ဖာသာရ် peter ကြည်မောင် (မန္တလေး) ၂၉ ကြိမ်မြောက်သာမန် စနေနေ့ ဩဝါဒ ၂၈၊ ၁၀၊ ၂၀၂၃

28 October 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေဖတ်ရှုခဲ့ရတဲ့ ရှင်လုကား ၆:၁၂-၁၆ မှာ သခင်ခရစ်တော်က တမာန်တော်ကြီး တဆယ်နှစ်ပါကို ရွေးကောက်ခေါ်ယူခဲ့တာကို ကြားနာရတယ် တဆက်တည်းမှာပဲ သာသနာတော်ကြီးက သခင်ခရစ်တော်ရွေးချယ်ခဲ့တဲ့  တမာန်တော်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် သူတို့ရဲ့ ပွဲးတော်နေ့အဖြစ်သတ်မှတ်ပြီးကျင်ပပေးလေ့ရှိပါတယ်။ ဒီကနေမှာလည်း တမာန်တော်ကြီး ၁၂ ပါးထဲးက တမန်တော်ကြီ စီမုန် ခေါ် ဆိုင်မွန် နဲ့ ဂျု့ ခေါ် ဂျူးဒ သာဒေရှု့စ် ရဲ့ပွဲးတော်နေ့အဖြစ် အောက်တိုဘာလ ၂၈ ရက်နေမှာကျင်းပပေးပါတယ်။ ဆိုင်းမွန်၊ ဂျု့ နဲ့ ဂျိမ်း ညီကို သုံးဦးဟာ ကလေအိုဖ နဲ့ မေရီတို့ရဲ့သာများဖြစ်ကြတယ်။  ကလေအိုဖ ၏မယား မာရီယားဟာ သခင်ခရစ်တော်ရဲ့မိခင် မယ်တော်မာရီယားနဲ့ ညီမ ဝမ်းကွဲးတော်စပ်သူဖြစ်တယ်။ ဒါကြောင် သူတို့ညီကိုသုံးယောက်ဟာ သခင်ခရစ်တော်ရဲ့ ဝမ်းကွဲးညီကိုတွေဖြစ်ကြတယ်။ တမာန်တော်ကြီး ဆိုင်မွန် နဲ့ ဂျု့တိူ့ ဟာ ဂျူးလူမျိုးတို့ရဲ့ထုံးတန်အစဉ်အလာတွေနဲ့ တရားဥပဒေတွေမှာစိတ်အားထက်သန်သူဖြစ်ပြီးတော့ ထာဝရဘုရားသာလျှင်သူတိုကိုအုပ်ချုပ်သူရှင်ဘုရင်အဖြစ်လက်ခံထားသူတွေဖြစ်တာကြောင့် ရောမလူမျိုးတို့ရဲ့အုပ်ချုပ်ကိုလက်မခံပဲတော်လှန်ပုန်ကန်ကြသူတွေဖြစ်ကြတယ်။ သာသနာတော်ရဲ့ဖခင်ကြီးတွေက သခင်ခရစ်တော် ရေကနေ စပြစ်ရည်အဖြစ်ပြောင်းလဲးစေခဲ့တဲ့ ကာနန်မြို့လက်ထပ်ပွဲးဟာ ဆိုင်မွန်ရဲ့လက်ထပ်ပွဲးဖြစ်မယ်လို့ လက်ခံယုံကြည်ခဲ့ကြတယ်။ ဒီနေရာမှာ သတိထားစေခြင်တာက သာသနာတော်ရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ ဆိုင်ပေတရု ခေါ် ပီတာနဲ့ မမှားစေခြင်ပါဘူး။ ဒီလိုစိတ်ထက်သန်သူ တမာန်တော်ကြီးများဖြစ်ကြတြဲ ဆိုင်မွန် ဇဲးလော နဲ့ ဂျု့ ကို စိတ်အားထက်သန်သော သတင်းကောင်းဝေမျှသူအဖြစ်သခင်ခရစ်တော် ပြောင်းလဲးပေးခဲ့ပါတယ်။ သူတို့ဟာ အီဂျစ်၊ ဆီးရီးယားနဲ့ ပါရှားအရပ်ဒေသတွေမှာ သခင်ခရစ်တော်ရဲ့ သတင်ကောင်းကို ဝေမျှရင် တရားတော်အတွက် အသက်ပေးခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုတော့ မဖြစ်နိုင်တဲ့အရာတွေမှာ အားကိုးအားထာဆုတောင်ပေးဖို့တောင်ခံရာ ရဟန္တာကြီးများအဖြစ်သာသနာတော်ကြီးက သတ်မှတ်ပေးထားပါတယ်။ တမာန်တော်ကြီးများကဲ့ ကျွန်တော်တို့ယုံကြည်သူနောက်လိုက်ခရစ်ယာန်တွေဟာ သခင်ခရစ်တော်ရဲ့ သတင်းကောင်းကို မိမိဘဝနဲ့ အသက်ရှင်နေထိုင်ဟောကြားသက်သေခံကြဖို့ခေါ်ခံထားရသူတွေဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ခွင့်လွတ်ပေးခြင်းနဲ့ မေတ္တာနဲ့ပေးဆပ်အနစ်နာခံခြင်းတွေမှာ ရှင်သန်သွားကြရမှာဖြစ်တယ်။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *