လျော့ချပါ။ ပြန်လည်ဆန်းစစ်ပါ။ ပိုမိုဂရုစိုက်တတ်ရန်ဆုတောင်းပါ

လျော့ချပါ။ ပြန်လည်ဆန်းစစ်ပါ။ ပိုမိုဂရုစိုက်တတ်ရန်ဆုတောင်းပါ

ရဟန်းမင်းကြီးဖရန်စစ်သည် အသက်အရွယ်နှင့်ကျန်းမာရေးအရ ဇူလိုင်လတစ်လလုံးလူသူအများနှင့်တွေ့ဆုံလက်ခံစကားပြောဆိုမှုများကိုရပ်နားထားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းကပင်အသိ ပေးထားခဲ့ပြီးဖြစ်သည်။ သို့သော် တနဂ်နွေနေ့မွန်းတည့်ချိန်၌ စိန့်ပီတာရင်ပြင်၌ရောက်ရှိနေကြသော ဘုရား ဖူးများနှင့်အတူအန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုဆုတောင်းခြင်းကိုမူဆက်လက်ထုတ်လွှင့်မည်ဖြစ် ကြောင်းကိုလည်းတစ်ဆက်တည်းဖော်ပြထားသည်။

ယမန်နေ့ (၁၆) ကြိမ်မြောက်သာမန်ကာလတနဂ်နွေကလည်း ရဟန်းမင်းကြီးသည် ဘုရားဖူးများနှင့်အန်ဂျေလူးမေတ္တာကိုဆုတောင်းခဲ့ပါသည်။ အန်ဂျေလူးဆုတောင်းမေတ္တာကိုမရွတ်ဆိုမည် ရဟန်းမင်း ကြီးက (၁၆) ကြိမ်မြောက်သာမန်တနဂ်နွေနေ့၌ဖတ်ကြားရသည့် ဧ၀ံဂေလိကျမ်းစာကိုဘာသာတူများထောက်ရူချက်ပေးခဲ့သည်။

ကျမ်းစာသည် သံမာကုဧ၀ံဂေလိကျမ်း (၆း၃၀-၃၄) မှဖြစ်သည်။ ယေဇူသခင်သည် တပည့်‌ တော်များအားနှစ်ပါးစီစေလွှတ်၍ တမန်တော်အမှုများကိုဆောင်ရွက်စေခဲ့သည်။ တပည့်တော်ကြီးများသည်အမှုပြီးစီးပြီး ပြန်လည်ရောက်ရှိလာကာ ၄င်းတို့လုပ်ဆောင်နိုင်ခဲ့သည်များကို၀မ်းသာအားရပြန်လည်ပြောပြကြသည့်အကြောင်းအရာဖြစ်သည်။ တပည့်တော်ကြီးများပျော်ရွှင်နေစဉ် ယေဇူးသခင်က တိတ်ဆိတ်ပြီး လူသူကင်း‌ေ၀းသောနေရာ၌ ခေတ္တအနားယူရန်အကြံပြုခဲ့သည်။ ထိုသို့အကြုံပြုခဲ့သော်လည်း ၄င်းတို့သွားရောက်သောနေရာသို့ လူအုပ်ကြီးကကြိုတင်ရောက်ရှိသွားပြီး စောင့်ဆိုင်းနေပါသည်။ ယေဇူးသခင်သည် လူအုပ်ကြီးအားသနားစိတ်ပွားမိသည်။

ယေဇူးသခင်သည် တမန်တော်ခရီးမှပင်ပန်းလာသော တပည့်တော်ကြီးတို့အားစာနာသနားမိ၍ အနားယူစေခဲ့သည်။ ထို့အတူ သူတို့နောက်ထပ်ကြပ်မခွာလိုက်ပါလာသောလူအုပ်ကြီးအားလည်း ယေဇူးသခင်သနားစိတ်၀င်သွားသည်။ ယေဇူးသခင်အနေဖြင့် သူ၏တပည့်တော်ကြီးများကိုသာစာနာနားလည်ပြီး လူအုပ်ကြီးအားလစ်လျှူမရူခဲ့ပေ။

အလုပ်၌လောဘကြီးသူအဖြစ်မခံနှင့် (Avoiding a ‘dictatorship of doing)

တမန်တော်အမှုတော်ကိုထမ်းဆောင်ရာ၌ ပင်ပန်းနွမ်းလျှပါသည်။ ထို့ကြောင့်လည်း ယေဇူးသခင်သည် တပည့်တော်ကြီးတို့၏ပင်ပန်းနွမ်းလျှမှုကိုစဉ်းစားပေးခဲ့သည်။ ဤပင်ပန်းနွမ်းလျှမှုသည် ယနေ့ကျွန်ုပ်တို့ခေတ်အခါ၌လည်းဆက်လက်ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် တမန်တော်လုပ်ငန်းများကို စိတ် အားထက်သန်စွာလုပ်ဆောင်ခြင်း၊ တာ၀န်ယူတတ်စိတ်များလွန်းခြင်းများသည် တစ်ခါတစ်ရံ အမှုတော်ဆောင်များအား စိတ်ထားအလွန်အကျွံထက်သန်လွန်းသူ၊ တက်ကြွလွန်းသူ၊ လုပ်ဆောင်ရမည့်အမှုများကိုသာဦးနှောက်ထဲ၌ထည့်ထားပြီး ကျန်မည်သည့်အရာကိုမျှမစဉ်းစားတော့သည့်အနေအထားမျိုးဖြစ်လာတတ် သည်။ ကျွန်ုပ်တို့သည် လုပ်ဆောင်ရမည့်အမှုများကိုလုပ်ဆောင်ရန်သာ စိတ်အားထက်သန်လွန်းပြီး အရေးပါသောအရာကိုမူမျက်ခြေပြတ်ကျန်နေစေတတ်သည်။ ကိုယ်၊ စိတ်ပင်ပန်းနွမ်းလျှလွန်းခြင်းသည် သာသနာ၏ အမှုများနှင့်တမန်တော်လုပ်ငန်းများအား ၀န်ပိလာစေပြီး၊ ထိရောက်စွာလုပ်ဆောင်နိုင်စွမ်းကိုလျော့ကျလာစေသည်။

မိသားစုများအားစိန်ခေါ်ချက်များ (Challenges facing families)

အထက်ပါအချက်နှင့်စပ်လျင်း၍ မိသားစုအသက်တာ၌လည်း ဖခင်ဖြစ်သူသည် မိသားစု၏ စား၀တ်နေရေးအတွက်ပြေလည်စေရန် အနားမရ။ နေ့စဉ်လုံးပမ်းရှာဖွေရသည်။ ထို့ကြောင့် မိသားစုနှင့်အတွက်ပေးရမည့် တန်ဖိုးကြီးမားလှသောအချိန်သည် ပွန်းပဲ့ဆုံးရှုံးနေကြရသည်။ ဤသို့ဖြစ်ရခြင်းသည် ဖခင်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း ‘social injustice’ (လူမှုရေးတရားမမျှတမှု) ကြီးဖြစ်သည်။

ဖခင်ဖြစ်သူသည်လည်းကောင်း၊ မိခင်ဖြစ်သူသည်လည်းကောင်း မိမိတို့၏သားသမီးများအ တွက် မဖြစ်မနေအချိန်ပေးရမည်ဖြစ်သည်။ သို့မှသာ ဖခင်၊ မိခင်မေတ္တာ၏နွေးထွေးမှုကိုခံစားရပြီး ပျော်ရွှင်ဖွယ်ရာသီရိဂေဟာအဖြစ်ခံစားကြီးထွားလာကြမည်ဖြစ်သည်။ မိဘများအလုပ်လောဘကြီးသူများအဖြစ်မခံရန်အသိ၊ သတိရှိရမည်။ ဤအဖြစ်မျိုးနှင့်ကြုံနေကြသောမိသားစုများအနေဖြင့် လွှတ်မြောက်အောင်မည်သို့ ကူညီလုပ်ဆောင်မည်နည်းဟုဆင်ခြင်သင့်လှပါသည်။

ကာယနှင့်စိတ်ပိုင်းကိုပြန်လည်အားသစ်လောင်းပါ (Recharging body and spirit)

အနားယူသည်ဟုဆိုရာ၌ ကမ္ဘာကြီးထဲမှရှောင်တိမ်းရန်၊ မိမိသက်တောင့်သက်သာရှိအောင်ကြံဖန်သည့်ကျဉ်းမြောင်းသည့်အတွေးအခေါ်မျိုးကိုဆိုလိုသည်မဟုတ်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်နှင့်စိတ်စွမ်း အင်များကိုပြန်လည်အားသစ်လောင်းရန်လိုအပ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပတ်၀န်းကျင်ရှိအ ကူအညီလိုအပ်နေသူများအား ချစ်ခြင်းဖြင့်ဂရုစိုက်ပေးနိုင်မည်။ စာနာမှုကိုပြသနိုင်မည်ဖြစ်သည်။

အနားယူခြင်းနှင့်စာနာတတ်ခြင်းသည် ဒွန်တွဲနေပါသည်။ အနားယူခြင်း၏တန်ဖိုးနှင့်နည်းလမ်းကျကျအနားယူတတ်မှသာလျှင် စာနာတတ်မည်။ ကြင်နာတတ်ပေမည်။ ကျွန်ုပ်တို့သည် လုပ်ဆောင်ရ သည့်အမှုများကြောင့် စိတ်ပူပန်၊ ဖိစီးမနေလျှင်ဘုရားသခင်၏ကောင်းချီးတော်ကိုဆုတောင်းခြင်း၊ ရှိခိုးကိုး ကွယ်ခြင်းများဖြင့်ခံယူရမည်ကိုသိရှိပေမည်။ ထိုအခါ စာနာတတ်သော၊ ကြင်နာသောအကြည့်၊ အမြင်များရှိလာပေမည်။ ထိုအခါ အဘယ်သို့ကူညီသင့်သည်ကိုလည်းကောင်းစွာသိရှိလာမည်ဖြစ်သည်။

လျော့ချပါ။ ထောက်ရူပါ။ ဆုတောင်းပါ။ (Slow down, reflect, pray)

ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများအနက် ရပ်နားထားနိုင်သည်များကိုရပ်နား၍ ဘုရားသ ခင်နှင့်အတူပေါင်းစပ်နိုင်ရန်အချိန်အနည်းငယ်ယူနိုင်အောင်ကြိုးစားပါ။ ကျွန်ုပ်တို့၏ခန္ဓာနှင့်စိတ်ကိုပြန်လည် ရွှင်လန်းတက်ကြွလာအောင် အားသစ်လောင်းပါဟုအကြံပြုခဲ့သည်။ ထို့အတူ ကျွန်ုပ်တို့၏ကညာစင်မယ် တော်မာရိယာသည် ကျွန်ုပ်တို့စိတ်၀ိညာဉ်အားဖြင့်အနားယူနိုင်ရန်ဆုတောင်းပေးမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် နေ့စဉ်အသက်တာ၌ မည်မျှပင်အလုပ်ရှုပ်နေစေကာမူ အလုပ်ကိုခေတ္တရပ်ထား၍အခြားသူများ၏ လိုအပ်ချက်ကိုကူညီပေးရန်အချိန်ပေးမိန့်ကြားရင်းဩ၀ါဒကိုနိဂုံးချုပ်ခဲ့ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်
https://bitly.cx/HtveF

rvamyanmar
rvamyanmar
Articles: 715

Leave a Reply

Your email address will not be published. Required fields are marked *