rvamyanmar

rvamyanmar

ဩဇာအာဏာ

ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက် ဩဇာအာဏာဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်းတိုင်း၊တိုင်းနိုင်ငံတိုင်းကိုအုပ်ချုပ်စီမံနေသူများမှာဩဇာအာဏာရှိသူများပင်ဖြစ်သည်။ထိုဩဇာအာဏာကိုပိုင်ဆိုင်ထားသူများသည်၎င်းလူ့အဖွဲ့အစည်းများနှင့်တိုင်းနိုင်ငံများကိုမေတ္တာစစ်ဖြင့်အုပ်ချုပ်ဉီးဆောင်ပါလျှက်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောစေမည်သာဖြစ်သည်။သို့သော်အုပ်ချုပ်သူများသည်ထိုဩဇာအာဏာကိုအလွဲသုံးစားပြုလုပ်မိပါကထိုတိုင်းနိုင်ငံ၊အဖွဲ့အစည်းအားပျက်စီးဆုံးရူံးဆုတ်ယုတ်သွားစေမည်သာဖြစ်သည်။” Authority ” ဟူသောစကားသည်လက်တင်စကားလုံးမှတဆင့်အင်္ဂလိပ်စကားလုံးမှဆင်းသက်လာခြင်းဖြစ်သည်။အဓိပ္ပါယ်မှာတိုးပွားစေရန်၊များပြားစေရန်ဟူ၍ဖြစ်သည်။ထို့ကြောင့်ဤဩဇာအာဏာကိုအုပ်ချုပ်ခံလူသားများ၏ကြီးပွားချမ်းသာ၊တိုးတက်ရေးအတွက်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ကမ္ဘာပေါ်ရှိမည်သည့်အဖွဲ့အစည်းမဆိုဩဇာအာဏာဖြင့်စနစ်တျစီမံအုပ်ချူပ်မှုမရှိပါလျှင်ထိုအဖွဲ့အစည်းးသည်အချိန်တိုအတွင်းပြိုကွဲပျက်စီးသွားမည်သာဖြစ်သည်။ဩဇာအာဏာဟူသမျှသည်ဘုရားသခင်ထံမှရရှိခြင်းသာဖြစ်သည့်အလျောက်ထိုဆုလဒ်တော်ဖြင့်အများအကျိုးအတွက်လုပ်ဆောင်အစေခံရမည်ဖြစ်သည်။ကျွန်ုပ်တို့ခရစ်ံယာန်ယုံကြည်သူများအတွက်ဩဇာအာဏာအရှိဆုံးနှင့်အနှိမ့်ချဆုံးသောအစေခံကောင်းတစ်ဦးကိုဖော်ပြပါဆိုလျှင်သခင်ခရစ်တော်ကိုသာညွန်ပြရမည်ဖြစ်သည်။ဩဇာအာဏာပေးအပ်ခြင်းခံရသောသူတို့သည်သူတို့၏အုပ်ချူပ်ခံလူသားများအတွက်ဘုရားသခင်ခန့်အပ်ထားသောအစေခံများနှင့်အကျိုးတော်ဆောင်များသာဖြစ်ကြသည်။လောကသို့သခင်ခရစ်တော်ဆင်းကြွလာခြင်းမှာလည်းတပါးသူကိုစေခိုင်းရန်မဟုတ်ဘဲတပါးသူ၏အစေကိုခံရန်သာဖြစ်သည်။ထိုနည်းတူအဖွဲ့အစည်းတစ်ခု၏အကြီးအကဲခေါင်းဆောင်လုပ်သောသူသည်ထိုအဖွဲ့အစည်းအပေါ်အာဏာရှင်ဆန်သောသဘောနှင့်အုပ်ချုပ်မင်းလုပ်ရန်မဟုတ်ဘဲသခင်ခရစ်တော်၏ဘဝသက်တာကိုအတုယူပြီးအစေခံရန်သာဖြစ်သည်။ဩဇာအာဏာရှိသောအကြီးအကဲတစ်ဦး၏ကောင်းသောအကျင့်ပုံစံသည်လက်အောက်ငယ်သားများကသူ၏ဦးဆောင်လမ်းညွန်မှုကိုလိုလိုလားလားလိုက်နာနိုင်ရန်အတွက်အလွန်ပင်အရေးပါလေသည်။အုပ်ချူပ်ခံငယ်သားများ၏လိုအပ်ချက်များကိုသိရှိနားလည်ရန်သူတို့နှင့်တရင်းတနှီးဆက်ဆံရမည်ဖြစ်သည်။သူတို့၏အသံ၊ခံစားချက်များကိုနားထောင်၊မျှဝေခံစားပေးနိုင်ရမည်။အဖွဲ့အစည်း၊အသိုင်းအဝိုင်းတစ်ခု၏အုပ်ချူပ်ပုံစည်းစနစ်များလည်းထိုအသင်းအဖွဲ့၌ပါဝင်နေသူများ၏ရှုပ်ထွေးလှသောလူ့အခြေအနေအပေါ်မူတည်၍များစွာပြောင်းလဲလာတတ်သည်။လူတစ်ဦး၏အကြောင်းစိတ်တေစိတ်ထားကိုသိလိုလျှင်သူ့ကိုနေရာ၊အာဏာ၊လုပ်ပိုင်ခွင့်ကိုပေးကြည့်ပါဟူသောပညာရှိဆိုရိုးစကားကိုကြားဖူးကြပေလိမ့်မည်။ပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များအားလုံးသည်ပုံမှန်အခြေအနေအတိုင်းသူ့ဘောင်နှင့်သူစီးဆင်းနေလျှင်အလွန်ပင်တင့်တယ်လှပသည့်အပြင်ကမ္ဘာလူသားများနှင့်သက်ရှိသတ္တဝါ၊သစ်ပင်ပန်းမာလာများအားလုံးအတွက်မရှိမဖြစ်လိုအပ်၍အကျိုးပေးသောအရာလည်းဖြစ်ပေသည်။သို့သော်ထိုပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များသည်ထိုပုံမှန်အခြေအနေထက်များပြားပြည့်လျှံကာသူ့ဘောင်ကျော်လာပါကအရာရာကိုဖျက်ဆီးပြီးအကျိုးယုတ်ဆုံးရူံးစေသောအရာတစ်ခုဖြစ်လာပြန်သည်။ထိုနည်းတူတိုင်းနိုင်ငံနှင့်လူ့ဘောင်အဖွဲ့အစည်းအသီးသီးကိုဦးဆောင်အုပ်ချူပ်နေကြသောဩဇာအာဏာရှိသူတို့သည်အထက်တွင်ဖော်ပြခဲ့သောဩဇာအာဏာ၏သဘောသဘာဝနှင့်ရည်ရွယ်ချက်များထက်ကျော်လွန်၍အာဏာရှင်ဆန်၊အတ္တ၊မာန၊လောဘဆန်နေပါလျှင်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောရေးအတွက်အစေခံမဟုတ်ပဲခေတ်နောက်ပြန်ဆွဲကာအကျိုးယုတ်ဆုံးရူံးစေသောသေမင်းတမန်များပင်ဖြစ်နေကြပါလိမ့်မည်။ဤကဲ့သို့အာဏာရှင်ဆန်သောခေါင်းဆောင်များကိုမည်သည့်နိုင်ငံမည်သည့်အဖွဲ့အစည်းမျှမလိုလားကြပေ။မည်သည့်ခေါင်းဆေင်မဆိုသူအုပ်ချူပ်နေသောထိုတိုင်းပြည်၊ထိုအဖွဲ့အစည်းအတွက်အကျိုးရလဒ်ဖြစ်ထွန်းရန်ရည်ရွယ်ကာချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ဆိုလိုသည်မှာထိုကဲ့သို့ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ချမှတ်ထားသောတရားဥပဒေမူဝါဒစည်းမျဥ်းစည်းကမ်းများအားလုံးကိုမိမိကိုယ်တိုင်လည်းလိုက်နာရမည်။

ရောမအသင်းတော်၏ပထမဆုံးဓမ္မအာဇာနည်များ

ဒီကနေ့မှာတော့ ရောမအသင်းတော်ရဲ့ ပထမဆုံးဓမ္မအာဇာနည်များနဲ့ ရှေးဉီးခရစ်ယာန်တွေခံကြရတဲ့ ညှင်းပန်းနှိပ်စက်ခြင်းတွေအကြောင်းကိုတင်ဆက်ပေးထားပါတယ်။

ရဟန္တာ အလွိုက်ရှက် ဂွန်ဇာဂါ

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါသည် လူငယ်များ၊ ကျောင်းသူ/သားများနှင့် ရောဂါသည်များကို စောင့်ရှောက်သည့် ရဟန္တာဖြစ်သည်။ သူသည် ၁၅၆၈ခုနှစ်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ငယ်နာမည်မှာ လွီဂျီဖြစ်သည်။ ဖခင်စစ်ဗိုလ်ကြီး၏ အလိုအရ (၅)နှစ် အရွယ်ကပင် စစ်ပညာကို စတင်သင်ယူ ခဲ့ရပြီး စစ်သားများ၏ ကြမ်းတမ်းသည့် စရိုက်ကို အတုယူ လိုက်လုပ်ခဲ့သော်လည်း ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသည့် မိခင်ကြောင့် ဖြူစင်သည့် ဘ၀ကို အလွိုင်ရှပ်စ် ပိုမြတ်နိူး လာခဲ့သည်။ ထို့ကြောင့် အစာရှောင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းများ ပြုလုပ်ကာ သူ့အသက်…

သံဗာနဘ နှင့် သံအန်ထော်နီ

ဒီကနေ့မှာတော့ဇွန်လ(၁၁)ရက်နေ့ရဲ့ ပွဲနေ့ရှင်ဖြစ်တဲ့ ” တမန်တော်သံဗာနဘ နှင့်ဇွန်လ (၁၃)ရက်နေ့ရဲ့ ပွဲနေ့ရှင်ဖြစ်တဲ့ သံအန်ထော်နီ ” တို့ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။

ခရစ်ယာန် တရားထိုင်ခြင်း

ခရစ်ယာန် တရားထိုင်ခြင်း မြန်မာပြည်အနှံ့ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်တော၊ ဘယ်တောင်သို့ရောက်ရောက် သတိပြုကြည့် တတ်မယ်ဆိုပါလျှင် ဝိပဿနာတရားစခန်း၊ ဖားအောက် တရားစခန်း၊ မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာစသဖြင့် တောအုပ်အုပ်၊ တောင်ညို့ညို့အောက်တွင် ဗုဒ္ဓဘာသာ တရားစခန်းများကို တွေ့မြင် ရပါလိမ့်မည်။ တရားထိုင်ခြင်း (သို့မဟုတ်) ကမ္မဋ္ဌာန်းထိုင်ခြင်းသည် မြန်မာပြည်မှာသာမက ကမ္ဘာ့အရှေ့တိုင်းသားတို့၏ ရိုးရာဓလေ့ဟု ဆိုရလောက်အောင်ပင် အာရှတိုက် တစ်ဝှမ်း အထူး ထင်ရှားလှပါသည်။ အနောက်တိုင်း ပြည်များမှ ခရစ်ယာန် ဘာသာ၀င်တို့သည် ရုပ်ဝါဒ လွှမ်းမိုးမှု၊ ဘာသာတရား အနှစ်သာရများနှင့် ထိတွေ့မှု…

ငါ သေရမှာ ကြောက်တယ်။

ငါ သေရမှာ ကြောက်တယ်။ စိတ်ပညာရှင်တွေ ပြောပါတယ်၊ “ကလေးသူငယ်တွေတောင်မှ သေရမှာကြောက်ကြပါတယ်” တဲ့။ ဒါကြောင့် သေဖို့ ကြောက်စိတ်မရှိဘူးဆိုရင် သင်တစ်ခုခုမှားနေပြီ။ ကျွန်တော်တို့တွေဟာ သေခြင်းကို ဘာ့ကြောင့်ကြောက်ရသလဲဆိုရင် အကြောင်းတရား နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ သေခြင်းတရားဆိုတာဟာ ကျွန်တော်တို့ မသိနားမလည်နိုင်တဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ မည်းမှောင်နေတဲ့ အခန်းတစ်ခုလို မသိမမြင်ရဘဲ၊ နားမလည်တဲ့အရာတွေကို ကျွန်တော်တို့ ကြောက်နေကြတာဟာ သဘာဝကျပါတယ်။ ခရစ်ယာန်တရားတော်က ဒီအမှောင်ထုကြီးပေါ်မှာ အလင်းရောင်ထွန်းလင်းပေးပါတယ်။ “ထာဝရ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသက်၏စမ်းအိုင်တစ်ခုဖြစ်၍ လူတစ်ဦးအား သေခြင်း၏ ကျော့ကွင်းတို့မှ…