
ဖာသာရ် Paul Thet Khaing (မန္တလေး) ပါစကားကာလစတုတ္ထ သောကြာနေ့ ဩဝါဒ ၂၆၊ ၄၊ ၂၀၂၄







ဒဗလင် လေယာဉ်များ အားကောင်းကြီးပေးသည့် အစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းမည်ဟုဆို နှစ်စဉ်ခရစ္စမတ်၌ လေယာဉ်များပျံသန်းရာတွင် ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ လေယာဉ်များကိုကောင်းချီးပေးသည့်အစဉ်အလာကိုဆက် လက်၍ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒဗလင်လေဆိပ်ကအတည်ပြုပြောကြားခဲ့သည်။ ယခုကဲ့သို့အတည်ပြုပြောဆိုရခြင်းမှာ လေဆိပ်လုံခြုံရေးအတွက်အကြောင်းပြ၍ လေယာဉ်များအားကောင်းချီးပေးသည့်အစဉ်အလာကိုဖျက်သိမ်းမည်ဟုအစောပိုင်းကသတင်းထွက်ပေါ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒဗလင်၌ လေယာဉ်များအားကောင်းချီးပေးသည့်အစဉ် အလာကို (၁၉၄၇) ခုနှစ်ကစတင်ခဲ့သည်။

ပုပ်ဖရန်စစ် ကလေး ၆၀၀၀ နှင့် တွေ့ဆုံ ပြီးခဲ့သည့် သောကြာနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မိန်းက လေး၊ ယောကျာ်းလေး (၆၀၀၀) တို့နှင့်တွေ့ဆုံခဲ့သည်။ ဤကလေးများသည် ‘Schools for Peace’ (ငြိမ်းချမ်းရေးကျောင်းများ) ကွန်ရက်အဖွဲ့၀င်များနှင့်ချိပ် ဆက်ထားကြသူများဖြစ်သည်။ စစ်ဖြစ်ပွားနေသောအချိန်ကာလ၌ ကလေးများ အနေဖြင့် ‘ငြိမ်းချမ်းရေး၏အနုပညာရှင်များဖြစ်ကြရန်နှင့်အနာဂတ်ကိုပြောင်း လဲနိုင်အောင်ကြိုးစားရန် ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ၂၅ နှစ်ပြည့် ဂျူဗလီ ကျေးဇူး တင်မစ္ဆားတရား ကျင်းပခြင်း Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ငွေစင်ဂျူဗလီ ကျေးဇူးတင် မစ္ဆားတရားကို မြစ်ကြီးနားမြို့ St. Luke ဘုရားရှိခိုးကျောင်း ဧဒင်ရပ်ကွက်တွင် ဧပြီလ 8ရက် နံနက် 8 နာရီတွင် ကျင်းပခဲ့ပါသည်။ ဩဝါဒတွင် မြစ်ကြီးနားမြို့ စိန်ကိုလန်ဘန်ကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John…

Monday, April 22, 2024 ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက် ရဟန်းမင်းကြီး၏ဘာစီးလီကာဟုဆိုလိုက်လျှင် စိန့်ပီတာဘာစီးလီကာဟုလူတိုင်းတွေးမိကြပေမည်။ စာရေးသူကိုယ်တိုင်လည်းရိုးသားစွာ၀န်ခံရလျှင်၌သို့ပင်တွေးမိပေမည်။ သို့သော် သိထားရမည်မှာ ရောမ၌ ရဟန်းမင်း ကြီးဘာစီးလီကာဟုဆိုလိုက်လျှင် ဘာစီးလီကာ (၄) ခုရှိသည်ကိုသိထားရမည်ဖြစ်ပါ သည်။ ကက်သလစ်ဘာသာတူများအနေဖြင့် သတိမူမိခဲ့သူများလည်းရှိသကဲ့သို့၊ သတိမမူမိသူများလည်းရှိပေမည်။ ရဟန်းမင်းကြီး၏ကောင်းချီးမဂ်လာကဒ်ပြား၏ ထောင့် (၄) ထောင့်၌ ရောမမြို့ရှိ ဘာစီးလီကာ (၄) ခု၏ပုံထည့်သွင်းထားသည်။ ၄င်းတို့မှာ (၁) စိန့်ပီတာ၊ (၂) စိန့်ပေါလ်၊ (၃) စိန့်ဂျွန်၊ (၄) စိန့်မေရီမေဂျာတို့ဖြစ် ကြသည်။ ဤဘာစီးလီကာဘုရားကျောင်း (၄)…

အီကွေဒေါနိုင်ငံအား ယေဇူးရွှေနှလုံးတော်ထံ နှစ်ပေါင်း (၁၅၀) ကြာမှပြန်လည်အပ်နှံပူဇော်ခြင်း အီကွေဒေါနိုင်ငံသည် ယေဇူးရွှေနှလုံးတော်အားအပ်နှံပူဇော်သော ကမ္ဘာပေါ်ရှိပထမဦးဆုံး သောနိုင်ငံဖြစ်သည်။ ယခုနှစ် မတ်လ၌ နိုင်ငံအားတဖန် ယေဇူးရွှေနှလုံးတော်ထံပြန်လည်အပ်နှံခဲ့သည်။ ဤ သို့အပ်နှံပူဇော်ခြင်းကို လွန်ခဲ့သောနှစ်ပေါင်း (၁၅၀) ကပြုလုပ်ခဲ့သည်။ Quito ၏ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Alfredo José Espinoza Mateus ကမစ္ဆားတရားကိုဦးဆောင်၍ မြို့တော်ရှိ National Vow ဘာစီးလီကာ၌ပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီးများ၊ ဘုန်း တော်ကြီးများ မစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့ကြသည်။ ဂုဏ်ကျက်သရေရှိလူကြီးမင်းများဖြစ်ကြသော မြို့တော် ၀န်၊ ဒေါက်တာ Pabel Muñoz၊ ဒေါက်တာ…