သားသမီးလေးတွေကို လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာအောင် ဘယ်လို တည်ဆောက်ပေးမလဲ
Free Thinking
ဒီနေ့မှာ သားသမီးလေးတွေကို မိသားစုနေတဲ့အိမ် own home ကနေ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာအောင် မိဘတွေက ဘယ်လို နိုးကြားလာအောင် တည်ဆောက်ပေးမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။
မိဘတွေက ဘယ်ကစလို့ ဘယ်လိုစိတ်ဓာတ်ကို နိုးကြားလာအောင် တိုးမြှင့်ပေးကြမလဲ။
အရင်ဦးဆုံး ကလေးဘဝကစလို့ စိတ်ဓာတ်ခွန်အားကိုပေးပြီး မေးခွန်းလေးတွေကို သူ့အရွယ် သူ့ဦးနှောက် အဆင့်အလိုက် မေးပေးရမှာပါ။ မိဘက မေးခွန်းကိုမေးတဲ့အတွက် သူတို့စိတ်ကူးစိတ် သန်းရှိသလောက် ပြန်ဖြေမှာပါပဲ။
မိဘတွေက တွေးတောဆင်ခြင်စဉ်းစားထက်တဲ့ ကလေးတစ်ယောက်အဖြစ် ကူညီ ထောက်မ ပေးတဲ့အနေနဲ့ မိမိသားသမီးပြောလာတဲ့ စကားကို သေသေချာချာ နားထောင်ပေးပြီး စေ့စေ့စပ်စပ် ပြန်လည်ပြီး ဖြေပေးနိုင်ရပါ့မယ်။ မိဘတစ်ယောက်အနေနဲ့ own home ကနေ သူတို့လေးတွေ မေးလာဲ့ မေးခွန်းဟူသမဆကို စိတ်ရှည်စွာနဲ့ ဖြေဆိုပေးရမှာပါ။
ပထမဆုံးအနေနဲ့ သူတို့လေးတွေ အိမ်မှာ ပြောဆိုနေထိုင်ရတာနဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံပြောဆိုရတာ ကွဲပြားခြားနားတယ်ဆိုတဲ့ အကြောင်း ကလေးတစ်ယောက်ဆိုတာ ဖြတ်ဖြတ် လပ်လပ်ရှိဖို့ အကောင်းဆုံးသော သင်ကြားမှုတွေကို ပြောပြသင်ပြပေးရမှာပါ။ ဒီတော့ မိမိနေထိုင်တဲ့ မိသားစုအိမ် own home နဲ့ ပတ်ဝန်းကျင်ကွဲပြားတယ် ဆိုတာ သိသွားမယ်။ ကလေးက သူ့ဦးနှောက် မှာ ခွဲခြားတတ်သွားမယ်။
အခုလို မိဘက သင်ကြားပေးလိုက်တဲ့အတွက် သူတို့ရဲ့ အရည်အသွေးနဲ့ အရည်အချင်းက စဉ်းစားဆင်ခြင်တတ်လာမယ်။ ပြတ်ပြတ်သားသား ပြောတတ်ဆိုတတ်လာမယ်။ ဒီလို အလေ့အကျင့် ရလာတဲ့ ကလေးတစ်ယောက်က အရွယ်ရောက်လာတဲ့အခါမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့ အခါမှာ ဒီလိုပြောဆိုတွေးခေါ်ရတာက အမှန်ပါလားဆိုတဲ့ ကောင်းကျိုးရလာပါတယ်။
နောက်ပြီး သားသမီးလေးတွေရဲ့ ရှိရင်းစွဲ အကျင့်ကောင်းလေးတွေနဲ့ လွတ်လပ်တဲ့ အတွေး ရှိနိုင်ဖို့ မိဘတွေက ဘယ်လို မြှင့်တင်ပေးမလဲ။
သူတို့ မေးလာတာလေးတွေကို မိဘတွေက နားမလည်ရင် ပြန်ပြီး မေးခွန်းထုတ်ပေးပါ။ မိဘက မေးတဲ့အတွက် သူတို့က ကြိုးစားပြီး ပြန်ဖြေမယ်။ မိဘက ဘယ်လိုဖြေရင် ဘယ်လို အဓိပ္ပာယ်သက်ရောက်သွားတယ် ဆိုတာကို ရှင်းလင်းပြတ်သားစွာ ပြောပြသင်ပေးရင်း အပြောအဆို တက်လာအောင် ထိန်းပေးရင်း သင်ပေးရတာပါ။
သားသမီးက မေးလာတဲ့ မေးခွန်းကို နားထောင်ပေးပြီး ပြန်ဖြေပေးတာက တနေ့နေ့မှာ ဒီကလေးက သဘောထားကြီးတဲ့ ကလေး စွမ်းရည်မြင့်တဲ့ ကလေးတစ်ယောက်အဖြစ် မိဘတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒီလိုမိဘတွေက မိခင် ဖခင် ပြုလုပ်ပေးတာက သေနင်္ဂဗျူဟာတစ်ခုလိုပါပဲ။ စိတ်ပညာနဲ့ ဆိုင်တဲ့ နည်းနိဿယပါ။ စနစ်တကျလုပ်ကိုင်တာပဲ ဖြစ်ပါတယ်။
ဒီလိုနည်းလမ်း rule တွေလည်း ရှိပါသေးတယ်။ သားသမီးက မေးလာတာကို မိဘက နားထောင်ပေးမယ်။ သူ့ရဲ့ပြဿနာလေးတွေကို ပြောပြတဲ့အတွက် အပြန်အလှန်ပြောဆိုကြမယ်။ အဖြေရှာကြမယ်။
သားသမီးက ပြောပြီးရင် မိဘ၊ အမေ၊ အဖေ ဆွေးနွေးမယ်။ ဒီလိုတော့ အဖြေရှိတယ်။ ကလေးက သဘောတူရဲ့လား။ ကိုယ့်ဖာသာဆိုရင် ဘယ်လိုလုပ်မလဲ။ အဖြေရပြီလား။ ကလေးဆုံး အောင် ပြန်ပြောတဲ့အထိ စောင့်ပြီး နားထောင်ပေးမယ်။ ကလေးရဲ့ ပြောစကားကို သဘောတူသင့်ရင် သဘောတူပေးရပါမယ်။
တချို့ကလေးတွေ ရှိပါတယ်။ သူတို့ဘဝမှာ ဘယ်သူပြောတာကိုမှ နားမထောင်ခဲ့ဘူး။ မိဘ ဆီကကော ကျောင်းက ဆရာမဆီကကော ဒီတော့ ကျောင်းမှာ သူငယ်ချင်းမရှိဘူး။ မိဘကလည်း သားသမီးပြောတာကို နားမထောင်ပေးဘူး။
ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေ ပြောတာကို နားထောင် ပေးတာဟာ ယဉ်ကျေးမှုတစ်ခုလို နားထောင်ကူညီပေးလိုက်တာပါပဲ။ နားထောင်ပေးခြင်း ခံရတဲ့ အတွက် သူ့ဘဝတံခါးကို ဖွင့်လိုက်သလို ပွင့်သွားစေပါတယ်။ ရင်ဖွင့်ပြောတာကို နားထောင်ပေး လိုက်တဲ့အတွက် သူတို့ရဲ့ဘဝ ချောက်ထဲမကျတော့ဘဲ ဘဝတိုးတက်သွားစေပါတယ်။ နားထောင်ပေး လိုက်တဲ့အတွက် ပြောသူက စိတ်နှလုံးတက်ကြွလာတယ် ပျော်ရွှင်လာတယ်။
စကားပြောတယ်ဆိုတာ တစ်ယောက်တည်း ပြောလို့ရတာမဟုတ်တဲ့အတွက် အချင်းချင်း ရင်ဖွင့်ပြီး ပြောပါ။ နားထောင်ပေးတဲ့သူကလည်း ရင်ဖွင့်ပြီး နားထောင်ပေးပါ။ သို့အတွက် တွေးပေး တယ်ဆိုပြီး စိတ်ခွန်အားတွေ ရသွားစေပါတယ်။ နားထောင်သူကလည်း သူ့ရဲ့အတွေးတွေကို အဆင့် ဆင့် တိုးတက်အောင် အဆင်ပြေအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။
နားထောင်ပေးတဲ့သူကလည်း လူ့ဘဝအတွက် သင်ယူစရာတွေ အများကြီး ရလိုက်တာပါပဲ။
ဒါကြောင့် ကလေးဘဝက စလို့ မိဘတွေက မေးခွန်းလေးတွေကို စပြီး မေးပေးမယ်။ သူတို့ ကလည်း ပြန်ပြီး အဖြေပေးရင်း ဆုံးဖြတ်ချက်တွေ ချတတ်လာမယ်။ သတ်မှတ်ပိုင်းခြားတတ်လာ မယ်။ ဒီလို ကလေးငယ်လေးတွေ များလာလေ ကမ္ဘာကြီးကို ကောင်းအောင် လုပ်ပေးနိုင်တဲ့ သူတွေ များလာလေပါပဲ။
Own home ကနေ ကမ္ဘာကြီးမှာ ဒီလိုအပြုအမူတွေနဲ့ ဝန်းရံတတ်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာအောင် ကျွန်မတို့တွေ ကြိုးစားကြရအောင်ပါ။
စိတ်၏ ချမ်းသာခြင်းတွေ ရရှိကြပါစေ။
ငြိမ်းဧကျန်းမာနိုင်ကြပါစေ။