ကြယ်ရောင်တောက်တဲ့နှင်းပန်း

“အကို..နေစောင်းနေပြီး..ပြန်ကြစို့” “အေး..ကွာ..နေဦး..တို့ အစေခံအလုပ်သမားကိုနုတ်ဆက်လိုက်ဦးမယ်” “သခင်တို့ ဒီဥယျာဉ်ကို နွေဦး ရာသီလောက် လာခဲ့ပါ ဦးဗျာ..အဲဒီအချိန်ဆို သစ်သီးပေါ်ချိန်မို့ လတ်ဆက်တဲ့ သစ်သီးတွေ ရနိုင်ပါမယ်” အစေခံကြီးက ရိုကျိုးသောအပြု အမူဖြင့်ပြောလိုက်၏။ ကလေ အို နီရို နှင့်  ဒီအိုနိဇီ ရိုတို့ညီအစ်ကိုနှစ်ယောက်ပြန်လာချိန်၌ အလွန်မိုးချုပ်ကာ နှင်းမှုန်ကလေးများပင်ကျနေလေပြီး.. သူတိုကတော့ Phrygia (frigia)နယ်တစ်ဝိုက်မှ ချမ်းသာကြွယ်ဝသည့် လူကုံထုံညီအစ်ကိုနှစ်ဦး။ သူတို့၏ ဇာတိမြို့မှာ ရောမဖြစ်သော်လည်း ရေကြည်ရာ မျက်နုရာရွှေ့ပြောင်းရင် ထိုနယ်သို့အခြေချဖြစ် ကြတော့သည်။
အိမ်တော်ကြီးဆီသို့ ခြေလှမ်းဝင်ကြသောအခါတစ်အိမ်လုံး ရေနံမီးများ လင်းလင်းထိန်ကာ ထွန်းထားကြသည်ကို ကြည့်ခြင်းဖြင့် မိုးချုပ်နေ ကြောင်းဖော် ပြနေသည်။ “သခင်တို့ ပန်ခရာဇီအိုက ညစာစားဖို့ စောင့်နေပါတယ်။” အစေမတစ်ဖြစ်လဲ အထိန်းတော်က လာပြောလေ၏။ “ဟာ..သားတော်မောင်က ဘာလို့ညစာမစားဘဲ စောင့်နေရတာလဲ”

ထိုအချိန်အိမ်ထဲမှ လူရွယ်လေးတစ်ဦး အိမ်ထဲမှ ပြေးထွက်လာ၏။ “ဟော..ဖေဖေတို့တောင် ပြန်လာပြီး..ဦးလေးတောင်ပါလာတာဘဲ..ကျွန်တော်က ထမင်းစားဖို့စောင့်နေတာ” “ဟေ့.. တူလေး..မင်းက လူကောင်ထွားလာတာဘဲ…မင်းကို ငါတို့ရဲ့ ရောမဧကရာဇ်က မေးနေလေရဲ့…မင်းကြီးလာရင် နန်းတော်မှာခေါ်ထားချင်သတဲ့ကွာ..”
….
….
ညစာထမင်းဝိုင်းလေးမှာ စကားသံတို့ဖြင့်ဆူညံနေ၏။
 

“အကိုကြီးဘာဖြစ်တာလဲ” “အေး..ခေါင်းတစ်ခုလုံး မီးစနဲ့ထိုးထားသလိုဘဲကွာ….မခံနိုင်အောင်ပူပြီးကိုက်နေတယ်” “အစေခံတွေလာကြစမ်း….နင်တို့သခင်ကြီးကို လာပြုစုကြစမ်း အရက်ပြင်းပြင်းယူလာပေး…..ဟိုနီဂရိုး..မင်းက ရေဇလုံသွားယူ” သခင်ကြီးကလေအိုနီရိုမှာ ပြင်းထန်သော ရောဂါတစ်ခု ရလေတော့သည်။
“ညီလေး… ငါ့သားလေး မင်းဆီကိုအပ်ပါတယ်ကွာ.. သူ့အမေသေပြီးကတည်းက ငါဘဲစောင့်ရှောက်လာတာ…တကယ်လို့ ငါမရှိတော့ရင် သူ့ကို ပညာတက်ကြီးဖြစ်အောင် မင်းစောင့်ရှောက်သင်ကြားပါ။ ”
“ဟုတ္ကဲ့ပါအစ္ကိုႀကီး..” အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ နောက်နှစ်ရက်အကြာ သခင်ကြီးမှာ ကွယ်လွန်သွားလေပြီး….
လူမမယ်ကလေး ပန်ခရာ့ဇီရို မှာ ဖခင်ကြီးမရှိတော့သည့်နောက်ပိုင်း များပြားလှသည့် အစေခံ ၊ စည်းစိမ်တို့နှင့်အတူ ကျန်ရစ်တော့သည်။

“တူတော်မောင်ရေ…အားမငယ်ပါနဲ့ကွာ..ဦးလေးက မင်းကို စောင့်ရှောက်မှာပါ။ ဂျူပီတာ နတ်ဘုရားကလည်း ကောင်းချီးပေးမှာပါကွာ…”
ယခုမူ အိမ်တော်ကြီးတစ်ခုလုံး ခြောက်သွေ့နေလေပြီး….
“ဟဲ့ အထိန်းတော်ကြီး ဘယ်ရောက်နေတာလဲ….တူတော်မောင်ကိုမတွေ့ဘူး…”
“ရှာကြည့်ပါမယ်သခင်”
တစ်အိမ်လုံး ဗြောင်းဆန်အောင်ရှာကြသော်လည်း…ကောင်လေးကိုမတွေ့…
ဦးရီးတော်သည် နောက်ဖေး ရှိ အတိုအစများထည့်ထားသော ဂိုဒေါင်ဆီသို့ သတိထားမိလိုက်လေသည်။
အလင်းရောင်မှိန်မှိန်လေး…
စိတ်လုပ်ရှားစွာ တံခါးဖွင့်လိုက်သောအခါ အထဲ၌…

✝✝✝✝✝✝✝✝

တစုံတရာကို အာရုံစိုက်ကာ ကုန်းလုပ်နေသော တူတော်မောင်..
“ရှာလိုက်ရတာ ကလေးရယ်…မှန်းစမ်း…မင်းဘာလုပ်နေတာလဲ”
သိမ်းဆည်းချိန်ပင်မရလိုက်…ဦးရီးတော်တွေ့သွားလေပြီး…
“အံမယ်…မင်းက ပန်းပုထုနေတာကိုးကွ…နေစမ်းပါဦး..မင်းထုထားတဲ့ ခေါင်းပုံကြီးက ကြောက်စရာကွာ….အမလေး…ဒုက္ခ တော့များပါပြီး…ဒါ…ဒါ…ဘယ်သူလို့မင်းထင်လဲ…ဟို ကာရဝါရီတောင်မှာ သူများရက်ရက်စက်စက် သတ်ခဲ့ကြတဲ့ ခရစ်တော်ဆိုတာကွာ….မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ”
“ကျွန်တော် မသိပါဘူးသူ့ကို.. ဒါပေမယ် အိပ်မက်မက်တာ ၃ခါရှိပြီး…ပထမ တစ်ခါက မေမေ ဆုံးတုန်းက….မေမေက ကျွန်တော်ကို တောင်ထိပ်တစ်ခုလိုက်ပြတယ်.. အဲမှာ..ဒီ လူကိုတွေ့ရတာ…အဲတုန်းက သူက ကားတိုင်ပေါ်ကနေ ကျတော့်ကို စိုက်ကြည့်နေတာလေ…ကြောက်လိုက်တာ..ဦးကြီးရာ…ပြီးတော့ ကျွန်တော်လန့်နိုးသွားတယ်”
မျက်လုံးထဲမှာ မြင်ယောင်နေတုန်း…သူ့ရဲ့ ပုံကို..
ဒုတိယအကြိမ်က အဖေဆုံးတုန်းက သူ့ကိုအိပ်မက်ထပ်မက်တယ်။ ပြီးတော့ မနေ့ညက မက်သေးတယ်။ ”
ဒါတော့ သူ့ရဲ့ ပုံက မျက်လုံးထဲထင်းနေတာပေါ့…ဝေဒနာ အပြင်းအထန်ခံရပြီး သေသွားတဲ့ပုံပါဘဲဦးကြီးရယ်…”
“တူတော်မောင်ရယ်…မင်းဒီသတင်းကို ဘယ်သူမှမပြောနဲ့…ဟုတ်တယ်..သူက နာဇရက်မြို့သား ယေဇူး….ပရောဖတ်လိုလို.. နတ်ဆရာ..လိုလိုကွာ…ပြီးတော့ သူတို့ ဂျူးလူမျိုးအချင်းချင်းကဘဲ ရောမစစ်သားတွေဆီအပ်ပြီးသတ်ခိုင်းတယ်…ခုတလော..သူ့လူတွေက တရားလိုက်ဟောနေလို့ ပြသနာတက်နေတယ်ကွာ…လူတွေက အကုန်လုံး ဘာသာအသစ်ကို စိတ်ပါနေကြတယ်”
“ဒါပေမယ့် ငါတို့ ရောမက ဧကရာဇ်ကတော့ အဲဘာသာကိုပျက်စီးစေချင်သပကွာ…”
 

“တူတော်မောင်ရေ…ငါတို့တွေ ရောမကိုဘဲ ပြောင်းကြစို့ကွာ…မင်းမိဘတွေက ရောမမြို့သားတွေလေ…ဟိုမှာ မင်းပိုင်တဲ့ အိမ်တွေ၊ ဥယျဉ် တွေအများသား..ကွ”

ရောမသို့သွားရာ သင်္ဘောပေါ်၌ ပန်ခရာ့ဇီအို သည် ခရစ်ယာန်အများစုနှင့် တိတ်တဆိတ်ရင်းနှီးသွားတော့သည်။

ရောမရှိ မိမိ၏ နေအိမ်သို့ ရောက်သည်အထိ အားလုံးမှာ အေးအေးချမ်းချမ်း…
ညဘက် အိပ်ယာပေါ်၌ွှိနေစဉ်မမြင်ရသည့် လျို့ဝှက်သော အရာတစ်ခုက မိမိအား ပြတင်းတံခါးကိုဖွင့်ကြည့်ရန် အ မိန့်ပေးနေသကဲ့သို့ ခံစားမိလေသည်။
တံခါးကိုဖွင့်လိုက်ရာ……
ကောင်းကင်ပေါ်၌ ထင်းထင်းပေါ်နေသော လက်ဝါးကပ်တိုင်ကြီး..✝
ဟုတ်ပါသည်… လက်ဝါးကပ်တိုင်ကြီးသည် ရောမမြို့ကို အပေါ်စီးမှနေ၍ အုပ်ထားသယောင်…
.
ထိုညအဖို့ သူလုံးဝအိပ်မပျော်တော့ပေ။
နောက်ရက်တွင် အစေခံများမှတဆင့်
သူ သည် ခရစ်တော်ဆိုသူအကြောင်းလျို့ဝှက်စွာ စုံစမ်းတော့သည်။ အစေခံများကလည်း သခင်လေးအတွက် သတင်းစုံကို ပြောပြကြတော့သည်။
ဟုတ်ပါသည်။ သူ့ရဲ့ အိပ်မက်ထဲက လူသား… အသတ်ခံရပုံ…နောက် သူထုထားသော ပန်းပုရုပ်ထုကအစ တစ်ထေရာတည်း….
နောက်ပိုင်းတွင် ဦးရီးတော်လည်း ခရစ်ယာန်ဘာသာကို သူနှင့်အတူ သက်ဝင်ယုံကြည် လာလေသည်။ သို့သော်…မကြာမီ ဦးရီးတော်လည်း သူကို ထာဝရအပြီးအပိုင်နုတ်ဆက်သွားပြန်သည်။ 

ယခုမူ ရောမမြို့၏ ၁၄နှစ်သားအရွယ် သူဌေးလေးသည်
အိမ်တော်၌ အချွေအရံ၊ အထိန်းတော်များနှင့်သာ ကျန်ရစ်လေ၏။ ဧကရာဇ် မင်းသည် ပန်ခရာ့ဇီအို အားများစွာ သနားမိလေ၏။ နောက်ပိုင်းတွင် သူ့အား နန်းတော်ထဲ၌ ခေါ်ယူကြီးပြင်းစေရန်ဆန္ဒရှိလေ၏။
တစ်နေ့…ဘုရင်၏ နားတော်သို့ ထ်ပ်တန်း လျို့ဝှက်သတင်းတစ်ခု ပေါက်ကြားလာ၏။
“ပန်ခရာ့ဇီရိုသည် ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး ညနေဘက်တိုင်း သူတို့လူစုသည် မြို့ပြင်ရှိ ဂူများ၌ ဘုရားဝတ်ပြုကြသည့် သတင်း..”
✝✝✝✝✝✝✝✝

“လူကလေး…မောင်မင်းကို ငါကိုယ်တော် ချစ်မြတ်နိုးတော်မူတာကို သိမှာပါကွယ်…ဘယ့်နှယ့် ရောမသွေးစစ်စစ်ဖြစ်တဲ့ မင်းက ရောမနတ်ဘုရားတွေကို မကိုးကွယ်ဘဲ ဟိုဘာသာအသစ်ကို ပြောင်းသွားတာလဲ”
“ငါ ကိုယ်တော် နားရှိလို့သာ ကြားရတယ်…မယုံပါဘူးကွယ်…”
ထ္ုအခါ…
“ဟုတ်ပါတယ် ရွှေနန်းရှင်၊ ကျွန်တော် ခရစ်ယာန်တစ်ယောက်ဖြစ်နေပါပြီး”
“အလို..”
ရှင်ဘုရင်မှာထိပ်လန့်သွားချေပြီး…
ချော့ တလှည့်၊ ခြောက်တလှည့် ပြောသော်လည်း မရတော့ပေ။
“နောက်ဆုံးအနေနဲ့ မေးမယ်။ မင်းရဲ့အဖေနဲ့ ဦးလေးမျက်နှာကို ထောက်တဲ့အနေနဲ့….မင်း…ရောမနတ်ဘုရားတွေကို ယာဇ်ပူဇော်မှာလား”
“ကျွန်တော်မလုပ်နိုင်ဘူး”
“ရဲမတ်များ…မနက်ဖြန်ညနေ သူကို ခေါင်းဖြတ်သတ်ပါ”
✝✝✝✝✝✝✝✝

ရောမ၏ အခြေအနေလည်းပြောင်းလည်းသွားလေပြီး။ နတ်ဘုရားကျောင်းဆောင်များနေရာ၌ ဘုရာကျောင်းကြီး များနေရာယူနေလေပြီး
..ပုပ်ရဟန်းမင်းကြီး ၅ဆက်မြောက် ကလေးမန့် လက်ထက် စိန်ဂျွန် ဘုရားကျောင်းကြီး၏ ခေါင်မိုးတို့၌ အပျက်အစီးများကို ပြုပြင်ရန် အလုပ်သမားတို့ ကျောင်းခေါင်မိုးနဲ့အလုပ်များနေကြလေ၏။
ထိုအချိ န် ညနေစောင်းလည်းဖြစ်၊ အလုပ်သမားလေးသည် အိမ်ပြန်ချင်ဇောဖြင့် လုပ်ရာမှ ကျောင်းခေါင်မိုးမီးစွဲလောင်တော့သည်။

လေအဝှေ့ မီးညွှန့်များထောင်တက်လာရာ ဆောက်လုပ်ရေးလုပ်ရာ၌ သုံးရသည့် ပစ္စည်းတို့ မှာ လောင်ကျွမ်းကုန်လေပြီး…လူအများ
မီးငြိမ်းသက်ကြသော်လည်း အချည်းအနှီးပင်။
သုံးရက်လောက်မီးလောင်ခဲ့လေသည်။ ဘုရားကျောင်းမီးလောင်သောကြောင့် လူအများက စုတ်တသက်သက်ဖြင့် ကြေကွဲနေကြ၏။
ထိုအချိန်…
လူတစ်ယောက်က ကျောင်းခေါင်မိုးထောင့်တစ်နေရာကို လက်ညိုးညွှန်ပြရာ…အာလုံးကြည့်လိုက်သောအခါ…
လေထဲ ဖန်ကလပ်ပေါ်၌ ပန်ခရာ့ဇီရို၏ ခေါင်းပြတ်ကြီး…

ခေါင်းပြတ်ကြီးမှာ တကယ့်လတ်လတ်ဆက်ဆက်
သွေးစိမ်းတို့ပင်ထွက်နေသယောင်..

ထ်ုအခါဘုန်းကြီးများသည် ဒူးထောက်ပြီး ရဟန္တာ ၏ ခေါင်းအားမြေသို့ သက်ဆင်းရန် ဆုတောင်းကြတော့သည်။ ထိုအခါ ဖန်ကလပ်နှင့် ခေါင်းသည် တဖြည်းဖြည်း ဆင်းသက်လာတော့သည်။..
ဘုရားကျောင်းကြီးမှ လောင်ကျွမ်းနေသောမီးလည်း ထူးဆန်းစွာ ငြိမ်းသွားလေပြီး..

လူအများက ရဟန္တာ ပန်ခရာ့ ဇီအို ထံတွင် သဒ္ဒါကြည်ညိုစွာ ဆုများတောင်းကြလေ၏။
ရဟန္တာ များစွာ အသက်ပေးခဲ့ကြရသော ရောမ မြေသည် ယခုမူ ဘုရားကျောင်းကြီးများအစီအရီဖြင့် ကမ္ဘာ့အလယ် တင့်တယ်လွန်းပေစွ။
Tristano၏ Il Giglio stellato(San Pancrazio)ကိုဘာသာပြန်သည်။ 
St. pancras ပွဲနေ့မှာ မေလ၁၂ရက်နေ့ဖြစ်သည်။သူ့သည်ခရစ်တော်ပေါ်ပြီး၃၀၄ခနှစ်တွင်အသက်ခံရသည်။

Pancras is popularly venerated as the patron saint of children, jobs and health. His name is also invoked against cramps, false witnesses, headaches and perjury. 

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *