ပုပ်ဖရန်စစ်အမြန်ဆုံးပြန်လည်ကျန်းမာလာရန်အကျဉ်းသားများမှဆုတောင်းပေး။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လေပြွန်လမ်ကြောင်းကြောင့် အသက်ရူရာသက်တောင့်သက်သာမရှိ၍ ဖေဖော်၀ါရီလ (၁၄) ရက်နေ့မွန်းလွဲပိုင်း၌ရောမမြို့ရှိ ‘Gemelli’ ဆေးရုံသို့တက်ရောက်၍ဆေး၀ါးကုသမှုကိုအနီးကပ်ခံယူလျှက်ရှိသည်။ ထိုသတင်းကို မီလန်မြို့ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်း သားများလည်းကြားသိရ၍စာရေးသားပေးပို့ဆုတောင်းမေတ္တာပါးခဲ့ကြသည်။

အမှန်ဆိုရသော် ရဟန်းမင်းကြီးဖရန်စစ်သည် ဖေဖော်၀ါရီ (၁၇)၊ တနင်္လာနေ့၌ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်းသားများ ရောမမြို့၊ ရုပ်ရှင်မြို့တော် ‘Cinecittà studios’ ၌တင်ဆက်မည့်မြူးစိဖျော်ဖြေရေးကိုရူစားရန်စီစဉ်ထားခဲ့သော်လည်း ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့်ဖျက် သိမ်းလိုက်ရသည်ဟုသိရသည်။

ယခုကဲ့သို့အစီအစဉ်ကိုဖျက်သိမ်းလိုက်ရ၍လည်း လေးဖက်နံရံကာထောင်နန်းသာရှင်သန်နေကြရသောအကျဉ်းသားများအတွက် ပြင်ပမှလေ၊ လွတ်လပ်စွာရှင်သန်သွားလာနေသောလူများကိုတွေ့ဆုံနိုင်မည့်အခွင့်အရေးကြီးဆုံးရှုံးသွားခဲ့ရကြောင်း ဤအစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့ ‘the Amici della Nave association’ ထဲမှတစ်ဦးဖြစ်သော Eliana Onofrio ကမှတ်ချက်ပြုခဲ့သည်။

ဤအဖွဲ့အစည်းသည် (၂၀၁၈) ခုနှစ်ကဖွဲ့စည်းခဲ့သည်။

ဤအကျဉ်းသားများသည် ကြီးမား သောရာဇ၀တ်မှုကျူးလွန်သူသည်ထက်ဆေးနှင့်အရက်သေစာစွဲ၍ဘ၀ပျက်နေကြသောသူများအားပြန်လည်ထူထောင်ရေးကိုဦးစားပေးလုပ်ဆောင်နေသောအဖွဲ့ဖြစ် သည်။

ပြန်လည်ထူထောင်သည့်အစီအစဉ်များအနက် မြူးစိသည် အကျဉ်းသားများ၏စိတ်ကိုဖြေလျော့ပေး ၍၄င်းတို့ဘ၀နှင့်နွှယ်ယှက်နေကာ မူးယစ်ကျွန်ဘ၀မှလွတ်မြောက်စေလိုသောအသိတရားများကိုဖြစ်ပေါ်စေကြောင်း

ရဟန်းမင်းကြီးဖရန်စစ်အား ၄င်းတို့၏လက်စွမ်းကိုပြခွင့်ရမည်ဟုအားတင်းထားခဲ့သော်လည်း နောက်ဆုံးရလိုက်သောသတင်းမှာရဟန်းမင်းကြီးနေထိုင်မကောင်း၍ အတည်ပြုထားသောအစီအစဉ်ကိုဖျက်သိမ်းလိုက်ရကြောင်းဖြစ်ပါသည်။ ထိုသတင်းကြောင့် တာ၀န်ရှိသူများမှတိုက်တွန်းခြင်းမဟုတ်ဘဲ အကျဉ်းသားများမှမိမိတို့၏ခံစားချက်အလျှောက် ရဟန်းမင်းကြီး အား၄င်းတို့ချစ်ကြောင်းမေတ္တာပြသောစာများကိုရေးသားပေးပို့ခဲ့သည်။

အကျဉ်းသားများမှရေးသားပေးပို့သောစာများအနက် တစ်စောင်၌ ‘ရဟန်းမင်းကြီးကို အနုပညာတင်ဆက်ပေးနိုင်ဖို့ အစစအရာရာကို အကုန် အကျအများကြီးခံပြီး၊ စီစဉ်ထားတယ်။ အကျဉ်းသားတွေလည်းအင်နဲ့အားနည်းလုံ့လစိုက်ထုတ်ထားတယ်။ ရဟန်းမင်းကြီးဟာအကျဉ်းသားတွေအတွက် အဓိကပုံရိပ်ပါ။ ရဟန်းမင်းကြီးခံစားနေရတဲ့‌‌ေ၀ဒနာကိုလည်းစာနာပါတယ်။ အမြန်ဆုံးသက်သာဖို့လည်းဆုတောင်းပေးပါတယ်’ ဟု ၄င်းတို့အနေဖြင့်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရရန်အဘယ်မျှမျှော်လင့်နေခဲ့ကြောင်းကိုရေးသားဖော်ပြထားသည်။

အခြားအကျဉ်းသားတစ်ဦးကလည်း ရဟန်းမင်းကြီးနှင့်တွေ့ဆုံရမည်ဖြစ်၍ လွန်စွာစိတ်လှုပ်ရှားပြီးပျော်ခဲ့ရကြောင်း၊ သို့သော် ရဟန်းမင်း ကြီး၏ကျန်းမာရေးရုတ်တရက်ဖောက်လာ၍မကြွရောက်နိုင်တော့သည့်သတင်းကြောင့် တင်းထားသောစိတ်များပြိုလဲသွားသကဲ့သို့ခံစားခဲ့ရကြောင်း၊ ဤသို့ဖြစ်ရသည်မှာ မလာချင်၍မဟုတ်ဘဲ အရေးကြီးသောကျန်းမာရေးအခြေအနေကြောင့်ဟုဖြည့်တွေးနှစ်သိမ့်လိုက်ကြောင်း၊ ရဟန်းမင်းကြီး၏ကျန်းမာရေးသည်အရေးကြီးဆုံးဖြစ်ကြောင်း၊ အမြန်သက်သာကျန်းမာလာစေရန်ဆုတောင်းပေးမည်ဟုကတိပြုကြောင်း၊ ယခုအစီအစဉ်ကောင်းကိုဖျက်သိမ်းလိုက်ရ၍ ရဟန်းမင်းကြီးအနေ ဖြင့်စိတ်သောကမရောက်ရန်၊ အမြန်နေကောင်းကျန်းမာလာပြီး၊ အမြန်ပြန်ဆုံနိုင်ရန်မျှော်လင့်ကြောင်းရေး သားထားသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်

ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/lh6zx1
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *