မိမိရင်ထဲကြနေ လူတစ်ယောက်ကို အမှန်တကယ် ချစ်ရဲ့လား

Interesting Facts

          ဒီနေ့မှာ ချစ်ခြင်းမေတ္တာရယ်၊ Relationship တို့နဲ့ သက်ဆိုင်ပတ်သက်နေတဲ့ စိတ်ပညာနဲ့ ဆက်နွယ်နေတဲ့ မိမိရင်ထကြနေ လူတစ်ယောက်ကို အမှန်တကယ် ချစ်ရဲ့လားဆိုတဲ့ စိတ်ဝင်စားဖွယ် ရာ အကြောင်းအချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

          ကျွန်မတို့ လူသားတိုင်း အချစ်နဲ့မကင်းနိုင်သလို လူတစ်ယောက်က မိမိကို အမှန်တကယ်ချစ် ရင် ဘယ်လိုအကြောင်းပြချက်တွေပဲရှိပါစေ။ မိမိရင်ထဲကနေ အလိုအလျောက် အချစ်တွေပေးချင်တဲ့ ဆန္ဒတွေဖြစ်ပေါ်လာတာပါ။ ချစ်ဖူးခဲ့တဲ့သူတိုင်း ခံစားပြုမူခဲ့ကြတာ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။

            ဘယ်လိုအကြောင်းချက်လေးတွေလဲ စိတ်ပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့ အချက်တွေကို မျှဝေပေးမှာဖြစ်ပါတယ်။ မိမိက လူတစ်ယောက်ရဲ့ အကြောင်းကို ပိုပြောလေ့ရှိရင် မိမိရင်ထဲကပိုပြီး ချစ်ချင်တယ်ဆိုတာ ပေါ်လွင်ပါတယ်။

          Fall in love with that person မိမိဘဝမှာ အစစအရာရာ အဆင်မပြေနေတဲ့အချိန်မှာလည်း အချစ်ဆိုတာက မိမိက အဲ့ဒီသူကို ထပ်ခါတလဲလဲ လိုချင်တမ်းတနေမိတယ်။

          ရင်ထဲက ဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင်အချစ် self-love က အင်မတန်မှ အရေးကြီးပါတယ်။ မိမိ ရဲ့စိတ်က ရောနှော ရှုပ်ထွေးတွေဝေနေတာ မဖြစ်ဖို့လိုပါတယ်။

          ကိုယ်ချစ်တဲ့သူကိုမေတ္တာတွေ အများကြီးပေးတာကလည်း မူးယစ်ဆေးစွဲသလိုနဲပ ဆင်တူ ပါတယ်။ ဥပမာ ကိုကင်းစွဲသလို တစ်ခါသုံးစွဲမိရင် ထပ်ခါတလဲလဲ သုံးချင်သလို ရပ်ဖို့ခက်သွားတတ်ပါ တယ်။ မိမိရဲ့ စိတ်ကူးနဲ့ တဖတ်သက် ချစ်ခင်စုံမက်တာ crush ဖြစ်တာက အချိန်(၄)လလောက်ပဲ တာရှည်တယ်လို့ဆိုပါတယ်။ တကယ်လို့ ရင်ထဲကနေ ဖြစ်ပေါ်လာတဲ့ အချစ်ဆိုရင် (၄)လထက် ကြာရှည်သွားပါတယ်။

          ဘဝမှာ ချစ်ပေမဲ့ ရှောင့်သင့်တဲ့သူ နှစ်မျိုးရှိပါတယ်။ မာနကြီးတဲ့သူ၊ ရန်စတတ်တဲ့ သူတို့က သူ့အတွေးထဲမှာ အမြဲရှိမယ် အပြင်ကို ထုတ်ဖော်မပြတတ်ပါဘူး။

          နောက်တစ်မျိုးက အလုပ်အလွန်များတဲ့သူ သူကလည်း သူအလုပ်များကြောင်းကိုပဲ အမြဲပြောပြီး အကြောင်းပြတတ်တယ်လို့ အမြဲဆိုထားပါတယ်။

          လူတစ်ဦးတစ်ယောက်က သင့်ကို ကြိုက်တယ်လို့ သင်မှတ်ယူထားရင် ပြန်ကြိုက်နိုင်ဖို့ သင် ဘယ်တုန်းကမှ အချစ်အကြောင်း မခံစားဖူးပေမဲ့ ပြန်ပြီး ခံစားလိုက်တာ အကောင်းဆုံးပါပဲ။

          စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်မှာ သဘာဝတရားအရ အမျိုးသမီးတွေက အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်မှုရှိကြတယ်။

          အမျိုးသမီးတစ်ယောက်က အချစ်နဲ့ ပတ်သက်လို့ ဒွိဟဖြစ်နေပေမယ့်၊ အမျိုးသားကတော့ သူဘယ်လောက်ထိချစ်တယ်ဆိုတာကို ဖော်ပြတတ်လေ့ရှိကြတယ်။

          အမျိုးသမီးတစ်ယောက်ဟာ သူ့အတွက် ဆွဲဆောင်မှုရှိတဲ့ အမျိုးသား(ဝါ) သူကိုယ်တိုင်ချစ်နေ တဲ့သူဆိုရင် အသံနေအသံထားမြှင့်ပြီး စကားပြောတတ်ကြတယ်။ အမျိုးသားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်လိင်ရှေ့မှာဆိုရင် အသံနေအသံထားနှိမ့်ပြီး ပြောတတ်ကြတယ်။

          တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မှုရှိတဲ့ relationship မှာ အနည်းဆုံး (၁၀)မိနစ် လောက် သီးခြားအတူရှိနေချင်ကြတယ်။ ဒါကလည်း relationship ကို ပိုပြီး ခိုင်မာစေပါတယ်။

          လူတစ်ယောက်မှာ အချစ်ဆိုတဲ့ ခံစားမရှိရင် depressed စိတ်ဓာတ်ကျလေ့ရှိကြတယ်။ ဒါကြောင့် heart attack ဖြစ်လေ့ရှိကြတယ်။ မိမိချစ်တဲ့သူနဲ့ (၄၈)နာရီထက်၊ စကားပြောခွင့်မရခဲ့ရင် လွမ်းတဲ့ခံစားချက်တွေပိုဖြစ်စေပါတယ်။

          မိမိချစ်သူကို respect ပေးတာက ကြေးမုံကြည့်သလို ရောင်ပြန်ဟပ်ပါတယ်။ ပိုပြီး respect ပေးလေ မိမိအပေါ် အချစ်တွေ ရောင်ပြန်ဟပ်လေပါပဲ။

          အချစ်စစ်အချစ်မှန်ဆိုရင် (၁၀)နှစ်လောက်စောင့်ပြီးမှ ချစ်တဲ့သူနဲ့ relationship ရရှိနိုင်တယ်။ တစ်ခါတစ်လေ နှစ် (၅၀) လောက်ထိစောင့်ရတာတွေလည်း ရှိပါသေးတယ်။

          မိမိကိုယ်ချစ်တဲ့သူနဲ့ အချိန်တွေအတူရှိပေးပါ။ အချိန်တွေ အလဟသ မဖြစ်ပါစေနဲ့ ဒါက လည်း မိမိကို မှန်ကန်တဲ့ အခြေအနေမှာ အမှန်အကန်ချစ်တဲ့သူနဲ့ ဆိုရင်ပါ။

          ဒါပေမဲ့ မယုံကြည်ရတဲ့သူကို မချစ်ဖို့တော့ လိုပါတယ်။ မိမိသေသေချာချာ မသိပဲ မခံစားရမဲ မမုန်းပါနဲ့ မိမိက မဖော်ပြနိုင်ပဲ မပြောပါနဲ့ မိမိမသိပဲ မဆုံးဖြတ်ပါနဲ့။

          ကတိများများပေးတဲ့သူက ပိုပြီး သစ္စာရှိတဲ့သူ ပိုပြီးရိုးသားတဲ့သူဖြစ်တာတွေ တွေ့ရပါတယ်။

          မိမိကိုယ်အမှန်တကယ် မေတ္တာစစ်နဲ့ ချစ်တဲ့သူ ဘယ်လောက်ပဲ အခြေအနေတွေ ခက်ခဲနေ ပါစေ။ ဘယ်တော့မှ မိမိအနားက မထွက်ခွါသွားပါဘူး။ never give up on you.

          Relationship တစ်ခုမှာ တစ်ယောက်ရဲ့ ရင်ထဲမှာရှိတာတွေကို ပွင့်ပွင့်လင်းလင်း အကုန်ဖွင့် ပြောဆိုနိုင်မှ relationship အစစ်အမှန်ဖြစ်ပါတယ်။ မိမိကိုချစ်လို့ တွေ့ဆုံချင်တယ်ဆိုရင်လည်း လမ်းစရှာမယ် လုံ့လထုတ်မယ်။ ပြီးတော့ လာတွေ့မှာ အမှန်ပါပဲ။

          မိမိကို မချစ်တော့လို့ reject ငြင်းပယ်မယ်ဆိုရင် upset မဖြစ်ဖို့ လိုပါတယ်။ မိမိအတွက် ကောင်းဖို့ဖြစ်လာတာလို့ ယူဆပါ။ မိမိလုံလောက်စွာနဲ့မှ မထောက်ပံ့နိုင်တာကို မိမိကသိရမှာပါ။

          မိမိက တစ်ဦးတစ်ယောက်ကို တဖက်သတ် ချစ်နေချိန်မှာ အဲ့ဒီအချစ်ကို ကြုံရခဲ့လျှင် မိမိခံစားရတဲ့ နာကျင်မှုတွေကို သက်သာသွားစေပါတယ်။ သွေးထဲက oxytocin လျော့သွားသလိုပါ။

          ဒါကြောင့်မို့ မိမိကို အတိုင်းအဆမရှိ ချစ်ခဲ့ဘူး၊ မိမိကိုယ် သေချာပေါက်ချစ်တဲ့သူရဲ့ အချိန်တွေ ကုန်ဆုံးစေပါ။ အမှန်ကန်ဆုံး အခြေအခြေမို့ အချိန်တွေကို မဖြုန်းတီးဖို့ ပြောချင်ပါတယ်။ ချစ်ခြင်း မေတ္တာဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးသော အရာတစ်ခုကို ရရှိတာဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာ ကို ထမ်းပိုးရတာလည်း အခက်ခဲဆုံးဖြစ်ပါတယ်။ ဆုံးရှုံးသွားခဲ့ရင်လည်း အင်မတန်မှ ခံစားရပါတယ်။

          ချစ်ခြင်းမေတ္တာ အမှန်ကတယ်ရှိတဲ့သူဟာ ဘာအကြောင်းပြချက်မှ မရှိပဲ ဘယ်လိုအခြေ အနေပဲရှိပါစေ မေတ္တာတွေ အတိုင်းအဆမရှိပေးပါလိမ့်မယ်။ နောက်ပြီး အမြဲတမ်း respect ပေးပါ လိမ့်မယ်။

          ဒါဟာ အချစ်စစ်အချစ်မှန်နဲ့ ချစ်တာပဲဖြစ်ပါတယ်ဆိုတာ တင်ပြရင်း အချစ်တွေ အများကြီး ပိုင်ဆိုင်ရတဲ့သူ ဖြစ်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။  

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *