rvamyanmar

rvamyanmar

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စည်းဝေးပွဲအား ရန်ကုန် အမျိုးသားကဇာတ်ရုံ၌ကျင်းပ

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စည်းဝေးပွဲအား ရန်ကုန် အမျိုးသားကဇာတ်ရုံ၌ကျင်းပ မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ဟူသော အသင်း၏ဆောင်ပုဒ်နှင့်အညီ ကြီးမှူးကျင်းပသည့် အစည်းအဝေးကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ၌ (၅.၁၀.၂၀၂၄) စနေနေ့တွင် နေ့လည် (၁း၀၀ နာရီ) မှ (၃း၂၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။ “အမုန်းစကား ၊ အမုန်းတရားများ မပြန့်ပွားရေး” ခေါင်းစဥ်ဖြင့် ငြိမ်းချမ်းရေးဟောပြောပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်တော်များ အများအပြားတက်ရောက်ခဲ့ကြသည်။ ကက်သလစ်သာသနာ၏ ကိုယ်စားလှယ်များအဖြစ် Fr. John…

သင်နဲ့နီးစပ်သောသူကို ကိုယ်ရှင်ကို ချစ်သကဲ့သို့ချစ်ပါ ဒါကငြိမ်းချမ်းရေးအတွက် အဓိက အုတ်မြစ်ဖြစ်ပါတယ်။

ကမ္ဘာ့ဘာသာကြီးတွေအားလုံးက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တစ်သဘောထဲ ရှိကြပါတယ်။ ကမ္ဘာ့ ဘာ သာကြီးတွေက ငြိမ်းချမ်းရေးကို ချီးမွမ်းထောပနာပြုကြပါတယ်။ မည်သည့်ဘာသာက ဘာသာဝင်ကမဆို သူကမ လို လားဘူးဆိုတာမရှိပါဘူး။ ဘာသာတရားတစ်ခုရဲ့အဓိက အတွေးအခေါ်က ငြိမ်းချမ်းရေးကိုတိုးမြင့်ဆောင်ရွက်ရန် ဟူ၍ တော့မဟုတ်ပါဘူး။ ဘုရားကိုရှိခိုးဝတ်ပြုကိုးကွယ်ရန်ဖြစ်ပါတယ် ဒါကသေချာတယ် ဘာသာတရားမှာ ပထမအဓိက အရာက လူသားတွေနဲ့ ဘုရားကြား ဆက်သွယ်မှုဖြစ်ပါတယ်။ ဘာသာတရားဆိုတာက ဘုရားကကျွန်တော်တို့ကိုဖန်ဆင်းထားတယ်ဆိုတာကို ကျွန်ုပ်တို့ကအသိအမှတ်ပြုခြင်း၊ ဘုရား၏အလိုတော်အတိုင်း လိုက်ကျင့်နေထိုင်လိုခြင်း၊ ဘုရားနဲ့ဆုတောင်းမှုပြုခြင်းဖြင့် ဆက်သွယ်ခြင်းတို့က အဓိက ဖြစ်ပါတယ်။ ဒါကြောင့်လည်းဘာသာတရားအများစုမှာ ယုံကြည်ရာ အချက်တွေရှိတယ် ကိုယ်ကျင့်တရားတွေ…

ရေဘေးသင့်လယ်ယာမြေများအား ပြန်လည်ပြုပြင်နိုင်မည့်နည်းလမ်းများ

ရေဘေးသင့်လယ်ယာမြေများအား ပြန်လည်ပြုပြင်နိုင်မည့်နည်းလမ်းများ ရေဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်ခြေ၊ ကျွဲနွားတိရစ္ဆာန်များ၊ ပစ္စည်းအသုံးအဆောင်များ ကာလတန်ဖိုးဖြတ်ဖို့ခက်လောက်အောင် ဖြစ်ခဲ့ရပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း အမြိူ့မြို့အနယ်နယ်မှ အလွှာအသီးသီးပါဝင်လှူဒါန်းကြသည်ကိုလည်း ရေဘေးသင့်ပြည်သူများကိုယ်စား သာဓုအနုမောဓနာခေါ်မိပါသည်။ အဆိုပါဖြစ်စဥ်နှင့်အတူ နောက်ဆက်တွဲအဖြစ် ရေလွှမ်းလွင်ပြင်ဖြစ်ခဲ့ကြသောလယ်ယာမြေများအတွက် နောက်သီးနှံစိုက်ချိန်အမီ ကြိုတင်ပြင်ဆင်နိုင်ပါရန် အကြံပြုရေးသားတိုက်တွန်းလိုက်ရပါသည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းအရေးကြီးသကဲ့သို့ မြေ ​ဘေးကယ်ဆယ်ရေးလုပ်ငန်းအတွက်လည်း လူအား၊ စက်အား၊ ငွေအား၊ အကြံဥာဏ်များ ဝိုင်းဝန်းဖို့အတွက် တတ်သိပညာရှင်များ၊ အဖွဲအစည်းများအား တဖက်တလမ်းမှ ကူညီနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ လက်ရှိ မြေပြင်အခြေအနေသည် ရေတိုက်စားခြင်း၊ အမှိုက်၊ ဒိုက်ပုံများစုပုံနေခြင်း၊ နုံး၊…