သူဆင်းရဲကို လက်မထက်ပါနဲ့ဆိုတဲ့ ဖခင်က သမီးကိုမှာမဲ့ စကားကို တဆင့် မျှဝေ ပေးသွားမှာဖြစ်ပါတယ်။
Don’t Marry
ဒီနေ့မှာ သူဆင်းရဲကို လက်မထက်ပါနဲ့ဆိုတဲ့ ဖခင်က သမီးကိုမှာမဲ့ စကားကို တဆင့် မျှဝေ ပေးသွားမှာဖြစ်ပါတယ်။
လက်ထပ်ဖို့ ချစ်သူကို အဖေဆီခေါ်လာပြီး သမီးသူနဲ့ လက်ထပ်မယ်လို့ အဖေ့ကို ပြောလိုက် တယ်။
အဖေ ‘‘ဒါက သမီးချစ်သူ – သမီးသူနဲ့ လက်ထပ်မယ်လို့ ပြောခဲ့တယ်နော်’’
နောက်တော့ သမီးကို အဲ့ဒီလူနဲပ သဘောမတူနိုင်ဘူးလို့ အဖေပြောခဲ့တယ်။
ဘာကြောင့်လဲလို့ သမီးမေးတော့ ‘‘ဆင်းရဲလို့’’လို့ အဖေဖြေခဲ့တယ်။
အဲ့ဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေမမေ့ခဲ့ပါဘူး။
သမီးရဲ့အကြည့်ထဲမှာ ‘‘ငါအဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာ’’ဆိုတာ ပါနေ တယ်။
အဖေဘယ်လိုရှင်းပြရမလဲ၊ ကိုယ့်သမီးအထင်လွဲသွားတာလောက် အဖေတစ်ယောက် ခံစား လိုက်ရတာ မရှိပါဘူး သမီး။
သူ့ပိုက်ဆံမရှိလို့ပေါ့.. ဟုတ်လား… ဖေဖေလို့ သမီးပြန်ပေးခဲ့တယ်နော်၊
မဟုတ်ဖူး သမီး၊ သူဆင်းရဲတာက ပိုက်ဆံဆင်းရဲတာမဟုတ်ဘူး၊ သူဆင်းရဲတဲ့အချက် (၄)ချက်ကို အဖေတွေ့လိုက်တယ်၊
(၁) ရည်မှန်းချက်ဆင်းရဲတယ်
အဲ့ဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ရပ်နေတဲ့အချိန် သမီးဘေးမှာ ရပ်နေတဲ့သူက မျက်စိကလယ် ကလယ်နဲပ ကြည့်ရတာ၊ သိပ် စိတ်မခိုင်သလိုပါပဲ၊ သမီးတို့ရဲ့ အနာဂတ်အကြောင်း အဖေမေးတော့ စကားထစ်ထစ်အအနဲ့ ဦးတည်ရာ မရှိခဲ့ဖူးဘူး ပြောတယ်။ တကယ်တမ်းပြောရင် အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်နိုင်ဖို့ ပိုက်ဆံမရှိတာမို့ အဖေသူ့ကို မလိုလားတာမဟုတ်ဘူး၊ သူ့မှာ ငွေကြေးဥစ္စာ ရှာဖို့ ရည်မှန်းချက်မရှိတာကို အဖေမလိုလားတာပါ။
သူဌေးသားတစ်ယောက်နဲ့ တောင်သူလယ်သမားဆင်းရဲသားတစ်ယောက် ဘယ်သူ့ကို ရွေးမှာလဲလို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေ မပြောတတ်ဖူး၊ ဆင်းရဲတော့ ဘာပြောလဲ၊ လူတိုင်းဆင်းရဲ ဖူးတာပဲ၊ ဒါပေမယ့် အသက်ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလိုရေလိုက်ငါးလိုက် နေတဲ့ စိတ်ဆန္ဒ မရှိရဘူး။ လူတိုင်းက ပြုစင်လှပတဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ချင်ကြတာပဲ၊ ဒါပေမယ့် ဘဝတစ်ခုကို ထူထောင်တဲ့အခါမှာ သူနဲ့အတူ ထမင်းရည်လျက် တဲအိုပျက်မှာ သမီးတသက်မနေနိုင်ပါဘူး၊ ဘဝ တစ်ခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရမှာပါဘဲ။
(၂) အတွေးအခေါ်ဆင်းရဲတယ်
လူ့ဘဝရဲက ဒီတသက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ်မဆင်းရဲရဘူး သမီး၊ ယောက်ျား လေးဆိုတဲ့ မျိုးက နဂိုကတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်၊ သမီးကတော့ အရွယ်မရောက်ခင် ကတည်းက အရာရာသိတတ်နေပြီး၊ သမီးတို့နှစ်ယောက် အိမ်ထောင်ဘဝတစ်ခုကို ထူထောင်ကြမယ့် အဖြစ်ကို အဖေက ယောင်လို့တောင် မတွေးရဲခဲ့ဘူး။ သူက ပြောတယ် ကွန်ပျူတာဂိမ်းဆော့ရတာ ကြိုက်တယ်တဲ့၊ ဒါကဘာမှတော့ မဟုတ်ပါဘူး အဖေလည်း ဂိမ်းဆော့တာပဲလေ၊ ဒါပေမယ့် အလုပ် က ပြန်ရောက်တာနဲ့ ဖိနပ်ကတစ်ဖက်၊ ခြေအိတ်ကတစ်ဖက် ပစ်တက်ပြီး ဘာအရေးအကြောင်းမှ စိတ်မဝင်စားတော့ပဲ ဂိမ်းထဲကို တိုးဝင်သွားတာမျိုးတော့ မရဘူးသမီး၊ သူ့အတွက် သမီးက ထမင်းကမ်း၊ ရေကမ်းပေးနေရအုံးမှာ၊ သမီးက စာဖက်တာကို ကြိုက်တယ်၊ ဖတ်တယ်၊ လူကြီးသူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့သမီးစကားဝင်ဆနဲ့ ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက် လက်လက်ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ရှေ့မှာ ထိုင်နေတဲ့ အဲ့ဒီကောင်လေးက အမှန် အတိုင်းပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး ဘဝဆိုတာ သမီးရည်းစား တုန်းကလို ပျော်ရွှင်နေစရာမဟုတ်ဘူးသမီး၊ ပျင်းရိငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင် လှုပ်ရှားဖို့ဆိုတာ လူတစ်ဦးတစ်ယောက်ထဲရဲ့ အတွေးအခေါ်နဲ့မရဘူး၊ သမီး သူ့အတွေး၊ ကိုယ့် အတွေးတွေ ဖလှယ်မှ မျှဝေမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ၊ အဖေမှတ်မိပါသေးတယ်။ အမေ့ ဝမ်းတွင်းက ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ်ပြီး ထွက်လာတယ် သမီးက ငယ်ငယ်လေးကတည်းက အရယ်သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာ ကို ခံရတယ်။ သမီးတစ်သက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ်သမီး။
(၃) အသိပညာဆင်းရဲတယ်
သူသံုးတဲ့မုန့်ဖိုးနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ၊ သူအခု၀င်ငွေလောက်နဲ့ ဘာလို့ ဝယ်သုံးရသလဲ၊ မူလဇစ်မြစ်ကတော့ အရေးပါတယ်တယ့်၊ ဟုတ်ပါတယ်၊ မူလဇစ်မြစ်ကောင်းတိုင်း အရာရာကောင်းသွားတာတော့မဟုတ်ဘူး။ အဖေ့ အသက် (၅၀)ကျော် အတွေ့အကြုံအရ လူတစ်ယောက်ရဲ့ မိသားစုဟာ အဲ့ဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ တော့ သက်ရောက်စေနိုင်တယ်ဆိုတာပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲ့ဒီအတွေးအမြင်ကို စမြင်နေရပြီသမီး၊ အသိပညာဆင်းရဲတယ့်အပြင်၊ အတွေးအမြင်လည်း ဆင်းရဲတာမို့ သူဟာ အသက် ၂၀ ကျော်တာ တောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူးသမီး။
(၄) အမျှော်အမြင်ဆင်းရဲတယ်
သူ့အိမ်က ဆင်းရဲတာ အဖေသိပါတယ်။ ဒါက ကိစ္စမရှိဘူး၊ ဒီခေတ်ဒီအခါက လူငယ်တွေကို အခွင့်အရေးတော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ်ရှိရင် သမီးတို့မှာလည်း အနာဂတ် ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာ အဖေယုံတယ်။ ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ်ပေးမလုပ်တော့ဘူး၊ အိမ်မှာပဲ လင်မွေး သားမွေး ထိန်းကျောင်းပြုစုခိုင်းမယ်လို့ ပြောတယ်။ အဖေတစ်ယောက်ဖြစ်တဲ့ အဖေက သူတို့ရဲ့ အယူအဆကို နားမလည်ခဲ့ဘူးသမီး၊ ငယ်ငယ်လေးကတည်းက သမီးကို အဖေက ကျောင်းဖို့ ငွေကြေးတွေကုန်ကျပြီး ဟိုသင်တန်း တက်ခိုင်း၊ ဒီသင်တန်းတက်ခိုင်းနဲ့ သမီးကို ဘာမှမခိုင်းခဲ့ဘူး။ ဒါပေမယ့် သမီးကို တစ်သက် မကုန် ဆုံးစေချင်ဘူး။ ဘဝဆိုတဲ့ပိုက်ကွန်ကို သမီးအအုပ်ခံပြီး လင်ကျွေးသားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး၊ တစ်နှစ်ပြီးတစ်နှစ် သမီးကုန်ဆုံးနေမယ်ဆိုရင် သမီးကို အဖေအိမ်ထောင် မပြုစေချင် ဘူး သမီး၊ သမီးကို တစ်သက်လုံး ကျွေးမွေးထားမယ်ဆိုရင်တော့ ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွတ်ခါးမကုန်း စေချင်ဘူး သမီး၊ သမီးကို အဖေကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေသင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန်ထက်မြတ်သူဖြစ်စေခဲ့တာ အနာဂတ် ကောင်းတစ်ခုကို သမီးပိုင်ဆိုင်နိုင်ဖို့ပါ။ သမီးကို သမီးချစ်သူနဲ့ အဖေက သဘောမတူ ဒီအချက် (၄)ချက်ကြောင့်ပဲ သမီး၊ သမီး ၄ နှစ်အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လို လူမျိုးကို ယူမလဲလို့ မေးတုန်းက ဖေဖေလို လူမျိုးကို ယူမယ်လို့ ပြောခဲ့တယ်နော်။ အဖေ့လို လူမျိုးကို မယူစေချင်တာ သမီးမသိခဲ့ဘူးမဟုတ်လား။ အဖေနဲ့ယူလို့ သမီးအမေ တော်တော်ပင်ပန်းခဲ့ရတယ် သမီး။
သမီးဟာ အဖေ့ရဲ့ ထာဝရနတ်သမီးလေးပါ တစ်နေ့နေ့မှာ အဖေခါးကုန်းလို့ ခြေလှမ်းတွေ နှေးလာတဲ့အချိန်ရောက်တဲ့အထိ စကားပြောမသီသတဲ့ အချိန်ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့ နတ်သမီးပါပဲ၊ အဖေဒီတစ်သက်မှာ ကောင်းတာ၊ ဆိုးတာ၊ လည်တာ၊ စားတာတွေတော်တော် များများလုပ်ခဲ့ပြီးပြီ၊ အောင်မြင်တာ၊ ကျရှုံးတာ၊ ချိုမြိန်တာ၊ ခါးသက်တာတွေလည်း မြည်းစမ်းကြည့်ခဲ့ ပြီးပြီ။ မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာသွားမယ်ဆိုရင်တောင် အဖေ့မှာ နောင်တ မရှိဘူး သမီး၊ အဖေငွေမက်တာ၊ မဟုတ်ဘူး၊ ကြီးကျယ်တာ မဟုတ်ဖူးသမီး၊ သမီးကောင်းမွန် ပျော်ရွှင်နေဖို့ ကိုပဲ အဖေမျှော်လင့်ခဲ့တာပါ။ ဒီအဖေ စိတ်ပူတာက ငွေကြေးမချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ဘူး၊ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကို စိုးရိမ်တာပါပဲ။ အရွယ်ရှိ ချိန်မှာ ငွေကြေး၊ မချမ်းသာရင် ကြိုးစားရှာဖွေလို့ ရနိုင်ပေမယ့်၊ စိတ်နေသဘောထားတွေ ဆင်းရဲရင် တော့ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ ပြုပြင်လို့ ရမှာဖြစ်ပါတယ်။
နားဆင်ပေးတဲ့သူများကို တဆင့်မျှဝေပေးလိုက်ပါတယ်။