rvamyanmar

rvamyanmar

မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး “စိန့် လူစီ (St. Lucy)”

မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး “စိန့် လူစီ (St. Lucy)” ဟိုး…..လွန်ခဲ့တဲ့ ၂၈၃ ခုနှစ်က “စစ္စလီ (Sicily)” ကျွန်းမှာရှိတဲ့ “စီးရာခီအူးစ် (Syracuse)” လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံရှိခဲ့တယ်။ သူတို့မှာ နောင်တစ်ချိန်မှာ “စစ္စလီ (Sicily)” ရဲ့အထင်ကရ ရဟန္တာဖြစ်လာမယ့် သမီးလေးရှိတယ်။ နာမည်က “လူစီ (Lucy)” တဲ့။ “လူစီ (Lucy)” ဆိုတဲ့ အဓိပ္ပါယ်က “အလင်း (Light)” တဲ့။ ဒီသမီးလေးဟာ သူမကိုပေးတဲ့နာမည်နဲ့လိုက်အောင် အနာဂါတ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ…

အိပ်ပျော်နေသော ဂျိုးဇက်

အိပ်ပျော်နေသော ဂျိုးဇက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အားကိုးအားထားပြုရတဲ့ ရဟန္တာ သူတော်သူမြတ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့သူက စိန့်ဂျိုးဇက်ပါ။ အရှင်သူမြတ်က စိန့်ဂျိုးဇက် ဆင်းထု တော်ကို သူ့ရဲ့ အခန်းထဲမှာ ထားပြီး သဒ္ဓါကြည်ညို အားကိုးပါတယ်။ ဒါပေမဲ့ ဒီ စိန့်ဂျိုးဇက်က ရိုးရိုး ဂျိုးဇက် မဟုတ်ဘူး။ မြင်တွေ့နေကျ လက်သမား ပစ္စည်းတွေနဲ့ ဂျိုးဇက်မဟုတ်ဘူး။ လီလီပန်းပွင့်နေတဲ့ နှင်တံလေးကို ကိုင်ထားတဲ့ ဆင်းထုလည်း မဟုတ်ပြန်ဘူး။ အဲ့ဂျိုးဇက်က အိပ်ပျော်နေတာ။ အိပ်နေတဲ့…

နီကောလား  စန်တာခလောစ် (Santa Claus)!

နီကောလား  စန်တာခလောစ် (Santa Claus)! ဒီဇင်ဘာ (၆)ရက် ရောမအင်ပါယာကြီး လျှမ်းလျှမ်းတောက်ကျော်ကြားစဉ်က…… ခရစ်တော်ပေါ်ပြီး(၂-၄)ရာစု အချိန်ဖြစ်၏။ ဆရာတော်ကြီးနှင့် ငါးဖမ်းရာမှ ပြန်လာသော ကောင်လေးတစ်ယောက်တို့ စကားပြောနေကြ၏။ “နီကောလား..မင်း..ကြီးလာရင် လူကိုဖမ်းတဲ့တံငါလုပ်ပါ” “ဘာကိုပြောတာလဲ ဆရာတော်ဘုရား..” “ခရစ်တော်က သူ့တပည့်တော်ကြီးတွေကို မှာခဲ့တာလေ….ဧဝံဂေလိသတင်းကောင်းဟောဖို့၊ လူကိုဖမ်းတဲ့တံငါလုပ်ဖို့လေ…” ကောင်လေးက ခေါင်းတစ်ချက်ကုပ်ကာစဉ်းစားလိုက်ပြီး… “ဟုတ်ကဲ့…ကျွန်တော်ကြိုးစားပါ့မယ်..အခုတော့ ဒီငါးလေးကို ကိုယ်တော် ညစာအဖြစ် ကင်စားပါနော်..” ဆရာတော်ကြီးက ကြင်နာတက်သည့် ကောင်လေးကြောင့် သဘောကျစွာ ပြုံးလိုက်၏။ “အဖေ..ကျွန်တော့်ကို လက်ဆောင်ပေးမလို့ဆို..ဘာလဲဟင်” “နီကောလား..ဒီမြင်းလေးကို ဖေဖေက မင်းကိုအပိုင်ပေးတာ…”…

ဘာဗရာ ပွဲနေ့..ဒီဇင်ဘာ ၄ရက်

ဘာဗရာ ပွဲနေ့..ဒီဇင်ဘာ ၄ရက် ကမ်းခြေတစ်နေရာသို့ ဝတ်ရုံရှည်ကိုခြုံထားသော လူတစ်ယောက် လှမ်းလာ၏။ ခပ်လှမ်းလှမ်းဆီမှလည်း လူတစ်စုတို့က မျက်နှာမူရာဆီဦးတည်လာကြ၏။ ဝတ်ရုံရှည်ခြုံထားသူနှင့် လူတစ်စုတို့ ထိပ်တိုက်တွေ့ကြလေပြီး… ဝတ်ရုံရှည် ဝတ်ထားသူသည် ခေါင်းစွပ်ကို ဖယ်လိုက်ရာ ဆံပင်ရွှေအိုရောင်နှင့် လှပလွန်းသော မိန်းမပျိုလေး၏ မျက်နှာ ပေါ်လာ၏။ သူမသည် သဲသောင်ပြင်ပေါ်၌ လက်ညိုးဖြင့်”ငါး” ပုံစံရေးဆွဲလိုက်လေသည်။ ထိုအခါမှ လူတစ်စုက စိတ်ချသွားဟန်ဖြင့် မိန်ကလေးအနားကပ်လာကာ…တီးတိုးတိုင်ပင်ကြတော့သည်။ ခရစ်ယာန်တစ်စုနှင့် လျို့ဝှက်စွာ အကူအညီပေးသော သခင်မလေးဘာဗရာ… ခရစ်တော်ပေါ်ပြီး ၂ရာစုခန့်က… Barbara(ဂရိလို တစ်ပြည်သူဟု အမည်ရ၏)သည် တူရကီ၌…

စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့

စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့ ဒီဇင်ဘာလ(၃)   စိန့်ဖရန်စစ်ဇေးဗီးယား St. Francis Xavier သည် အာရှတိုက်တွင်ထင်ရှားသည့် ဂျက်ဇွစ်သာသနာပြု ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည်။ သူ့ကို စပိန်နိူင်ငံ၊ ဘန်ပလိုနာမြို့ ဆေးဗီးယားရဲတိုက်ရှိ ချမ်းသာကြွယ်ဝသည့် မိသားစုမှ ၁၅၀၆ ခုနှစ်၊ ဧပြီလ (၇)ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ပညာဆည်းပူးနေစဉ် လိုယိုလာမြို့သား စိန့်အီဂနေးရှပ်(စ်) Ignatius of Loyola တွေ့ဆုံပြီး သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ ဖရန်စစ်သည် လောကရေးရာများကိုသာ စိတ်ဝင်စားခဲ့သော်လည်း နောက်ပိုင်းတွင် စိန့်အီဂနေးရှပ်(စ်)နှင့်…

စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့

စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့ St. John Berchmans, (1599-1621) စိန့်ဂျွန်ဘဲ့ချ်မန်း(စ်)ဟာ မစ္ဆားမှာ တရားထောက်လူငယ်များကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။ သူဟာ နာခံခြင်းနဲ့အတူ အလွန်ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်တယ်။ သူ့ကို ၁၅၉၉ ခုနှစ် ဘယ်(လ်)ဂျီယံနိုင်ငံ မြို့ကလေးတစ်မြို့မှာ ဖိနပ်လုပ်ပြီး ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝကစတင်ပြီး မစ္ဆားတရား နာခြင်းနဲ့ စိပ်ပုတီးစိပ်ခြင်းတွေမှာ အလွန်စိတ်အားထက်သန် ခဲ့ပါတယ်။ သူ့အသက် ၇-နှစ်အရွယ် ကျောင်းကနေအပြန်မှာ ဘုရားကျောင်းထဲ ဝင်ပြီး မစ္ဆားတရားမှာ တရားထောက်…

စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ

စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ ပွဲနေ့ – နိုဝင်ဘာလ၊ ၂၄ ရက် ပုပ်ရဟန်းမင်းကြီး “ဂျွန်ပေါ်လ် ၂ (John Paul II)” က ၁၉ ရာစုတွင် “ဗီယက်နမ်းနိုင်ငံ (Vietnam)” မှာ ကက်သလစ်ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသည့် ဓမ္မအာဇာနည် ၁၁၇ ပါးကို ရဟန္တာအဖြစ် တင်မြောက်ပေးခဲ့ပါတယ်။ ၎င်းအုပ်စုထဲမှာ “ဗီယက်နမ်နိုင်ငံသား (Vietnamese)” ၉၆ ဦး၊ “စပိန်နိုင်ငံသား (Spaniards)”…