rvamyanmar

rvamyanmar

ရဟန်းမင်းကြီးဖရန်စစ်မှ စိတ်ပုတီးစိပ်ရခြင်း၏အကြောင်းအရင်း (၃) ရပ်ကိုရှင်းပြ

ရဟန်းမင်းကြီးဖရန်စစ်မှ စိတ်ပုတီးစိပ်ရခြင်း၏အကြောင်းအရင်း (၃) ရပ်ကိုရှင်းပြ စိတ်ပုတီးစိပ်ခြင်းသည် အမိမယ်တော်အားသဒ္ဓါကြည်ညိုရန်အတွက်ကက်သလစ်ဘာသာတူများအားပေးလာသော အလွန်ရှေးကျသည့်လက်ဆောင်မွန်အမှန်အကန်ပင်ဖြစ်သည်။ မယ်တော်အားသဒ္ဓါကြည် ညိုရန်သတ်မှတ်အပ်နှံထားသောလများ၌ ရဟန်းမင်းကြီးဖရန်စစ်က အချက် (၃) ချက်ကိုရှင်းလင်းစွာရှင်းပြ ၍စိတ်ပုတီးကိုပုံမှန်စိပ်ကြရန်တိုက်တွန်းနိုးဆော်ထားသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤအားပေးတိုက်တွန်းချက်ကို စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောဘုရားဖူးများနှင့်ဗုဒ္ဓဟူးနေ့၌တွေ့ဆုံစဉ် ‘အာရပ်’ စကားပြောသောဘာသာတူများအားနှုတ်ဆက်စဉ်မိန့်ကြားခဲ့သည်။ စိတ်ပုတီးကိုနေ့စဉ်ပုံမှန်စိပ်ရသည့် ပထမအကြောင်းအရင်းမှာ ‘ကယ်တင်ခြင်းသမိုင်းကြောင်းကိုလို ရင်းတိုရှင်းချုံ့’ ထားခြင်းကြောင့်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်ယုံကြည်ခြင်းသည်စိတ်ပုတီးစိပ်ခြင်း၏အကျိုးကျေးဇူးကြောင့်လည်း ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့ရောက်ရှိသွားခဲ့သည်။ စိတ်ပုတီးစိပ်ခြင်းသည် ‘ပြည့်စုံသောသမ္မာကျမ်းစာအခြေခံ’ ထားသည့်ဆုတောင်းမေတ္တာဖြစ်သည်။ ယနေ့ခေတ်ကာလကဲ့သို့ သမ္မာ ကျမ်းစာအုပ်၊ ဆုတောင်းမေတ္တာစာအုပ်များလိုသလောက်လွယ်ကူလျှင်မြန်စွာ ပုံနှိပ်ရိုက်ထုတ်ရန်မလွယ်ကူ သောခေတ်အခါက စိတ်ပုတီးစိပ်ခြင်သည် ခရစ်ယာန်အသက်တာ၏အနှစ်သာရကိုထိတွေ့ရန်ပထမအကြောင်းအရင်းဖြစ်ခဲ့သည်။ သာသနာပြုကြီး Philip…

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Novak နှင့်အတူယူကရိန်းစစ်သင့်ဒေသငြိမ်းချမ်းရေးရရန်ဆုတောင်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Novak နှင့်အတူယူကရိန်းစစ်သင့်ဒေသငြိမ်းချမ်းရေးရရန်ဆုတောင်းခဲ့ ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Katalin Novak အားဗာတီကန်သို့ မကြာမှီက ကလက္ခံကြိုဆိုခဲ့သည်။ ရဟန်းမင်းကြီးနှင့်သမ္မတတို့၏တွေ့ဆုံဆွေးနွေးမှုသည်ချစ်ခင်ရင်းနှီးစွာ ရှိပြီး၊ ခရစ်ယာန်စံတန်ဖိုးနှင့်ညီသော မိသားစုအကြောင်း၊ ယခုနှစ်ဧပြီလက ရဟန်းမင်းကြီး၏ဟန်ဂေရီတမန်တော်ခရီးစဉ်အကြောင်းများကိုပြောဆိုခဲ့ကြောင်းဗာတီကန်သတင်းဌာနမှထုတ်ပြန်လာပါသည်။ ရဟန်းမင်းကြီးသည် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေစဉ်က ယူကရိန်းစစ်ဘေးရှောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံမှုလည်း ယူကရိန်းစစ်သည်အဓိကအချက်ဖြစ်ပြီး လူသားချင်းစာနာသောအခြေအနေနှင့်ပဋိပက္ခကိုအမြန်အဆုံးသတ်နိုင်မည့်အားထုတ်မှုအကြောင်းများဖြစ်သည်။ ကမ္ဘာပေါ်၌ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှုသည်တစ်စတစ်စကြီးထွားလာနေမှုအကြောင်းကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဟန်ဂေရီသမ္မတသည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီးနောက် ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin နှင့်လည်းတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု၌ဗာတီကန်၏ နိုင်ငံတကာဆက်ဆံရေးဌာန၏အတွင်းရေးမှူး မွန်ဆီညှော် Mirosław Wachowski လည်းပါ၀င်ခဲ့သည်။ ဟန်ဂေရီသည်ယူကရိန်းနှင့်နယ်စပ်ခြင်းထိစပ်နေသောကြောင့် စစ်ဘေးဒုက္ခသည်များအတွက်ခိုလုံရန် အခရာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။…

သားအမိနှစ်ဦးသည် နှစ် (၂၀) ကြာ‌ဝေးကွာပြီးမှ ထူးဆန်းစွာ ပြန်လည်ဆုံဆည်းခဲ့ကြ

သားအမိနှစ်ဦးသည် နှစ် (၂၀) ကြာ‌ဝေးကွာပြီးမှ ထူးဆန်းစွာ ပြန်လည်ဆုံဆည်းခဲ့ကြ ယခုတင်ပြမည့်အကြောင်းအရာသည် နှစ်ပေါင်း (၂၀) ‌ဝေးကွာနေခဲ့ပြီးမှ ‘တွီတာ’ လူမှုကွန်ရက်ကြောင့်ပြန်လည်ဆုံဆည်းနိုင်ခဲ့သောသားအမိအကြောင်းဖြစ်ပါသည်။ သားဖြစ်သူမှာမိခင်အရင်းနှင့်ပြန်လည်ဆုံဆည်းချိန်တွင် အသက် (၂၀) ပင်ရှိပြီဖြစ်သည်။ သားအမိနှစ်ဦး၏ဆုံဆည်းခြင်းကား ဤဆောင်းပါးကိုဖတ်ရသူများပင်လျှင် စိတ်လှုပ်ရှားရင်ခုန်ရသည်။ အဘယ်သို့ဆုံဆည်းရန်အကြောင်းတိုက်ဆိုင်သွားပါသနည်း။ မိခင်ဖြစ်သူ၏အမည်ကား Holly Shearer ဖြစ်ပြီး Utah မှဖြစ်သည်။ သူ့အနေဖြင့်ယခုကဲ့သို့ဖြစ် လာရန်ဆုံးဖြတ်ချက်ချရာတွင်လွန်စွာခက်ခဲခဲ့သည်။ သူအသက် (၁၅) နှစ်၌ကိုယ်၀န်ရသွားပြီး အဆိုပါကိုယ်၀န်အားမမွေးမီကပင်လျှင် ကလေးအားမွေးစားလိုသူများအားမွေးစားခွင့်ပြုမည့်အကြောင်းကိုဆုံးဖြတ်ထားခဲ့သည်။ ကိုယ်၀န် (၆) လပြည့်လာသောအခါ သူ၏ရင်သွေးအားမွေးစားမည့်မိဘကို မွေးစားလိုသောမိဘများအားချိပ်ဆက်ပေးသည့်၀န်ဆောင်မှုကိုပေးသောဌာနနှင့်ချိပ်၍စတင်ရှာဖွေခဲ့သည်။ သူသည် Angela…

(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို

(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို ရုရှား၏ယူကရိန်းအပေါ်ကျူးကျော်စစ်သည် (၁၈) ကြာလာခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း ယူကရိန်းကလေး (၅၄၀) ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း Save the Children အဖွဲ့ကမှတ်တမ်းပြုစုထားသည်။ နွေရာသီ၌လည်း အခါအားလျှော်စွာဒရုံးနှင့်လေကြောင်းများဖြင့်လာရောက်တိုက်ခိုက်နေသောကြောင့် အသက်မဆုံးရှုံးသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု (၇) ရာခိုင်နှုန်းအထိတိုးလာကြောင်းလည်းလူမှုကူညီရေးအဖွဲ့အစည်ကလည်းတင်ပြလာသည်။ လူမှုကူညီရေးအဖွဲ့အစည်းများသည် (၂၀၁၄) မှစ၍ ကလေးသူငယ်များအားကူညီစောင့်ရှောက်သည့်လုပ်ငန်းကိုလုပ်ဆောင်လာခဲ့ရာ ယူကရိန်းနိုင်ငံ၌အဓိကလှုပ်ရှားနေခဲ့သည်။ ဤစစ်ပွဲကာလ၌ ကလေးသူငယ်များနှင့်မိသားစုများအားကယ်ဆယ်‌ရေးလုပ်ငန်းကိုတိုး မြင့်လုပ်ဆောင်နေရသည်။ ဤအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်း၌တင်ကျန်နေသောဒုက္ခသည်ကလေးများကိုသာမက ဥရောပတစ်လျှောက်သို့ပြန့်နှံ့ရောက်ရှိနေသောကလေးများအားလည်းပံ့ပိုးပေးနေရသည်။ ကူညီရာ၌ ယခုကဲ့သို့စစ်ကိုတိမ်းရှောင်နေစဉ်အတောအတွင်း၌ပညာသင်ကြားနိုင်ခွင့်တို့လည်းပါ၀င်သည်။ လူမှုကူညီရေးအဖွဲ့အစည်းကလည်း ဒရုန်းနှင့်လေကြောင်းမှတိုက်ခိုက်မှုသည် အစောပိုင်းလများနှင့် ယှဉ်လျှင်…

အီတလီနိုင်ငံရောက်ပါကိစ္စတန်ခရစ်ယာန်များ ၄င်းတို့၏သံအမတ်ထံအမှန်တရားနှင့်တရားမျှတခြင်းကိုတောင်းဆိုရန်အိတ်ဖွင့်ပေးစာတစ်စောင်ပေး

အီတလီနိုင်ငံရောက်ပါကိစ္စတန်ခရစ်ယာန်များ ၄င်းတို့၏သံအမတ်ထံအမှန်တရားနှင့်တရားမျှတခြင်းကိုတောင်းဆိုရန်အိတ်ဖွင့်ပေးစာတစ်စောင်ပေး အီတလီနိုင်ငံသို့အခြေချနေထိုင်နေကြသော ပါကိစ္စတန်နိုင်ငံမှခရစ်ယာန်တစ်ဖွဲ့က အီတလီနိုင်ငံ၌ အမှုထမ်းနေသောသံအမတ်ကြီးထံသို့အိတ်ဖွင့်ပေးစာတစ်စောင်ပေးအပ်ခဲ့သည်။ အဆိုပါအိတ်ဖွင့်ပေးစာထဲ ၌ ပါကိစ္စတန်နိုင်ငံရှိ Faisalabad မှခရစ်ယာန်များအားပိုမိုလုံခြုံသောအကာအကွယ်ပေးရန်တောင်းဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် ဩဂုတ် (၁၆) ရက်နေ့က အစွန်းရောက်အီစ္စလာမ်လူတစ်စုက ခရစ်ယာန်ဘု ရားကျောင်း (၂၁) ကျောင်းအားလည်းကောင်း၊ ခရစ်ယာန်အိမ်ထောင်စု (၁၀၀) ခန့်အားလည်းကောင်းမီးရှို့ဖျက်ဆီးခဲ့သည်။ ဤလုပ်ရပ်အား ပါကိစ္စတန်သမ္မတနှင့်သံအမတ်ကိုယ်တိုင်လည်းကန့်ကွက်ရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ဤလုပ်ရပ်အားကန့်ကွက်ကြောင်း၊ နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်အောင်အကြမ်းဖက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သန့်ရှင်းသောနေရာအားတိုက်ခိုက်ခြင်း၊ ထိုတိုက်ခိုက်မှုကိုလည်းထိုဒေသမှမဟုတ်သောလူတစ်စုကကျူးလွန်ခြင်းများသည် ပါကိစ္စတန်နိုင်ငံ၏ပုံရိပ်ကျဆင်းစေရန်နှင့်ပါကိစ္စတန်လူထုကြားစည်းလုံးမှုပြိုကွဲစေရန် ကြိုတင်ပြင်ဆင်ထားသည်လုပ်ရပ်ဖြစ်ကြောင်းဖြင့်ပါကိစ္စတန်သံအမတ်ကပြောကြားခဲ့သည်။ ပါကိစ္စတန်မှခရစ်ယာန်များအနေဖြင့် ဆုံးရှုံးပျက်ဆီးမှုများနှင့်အညီထိရောက်သောအရေးယူမှုကိုတောင်းဆိုနေကြသည်။ ဥပမာအားဖြင့် မီးရှို့ဖျက်ဆီးခံလိုက်ရသောလူနေအိမ်များအားပြန်လည်တည် ဆောက်ပေးရန်၊ ဒေသခံလူနည်းစုများခံစားကြုံကြိုက်နေရသော ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်းနှင့်ညှဉ်းပမ်းနှိပ်စက်ခြင်းများကိုချက်ချင်းရပ်တန့်ရန်တို့ကိုတောင်းဆိုခဲ့သည်။ လောလောလတ်လတ်ဖြစ်ပွားသောအမှုတစ်ခုတည်းသာလျှင်ပလပ်မေ့ပျောက်ခံရသောအမှုမဟုတ်ပေ။ အီတလီရောက်ခရစ်ယာန်တို့၏၀ိညာဉ်ရေးရာတာ၀န်ခံလက်ထောက်ဖာသာရ်…

ဒုက္ခသည် သိုးများဆီသို့ Lahore ဂိုဏ်းချုပ်ဆရာတော်ကြွရောက်

ဒုက္ခသည် သိုးများဆီသို့ Lahore ဂိုဏ်းချုပ်ဆရာတော်ကြွရောက် ပါကိစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် Jaranwala ၌ခရစ်ယာန်များအားပစ်မှတ်ထားအကြမ်းဖက်မှုများစတင်လာခဲ့ပါပြီ။ ထိုကြောင့်အခင်းဖြစ်ရာသို့ ဩဂုတ်လ (၂၂) ရက်နေ့က ဂိုဏ်းချုပ်ဆရာတော်ကချက် ချင်းရောက်ရှိသွား၍အခြေအနေကိုကြည့်ရူခဲ့သည်။ အားပေးနှစ်သိမ့်ခဲ့သည်။ အခင်းဖြစ်ပွားသည့်မြင်ကွင်းသည် လွန်စွာဆိုး၀ါးခဲ့ကြောင်းထိတ်လန့်ဖွယ်ရာဖြစ်သည်ကိုမြင်တွေ့ခဲ့ရသည်။ ကုန်းကောက်စရာမရှိ‌အောင် ကိုပင်မီးထဲပါသွားခဲ့သည်။ ယေဇူးသခင်၏ချစ်ခြင်းကိုပြသရန်မှာကျွန်ုပ်တို့၏တာ၀န်ဖြစ်ကြောင်းပြောကြားခဲ့ သည်။ သာသနာအနေဖြင့် လိုအပ်ချက်များကိုတတ်နိုင်သလောက်အနီးကပ်ကူညီစောင့်ရှောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်၀တ္တုများကူညီ၍ဘာသာတူတို့၏ဒုက္ခကိုဖြေလျော့ပေါ့ပါးသွားအောင် ကာရီတာစ့်နှင့်အခြားခရစ်ယာန်အဖွဲ့အစည်းများ၏အကူအညီဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ထိတ်လန့်ဖွယ်ရအဖြစ် မျိုးနှင့်ကြုံခဲ့ရသည်မှန်သော်လည်း ၄င်းတို့သာဤဒုက္ခကိုခံထမ်းနေခြင်းမဟုတ်။ ယေဇူးသခင်သည်လည်း ကောင်း၊ သာသနာသည်လည်းကောင်း သူတို့နှင့်အတူရှိနေကြောင်းအားပေးခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် မွတ်စလင်ဘာသာ၀င်ကိုကိုယ်စားပြုသောအဖွဲ့၊ ယာယီနိုင်ငံတော်၀န် ကြီးချုပ် Anwar ul Haq တို့နှင့်အတူလိုက်ပါသွားခဲ့ခြင်းဖြစ်သည်။…

ပိုလန်နိုင်ငံမှ Czestochowa မယ်တော်အားလူထောင်သောင်းချီဖူးခဲ့ကြ

ပိုလန်နိုင်ငံမှ Czestochowa မယ်တော်အားလူထောင်သောင်းချီဖူးခဲ့ကြ နှစ်စဉ် Czestochowa မယ်တော်ကို ပိုလန်နိုင်ငံနှင့်နီးစပ်ရာနိုင်ငံများမှဘုရားဖူးထောင်သောင်းချီလာရောက်လေ့ရှိသည်။ Czestochowa မယ်တော်သည် ပိုလန်နိုင်ငံမှဖြစ်သည်။ ယခုနှစ်လည်း ဘုရားဖူး (၈၅၀၀၀) ကျော်လာရောက်ဖူးခဲ့ကြသည်။ ယခင်နှစ်က ဘုရားဖူး (၂) သန်းကျော်လာရောက်ခဲ့သည်။ ယခုနှစ်မယ်တော့်ပွဲမစ္ဆားတရား၌ Gniezno ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင် Wojciech Polak ကမစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့သည်။ သူ၏ဩ၀ါဒ၌ ယေဇူးသခင်သည် ကာနာမြို့လက်ထပ်ပွဲ၌ရေမှစ ပျစ်ရည်သို့ပြောင်းလဲပေးခဲ့သည့် သံယောဟန်ဧ၀ံဂေလိကျမ်းအခန်းကြီး (၂) မှအကြောင်းအရာကိုကြောရိုးထားဟောကြားခဲ့သည်။ သူ၏ထောက်ရူချက်ကား လူသားတို့၏ဆာငတ်မှုကားချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ လူသားများဆာငတ်သော ချစ်ခြင်းမေတ္တာကားနေ့စဉ်ထိတွေ့ခံစားရသောချစ်ခြင်းမျိုးမဟုတ်ကြောင်း၊ ထိုချစ်ခြင်းဇောက်မနက်ဘဲခံစားချက်၊ စိတ်လှုပ်ရှားမှုအပေါ်တည်မှီနေသည့်ရွှေမှုံန်ကြဲသောချစ်ခြင်းမျှသာဖြစ် ကြောင်း၊ အားလုံးပါ၀င်သောချစ်ခြင်းမဟုတ်ကြောင်း၊ အနှစ်အကာရှိပြီး…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၃ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၀၊ ၉၊ ၂၀၂၃

သာမန်ကာလ (၂၃)ကြိမ်မြောက်တနင်္ဂနေ့ ရှင်မာတေဦး ၁၈း၁၅ – ၂၀ကိုယ့်သာသနာအုပ်စုထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရပ်ရွာထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုထဲကပဲဖြစ်ဖြစ် တစ်ယောက်ယောက်က အမှားလုပ်နေရင် လမ်းမှားရောက်နေရင် ဒီအတိုင်းပစ်ထားမှာလား။ ဖြစ်ချင်ရာဖြစ် လစ်လျူရှုထားမှာလား။ အဲလိသဘောထားရင် အာဒံရဲ့ သားအကြီးကိန်နရဲ့ စိတ်သဘောထားလို ဖြစ်သွားမှာပေါ့။ အာဒံနဲ့ ဧဝါးရဲ့ ပထမဦးဆုံးသားနှစ်ယောက်ဖြစ်တဲ့ကိန်နနဲ့ အာဗေလ ရှိကြတယ်။ အကိုကြီးကိန်နက ညီလေး အာဗေလကို မနာလိုလို့သတ်ပစ်လိုက်တဲ့အခါ ဘုရားသခင်က အကိုကြီးကိန်နကို “မင်းညီ အာဗေလ ဘယ်မှာလဲ” လို့မေးတဲ့အခါ အကိုကြီးကိန်နက “ငါက ငါ့ညီကို ထိန်းတဲ့ကောင်များ မှတ်နေသလား” လို့ဘုရားသခင်ကို ပြန်ပြောလိုက်တယ်။ ကျနော်တို့လည်း တစ်ယောက်ယောက်ကလမ်းမှားရောက်နေတာကို…