ဖာသာရ် peter ကြည်မောင် (မန္တလေး) ၃၀ ကြိမ်မြောက်သာမန် တနင်္လာနေ့ ဩဝါဒ ၃၀၊ ၁၀၊ ၂၀၂၃

30 October 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်လုကား ၁၃:၁၀-၁၇ မှာ သခင်ခရစ်တော်ပုံမှန်ပြုလုပ်လေ့ရှိသိအတိုင်း ဥပုဒ်နေ့မှာ တရားဇရပ်တခုမှာ တရားဟေားနေရင်းနဲ့  ၁၈ နှစ်ပါတ်လုံး နတ်ဆိုးညှင်းပန်နိပ်စက်မူ့ကြောင့် အင်းအားချိနဲ့သော ဝေဒနာ ခံစားနေရသူအမျိုးသမီးကို တွေမြင်ခဲ့လို့ ဥပုဒ်နေမှာပဲ ကုသပေးခဲ့တာကို ကြားနာခဲ့ရတယ်။ ရှင်လုကား ရဲ့ကျမ်းမှာ အမျိုးသမီးဟာ အားအင်ချိနဲ့နေလို့ မတ်တပ်တောင်မရပ်နိုင်ရှာဘူ လိုပဲ ဖေါ်ပြထားတဲ့ သူမရဲ့ယုံကြည်ခြင်းကို ဖေါ်ပြမထားသလို၊ သူမဟာ သခင်ခရစ်တော်ကို တောင်းလဲးမတောင်းဆိုခဲ့ပါဘူး။ သခင်ခရစ်တော်ကသာ သူမကို ခေါ်ယူပြီး ကုသပေးခဲ့တယ်။ အချင်းအမျိုးသမီး သင်၏အနာရောဂါမှ လွတ်မြောက်ပြီ၊ woman you are set free. လက်တင် ဆုတောင်းကုသပေးခဲ့တယ်။
ဒါကိုတွေမြင်တဲ့ တရားဇရပ်မူးက သူကိုသူ တရားဇရတ်မှာတာဝန်ရှိသူဆိုတဲ့အထားနဲ့ သခင်ခရစ်တော်ကို အပြစ်မတင်ရဲလို့ အမျိုး သမီး ကို သွားပြီး တပါတ်မှာ‌အလုပ်လုပ်ဖို့ခြောက်ရက်ရှိတယ် ဘာလို့ဒီလို ဥပုဒ်နေမှာ လာရောက်ကုသခြင်းခံယူရတာလဲး ဆိုပြီး ပြစ်တင်ခဲတယ်။ တရားဇရပ်မူးနားမလည်တာက ဥပုဒ်နေမှာ ကောင်းမှု့၊ သနားကျင်နာမှုကိုပြသရမယ် ပြုလုပ်ရမယ် ဆိုတာကိုနားမလည်းခဲ့ဘူး၊ ဘာမှမလုပ်ပဲးဥပုဒ်သီလဆောင်တည် လိုဖြူစဉ်ခြင်းကျေးဇူးတော်ရရှိသလို ဒီလို သနားကရုနာပြခြင်းပြုမူခြင်းဟာ ဖြူစဉ်ခြင်းကျေး‌ဇူးတော်ဖြစ်တယ် ဆိုတာ ကို နားလည်စေဖို့မှားယွင်းစွာနာလည်ထားသူ ဂျူးလူမျိုးတွေနဲ့ ရဟန်းအကြီးအကဲးတွေကို သခင်ခရစ်တော်ပြင်းထန်စွာ တုန့်ပြန်ခဲ့တယ်။ ဆိုးယုတ်သော ဟန်ဆောင်သူ တရားဟောဆရာ သင်တို့သည် ဥပုဒ်နေ၌ သင်တို့၏ နွားမြည်းတိုကို ရေငတ်ပြေစေခြင်းဌါ ရေသောက်စေကြသည်မဟုတ်သလော၊ သင်တို့ရဲ့တိရိစ္ဆာန်ကိုတောင်သင်တို့ အဲ့လိုပြုမူရင် ဒီ ၁၈ နှစ်ပါတ်လုံး ‌နတ်ဆိုးရဲ့ညှင်းပန်မှုအောက်မှာ ကျေးဇူးတော်ငတ်နေသူ ဘုရားသခင်ရဲ့သားသမီးကို ကျေးဇူးတော်ကရုဏာ မပြသင့်သလောဆိုပြီး ပြစ်တင်ပြောဆိုခဲ့တာကို ကြားနာခဲ့ရတယ်။ ဒါကြောင့်လဲး သခင်ခရစ်တော်က ရှင်မာတေဦး ၉:၁၃ မှာ I want mercy not sacrifice,ပူဇော်သက်ကာယကိုမဟာတ် သနားကရုနာကို သာ ငါအလိုရှိသည်ဆိုတာ ကို နားလည်အောင်လေ့လာကြ ဆိုပြီး ဆုံးမခဲ့ခြင်းဖြစ်တယ်။ ဒီနေ့ကျမ်းစာမှာထောက်ရှုစရာလေး နှစ်ချက်ကို လေ့လာကြည်ရအောင်၊ သင့်ရဲ့ဒုက္ခဝေဒနာတွေကို ဘုရားသိမြင်တယ်။ ကုသပေးဖို့လည်း အဆင်သင်ရှိနေတယ်။ သင်မတောင်ဆိုခဲ့ရင်တောင်မှ၊ မယုံကြာ်ခဲ့ရင်တောင်မှ ဘုရားက ကုသပေးမယ် ဆိုတဲ့ ကြီးမားတဲ့ ဘုရားရဲ့မေတ္တာကို အသိအမှတ်ပြုကြရမယ်။ နောက်တချက်ကတော့ ဘုရားကျောင်းတက် ဥပုဒ်စောင့်တာ ကဖြုစဉ်ခြင်းကျေးဇူးတော်ရရှိသလို၊ သနားကရာဏာနဲ့ အနစ်နာ ပေးဆပ်မူ့တွေဟာ လည်း ဖြူစဉ်ခြင်းကျေးဇူးတော်ကိုရစေတယ် ဆိုတာ သတိရပါ၊ ဘုရားကျောင်းဆောက်မှ မဟုတ် အစားမစားရသူ၊ ဒုက္ခရောက်သူ၊ အကူညီလိအပ်သူကို စိတ်ရောကိုပါ အနစ်နာခံကူညီခြင်းက ဘုရားရှင်သာ၍နှစ်သက်တော်မူတယ် ဆိူတာ ကို သတိပြုကြပါစို့။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *