မြန်မာပြည် ‌ ယေဇူးအသင်း (ဂျက်ဇွတ်) အသင်းဂိုဏ်းအတွက် ရဟန်းသစ်သုံးပါး ရရှိခြင်း။

မြန်မာပြည် ‌ ယေဇူးအသင်း (ဂျက်ဇွတ်) အသင်းဂိုဏ်းအတွက် ရဟန်းသစ်သုံးပါး ရရှိခြင်း။

Friday, October 13, 2023

မြန်မာပြည် ‌ ယေဇူးအသင်း (ဂျက်ဇွတ်) အသင်းဂိုဏ်းအတွက် ရဟန်းသစ်သုံးပါး ရရှိခြင်း။

၁၃.၁၀.၂၀၂၃ ခုနှစ် နံနက် (၉း၀၀) နာရီက တောင်ကြီးမြို့ ၊ ဘုရားဖြူရပ်ကွက်ရှိ ကရုဏာရှင်ယေဇူးဘုရားကျောင်း၌ ဦးပဉ္စင်းကြီး ဂျေရုမ်းအေးမင်း၊ ဦးပဉ္စင်းကြီး ဂျိုးဇက် ထန်းဟာ၊ ဦးပဉ္စင်းကြီး ဂျဲရာဒ့် လုကွယ် တို့သုံးပါးသည် တောင်ကြီးကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ဘာဆီးလျိုအားသိုက် လက်တော်မှ ထာဝရ ရဟန်း သိက္ခာ ကို ခံယူရရှိခဲ့ကြပါသည်။

ထာဝရ ရဟန်းသိက္ခာတင်အခမ်းအနားသို့  မြန်မာပြည် ယေဇူးအသင်း (ဂျက်ဇွတ်) ဝင် အကြီးအကဲ Rev. Fr. Grish , SJ နှင့်တကွ ယေဇူးအသင်းဂိုဏ်းဝင် ရဟန်းတော်များ၊ကိုရင်များ၊ တောင်ကြီးဂိုဏ်းချုပ်သာသနာအတွင်းရှိ အနယ်အနယ် အရပ်ရပ်မှ ရဟန်းတော်များ၊သီလရှင်များ၊ ဆွေမျိုးများနှင့် ဓမ္မမိတ်ဆွေများ ပါဝင်တက်ရောက်ခဲ့ကြသည်။

တောင်ကြီးဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ဘာဆီးလျို အားသိုက်မှ ဩဝါဒ တရားရေအေးတိုက်ကျွေးရာတွင်

ယေဇူးအသင်း (ဂျက်ဇွတ်) ဝင် အတွက် ရဟန်းသစ်သုံးပါးရရှိသည့်အတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ယေဇူး အသင်း (ဂျက်ဇွတ်) များ တောင်ကြီးဂိုဏ်းချုပ်သာသနာတွင် လာရောက်၍ သာသနာ့လုပ်ငန်းများ၌ ပါဝင်

ဆက်ကပ်လုပ်ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ယေဇူးအသင်းဂိုဏ်းဝင်ရဟန်း တစ်ပါး ဖြစ်ရန် တွက် နှစ်ရှည်လများကြိုးစားကြရကြောင်း၊ရဟန်းတစ်ပါးအနေဖြင့်နာခံခြင်းသည်အရေးကြီးကြောင်း၊များကိုမြွတ်ကြား ခဲ့သည်။

ဦးပဉ္စင်းကြီးသုံးပါးထဲမှ တစ်ပါးဖြစ်သော ဦးပဉ္စင်းကြီး ဂျိုးဇက်ထန်ဟာသည် ကိုရင်ဘဝမှစ ယနေ့အချိန်ထိ  အာဗီအေ မြန်မာဘာသာ အစီအစဥ်များထဲမှ တစ်ခုဖြစ်သော  ပုပ်ရဟန်းမင်းကြီး၏ သတင်းစကားများ အစီအစဉ်တွင် ဘာသာ ပြန်ခြင်းကို ဆက်ကပ် လုပ်ဆောင် ပေးနေသူတစ်ပါးဖြစ်သည်။

ရဟန်းသစ် သုံးပါးတို့၏ ဆောင်ပုဒ်မှာ “ ချစ်ခြင်းဖြင့် အမှုဆောင်ရန် ခေါ်ဖိတ်ခြင်းခံရ၏။ “ဟူ၍ဖြစ်သည်။

ရဟန်းသစ် သုံးပါးအတွက် ဆက်လက်၍ ဆုတောင်းပေးကြပါစို့။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *