ဖာသာရ် Basil Zay Yar Win မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပါစကားကာလစတုတ္ထသီတင်းပတ် အင်္ဂါနေ့ဩဝါဒ ၁၃၊ ၅၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ 1917 Portugal နိုင်ငံ Fatima မြို့မှာ မယ်တော် ထင်ရှားပြခဲ့တာဟာ ယခုနှစ်ဆိုရင် 108 နှစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မယ်တော်သခင်မ ဟာ သိုးကျောင်းသားလေး ၃ ဦးဖြစ်တဲ့  Lucia, Franceso, နဲ့ Jacinta တို့ကို ထင်ရှားပြခဲ့ပါတယ် ။ May လ ၁၃ ရက်က နေ October ၁၃ ရက်နေ့တိုင် ၅ ကြိမ်တိုင်တိုင် မယ်တော်သခင်ဟာ ကလေးသူငယ်တွေကို ထင်ရှားပြခဲ့ပါတယ်။ မယ်တော် ထင်ရှားပြတဲ့အခါတိုင်းမှာတိုင်း ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ရန် စိပ်ပုတီးစိပ် ဆုတတာင်းကြဖို့ရန်အတွက် မယ်တော်သခင်မဟာ ဤကလေးသူငယ်၃ ဦးကို  ကြိမ်ဖန်များစွာတိုက်တွန်း ခဲ့ပါတယ်။ မှန်ပါတယ် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ယခုအချိန်မှာဆိုရင် မယ်တော်မိန့်ကြားခဲ့အတိုင်းပဲ ကျွန်ုပ်တို့ ကမ္ဘာပေါ်မှာ၊ ကျွန်ုပ်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို  လိုအပ်နေပြီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီ စိပ်ပုတီးစိပ် ဆုတောင်းဖို့ သစ္စာရှိရှိ နဲ့ စိပ်ပုတီးကို နေ့စဥ်မပြတ် စိပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီရဲ့ဘ၀တွေ ၊ ကျွန်ုပ်တို့မိသားစုတွေ ရဲ့ ဘဝ တွေ ၊ ကျွန်ုပ်တို့ နေထိုင်ရာ ရပ်ရွာဒေသ၊ အသိုင်းအဝန်း ငြိမ်းချမ်းဖို့  စိပ်ပုတီးစိပ်ဖို့ လိုနေပြီ ဖြစ်ပါတယ်။ တိုင်းပြည် ငြိမ်းချမ်းဖို့ ၊ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အမိမယ်တော်ဆီ အပ်နှံရမယ့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စိပ်ပုတီးစိပ်ခြင်းအားဖြင့် အမိမယ်တော်ရဲ့ ကာကွယ်စောင့်ရှောက်မှု ခံစားရပြီး တစ်ဦးချင်းစီရဲ့ဘဝ ငြိမ်းချမ်းပြီး ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအဝန်း အဖွဲ့အစည်း တည်ဆောက်နိုင်ပါစေလို့ ဘုန်းဘုန်းအနေနဲ့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားလုံးကို ဘုရားရှင် ကောင်းချီးပေးပါစေ။

rvamyanmar
rvamyanmar
Articles: 2746

Leave a Reply

Your email address will not be published. Required fields are marked *