံဖရန်စစ်သည် သက္ကရာဇ်၁၄၁၆ခုနှစ်တွင် အီတလီနိုင်ငံ၊ ပေါင်လာ(Paola)မြို ့၌ဖွားမြင် ခဲ့သည်။ နှစ်ပေါင်းများစွာသားသမီးများကို လိုလားတောင့်တခဲ့သော သူ၏မိဘနှစ်ပါး သည် သံဖရန်စစ်အစီစီ၏ကြားဝင်ဆုတောင်းပေးခြင်းဖြင့်၊ သားလေးတစ်ယောက်ကိုမွေး ဖွားနိုင်ခဲ့သောကြောင့် သူတို့၏သားလေးကို“ ဖရန်စစ်” ဟုအမည်ပေးခဲ့လေသည်။ ဖရန်စစ် သည်အသက်(၁၆)နှစ်အရွယ်တွင် ပင်လယ်အနီးရှိလိုဏ်ဂူတစ်ခုထဲတွင် တောကျင့်ရသေ့ တစ်ပါးအနေဖြင့် စတင်တရားအားထုတ်ခဲ့သည်။ သူ၏သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့ကြောင့် တပည့်တပန်းအများအပြား၊ သူ့နောက်သို့လိုက်ခဲ့ ကြပြီး၊ ပထမဆုံးသော “ အငယ်ဆုံးများ” ဟူသောဂိုဏ်းဂနကိုတည်ထောင်ဖွဲ့စည်းခဲ့သည်။…