ဆန်ဆေးရည်ကို အပင်အားဆေးအဖြစ် မြေကြီးကိုဖျန်းပေးရင် ဘယ်လို အကျိုးအာနိသင်တွေ ရနိုင်ပါသလဲ

သွန်ပစ်တဲ့ ဆန်ဆေးရည်ထဲမှာ အာဟာရဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါတယ်။
ဆန်ဆေးရည်ကို အပင်အားဆေးအဖြစ် မြေကြီးကိုဖျန်းပေးရင် ဘယ်လို အကျိုးအာနိသင်တွေ ရနိုင်ပါသလဲတဲ့။အမှန်တကယ်လည်း မြန်မာနိုင်ငံမှာ အိမ်ထောင်စု သန်းပေါင်းများစွာဟာ ဆန်ကို ထမင်းအဖြစ် နေ့စဥ် ချက်ပြုတ်နေပေမယ့်ဆန်ဆေးရည်ကိုတော့ သွန်ပစ်ကြတာများပါတယ်။အဲ့ဒီလို သွန်ပစ်တဲ့ ဆန်ဆေးရည်ထဲမှာ အာဟာရဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါတယ်။

ဆန်ဆေးရည်ကို..

  • အသားအရေ လှပချောမွေ့ဖို့ မျက်နှာသစ်ရာမှာအသုံးပြုခြင်း။
  • ဆံကေသာနက်မှောင်ဖို့ ခေါင်းလျှော်ရာမှာ အသုံးပြုခြင်း။
  • ဟင်းသီးဟင်းရွက်များ အဆိပ်အတောက်၊ အနံ့အသက်များ ဖယ်ရှားဖို့ အသုံးပြုခြင်းတွေအတွက်လောက်သာ လူသိများကြပါတယ်။

အပင်တွေအတွက် အကျိုးရှိထိရောက်တဲ့ အော်ဂဲနစ် မြေသြဇာအဖြစ် အသုံးပြုနိုင်တာကိုတော့ သိရှိသူနည်းပါလိမ့်မယ်။

စိုက်ပျိုး မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ

ဒါကြောင့်လည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ရေးသားတင်ပြလိုက်ပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

  • နိုက်ထရိုဂျင်(N)
  • ဖော့စဖရပ်(P)
  • ပိုတက်စီယံ(K)
  • ဗိုက်တာမင် (Vitamins)
  • အမျှင်ဓာတ် (Fibres)
  • အမိုင်နိုအက်ဆစ် (Amino Acids)
  • ပရိုတိန်း (Proteins)
  • သံဓါတ် (Iron)
  • ဇင့် (Zinc)
  • ကယ်လ်စီယံ (Calcium) စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ဒီအာဟာရဓာတ်တွေဟာ အိမ်ခြံဝန်းနဲ့ အိမ်တွင်း အလှစိုက်ပင်တွေအတွက် လုံလောက်တဲ့ ၊ အော်ဂဲနစ် မြေသြဇာဖြစ်ပါတယ်။ အပင်များအတွက် ဆန်ဆေးရည်ရဲ့ အကျိုးအာနိသင်များ (Benefit of rice water for plants)

  • ကာဘိုဟိုက်ဒြိတ်များစွာပါဝင်လို့ အပင်အတွက် ကာဗွန်၊ နိုက်ထြိုဂျင်၊ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်ဓါတ်တွေ ပေးစွမ်းနိုင်လို့ အပင်ကြီးထွားမြန်စေပါတယ်။
  • မြေကြီးထဲမှာ ရှိနှင့်ပြီးသော အကျိုးပြုဘက်တီးရီးယားတွေကို ပိုမို တိုးတက်ပွားများ စေလို့၊ အပင်အမြစ်တွေ အစာစုပ်ယူမှု အားကောင်းစေပါတယ်။

( မြေဆီလွှာ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေပါတယ်)

  • အပင်ကို ဖျန်းပေးခြင်းဖြင့် စုပ်စားပိုးများ မလာအောင် တားဆီးကာကွယ်ပေးပါတယ်။
  • မြေထဲမှာN,P,K အာဟာရဓာတ်တွေ ပိုမို တိုးတက်စေပါတယ်။
  • အပင်တွေအတွက် ပိုးမွှားရောဂါ ခံနိုင်ရည်ရှိပြီးကြီးထွားသန်မာ၊ အပွင့်အသီးလှပ စေပါတယ်။

ဆန် ဆေးရည်(အစိမ်း) ရယူခြင်း

(rice water from washing)

  • ဆန်ဆေးရာမှာ ၂-၃မိနစ်ခန့် ရေနောက်ကျိသည်အထိ မွှေပေးပါ။
  • အပင်အတွက် အသုံးပြုရန် ဆန်ဆေးတဲ့အခါ ပထမဆုံးအကြိမ် ဦးရည်ကို သီးသန့်ခွက်ထဲမှာ ယူထားပါ။

ဆန်ဆေးရည် (အကျက်)ရယူခြင်း

(rice water from boiling)

  • ထမင်းချက်ရာမှာ ရေကို ပိုများထည့်ပြီး ရေနွေးပွက်လာတာနဲ့ သီးသန့်ခွက်ထဲမှာ အအေးခံပြီးရယူပါ။

(ယူမည့် ရေပမာဏ ကြိုတင်ချိန်ဆပါ)

အချဥ်ဖောက်ပြီး အသုံးပြုခြင်း (Fermemtation)

  • ဆန်ဆေးရည် တလီတာ ရယူပါ။
  • သီးသန့်ဗူးအလွတ်ထဲသို့ ဆန်ဆေးရည် ၄ပုံ၊ ၃ပုံခန့် ထည့်ပါ။
  • ထို့နောက် သကြား ၅-ဂရမ်(လက်ဖက်ရည်ဇွန်းတဇွန်း) သို့မဟုတ် တင်လဲရည်/သကာရည် ၂ဇွန်းထည့်ပါ။
  • နွားနို့ သို့မဟုတ် ဒိန်ချဥ် (လဘက်ရည်ဇွန်း-၄ဇွန်း)ထည့်ပါ။
  • အဖုံးပိတ်ပြီး သမအောင် လှုပ်ပေးပါ။
  • အရိပ်အောက်မှာ ၃-၄ ရက်ထားပြီးရင် အသုံးပြုလို့ရပါပြီ။

သုံးစွဲနည်းစနစ် (Application methods)

  • ဆန်ဆေးရည်တဆကို ရေ ၁၀ ဆ ရောပြီး အပင်ခြေကို မနက် သို့မဟုတ် ညနေအချိန်

လောင်းပေးနိုင်ပါတယ်။

  • ဥယျာဥ်ခြံ သီးနှံများ၊ အိမ်တွင်းအလှစိုက်ပင်များမှာလည်း အသုံးပြုနိုင်ပါတယ်။
  • အပင်အမျိုးအစားပေါ်မူတည်ပြီး နှုန်းထားကို ချိန်ဆလောင်းပါ(များလွန်းရင် ဆိုးကျိုးရှိနိုင်ပါတယ်)
  • အချဥ်ဖောက်ရည်ကို ပိုးမွှားကာကွယ်ဆေးအဖြစ် အရွက်ဖျန်းပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ( ရေတလီတာ လက်ဖက်ရည်တဇွန်း)
  • succulents (ကန္တာရပင်) ပင်များအတွက်လည်း ဖျန်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
  • အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်
  • ဆန်ဆေးရည်
  • greenway

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *