စစ်မှန်သော ဘာသာတရားဆိုတာ ဘာလဲ
ဓမ္မမိတ်ဆွေညီကိုမောင်နှမတို့ကမ္ဘာပေါ်မှာအကြမ်းဖက်ခြင်းတွေကိုဖြစ်စေတာ ဘာသာတရားတွေ ကြောင့်လား ဆိုတာ ကျွန်တော်တို့တွေအရင်တစ်ပတ်ကလေ့လာခဲ့ကြတာဖြစ်ပါတယ်။ စစ်မှန်တဲ့ဘာသာတရား ဆိုတာဘာလဲ ဆိုတာကိုကျွန်တော်တို့လေ့လာဆန်းစစ်ပြီးတော့ဘာသာတရားတွေဘက်ကနေအခုနကအဆိုကိုကျွန်တော်တို့ခုခံပြီးတော့ပြောဆိုကြရအောင်။
စစ်မှန်သောဘာသာတရားဆိုတာ အဓိကအားဖြင့်ဘုရားကိုရှိခိုးကိုးကွယ်ခြင်းပဲဖြစ်တယ်။ အဲဒီမှာရှိခိုးကိုး ကွယ် ခြင်း ပါတယ်၊ ချီးမွန်းထောပဏာပြုခြင်း၊ ကျေးဇူးတင်ချီးမွမ်းခြင်းနှင့် မေတ္တာတရားနှင့် လိုအပ်ရာများ ကိုတောင်း ခံခြင်းတွေပါတယ်။ ရှင်ယောဟန်ပထမစာစောင် ၄း၂၀ မှာတစ်စုံတစ်ယောက်ကငါသည်ဘုရားသခင်ကိုချစ်သည် ဟုဆိုပြီးတော့မိမိ၏ညီအကိုကိုမုန်းတီးလျှင်ထိုသူသည်လိမ်ညာသူဖြစ်၏။ အဘယ့်ကြောင့်ဆိုသော မိမိမြင်ဖူးသည့် ညီအကိုကိုမချစ်သောသူသည်မမြင်ဖူးသောဘုရားသခင်ကိုမည်သို့ချစ်နိုင်မည်နည်းဟူရှင်ယောဟန်ကဆိုထားပါသည်။
အမုန်းတရားကိုဆွပေးခြင်း၊ အကြမ်းဖက်ခြင်း၊ စစ်ပွဲကိုဖြစ်စေခြင်းက စစ်မှန်တဲ့ဘာသာတရားနှင့် ဆန့် ကျင်ဘက်ဖြစ်ပါတယ်။ မိမိကိုသူတစ်ပါးကပြုစေလိုသည့်အတိုင်း သူတစ်ပါးအားပြုကြလော ဟုရွှေဥပဒေ သက ဘာသာတရားအများစုရဲ့အဓိကသွန်သင်ချက်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေ လေ့လာခဲ့ကြပြီးဖြစ်ပါတယ်။ ဘာသာတရားကိုစစ်မှန်စွာလိုက်ကျင့်တဲ့သူကို ထိုသူအခြားသူတွေပေါ်မှာ ထားရှိတဲ့မေတ္တာတရားအားဖြင့်သိနိုင်တယ်။ အမှားတစ်ခုခုရှိတယ့်အခါမှာ၀န်ခံဖို့အဆင်သင့်ရှိတယ်၊ ခွင့်လွတ်ခြင်းကိုတောင်းခံဖို့အဆင်သင့်ရှိတယ်။ လူမျိုးမတူသူတွေ၊ ယဥ်ကျေးမှုမတူတဲ့သူတွေ၊ ဘာသာမ တူတဲ့သူတွေအကြားစည်းလုံးခြင်းကိုရှိစေဖို့ အပြုသဘောဆောင်စွာနှင့် တိုးမြှင့်လုပ်ဆောင် ခြင်းဖြင့် သိ နိုင်တယ်။
လူမှုရေးရာမှာဘာသာတရားရဲ့အကျိုးပြုတဲ့လွမ်းမိုးမှုက သံသယရှိစရာမလိုပါဘူး။ လူ့အတိုင်းဝိုင်း အများ ကြီးမှာနောက်ပြီး ယနေ့ထိတိုင် ဘာသာရေးနှင့်နိုင်ငံရေးကိစ္စတွေကိုလုံးဝကြီး သီးသန့်ခွဲခြားလေ့ ရှိတဲ့ နိုင်ငံတွေမှာတောင်မှ လူမူရေးဘဝရဲ့ကဏ္ဍအများစုမှာတောင် ဘာသာတရားတွေရဲ့အကျိုးသက် ရောက်မှု လွမ်းမိုးမှုကိုပိုပိုပြီးတော့လက်ခံလာကြပါတယ်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေး လူမှုရေးပြသနာ တွေကို ကုစားခြင်း၊ ပဠိပက္ခတွေဖြစ်ပြီးတဲ့ခါမှာ ပြန်လည်ကျေအေးပေးစေခြင်း၊ ဒုက္ခသည်များကိုစောင့်ရှောက်မှု၊ ဆင်းရဲသားများ လူနေမှုတိုးတက်လာစေဖို့ကူညီပေးခြင်းနှင့် လူသားဖွင့်ဖြိုးတိုးတက်ရေး စီမံ ကိန်း တွေ တိုးတက်မှုအားလုံးဟာ ဘာသာတရားများ၏အကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်။
နောက်ပြီး ဒီလုပ်ငန်းတွေအားလုံးဟာ ငြိမ်းချမ်းရေးရရှိစေဖို့လုပ်ငန်းတွေဖြစ်ကြပါတယ်။ ဆူဒန်နိုင်ငံ၊ နိုင်ဂျီးရီးယားမြောက်ပိုင်းနိုင်ငံအချို့မှာလဲ Ivory Coast, India/Indonesia အရှေ့အလည်ပိုင်းဒေသတွေ၊ Bosnia၊ အိုင်ယာလံနိုင်ငံမြောက်ပိုင်းနှင့်နိုင်ငံတွေတောတောများများမှာ လူတွေကြားတင်းမာမှုတွေ၊ ပဠိပက္ခတွေဖြစ်တဲ့အချိန်မှာ တစ်ချို့သောဝေဖန်သုံးသပ်သူတွေက ထိုပဠိပက္ခတွေက ဘာသာရေး ကြောင့်ဖြစ်တာဆိုပြီးတော့ ပြောကြပါတယ်။ ဒါကအစိတ်ပိုင်းတစ်ခုအားဖြင့်သာမှန်ပါတယ်၊ အခြား အကြောင်းရာတွေအများကြီးရှိပါတယ်။ လူမျိုးချင်းရန်ပြိုင်မှု၊ လူမျိုးရေးတင်းမာမှု၊ မြေပိုင်ဆိုင်မှု နှင့်ပက်သက်ပြီးတော့အငြင်းပွားခြင်း၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့်ပါဝင်ပါတယ်။ နောက်ပြီးတော့ အတိတ်သမိုင်းက မကျေလည်မှုတွေ တကယ်ဖြစ်ခဲ့တဲ့အရာရော၊ ထင်မြင်မှု သက်သက် သာ ဖြစ်ခဲ့တဲ့ အရာရော မကုစားရတဲ့အတိတ်သမိုင်းက မတရားမှုတွေပါဝင်ပါတယ်။ ဤဝမ်းနည်းကျေကွဲစရာ တွေအား လုံးက မျက်နှာပြင်ပေါ်တက်လာဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေကြတော့ မသမာတဲ့နိုင်ငံရေးသမားတွေက သူတို့အကျိုးတွက် ဘာသာရေးကို ခုတုံးအဖြစ် အသုံးပြုကြတာကိုလည်း လစ်လျှုရှု၍မရနိုင်ပါဘူး။ ကွဲပြားမှုတွေဖြစ်အောင် သူတို့က ဖန်တီးကြတယ်။ ဘာသာတရားက အလွဲသုံးစားလုပ်ခြင်း၊ အကျိုးအမြတ်ထုတ်ခြင်းခံရတဲ့အခါမှာ လူတွေက ဘာသာတရား ဘက်လှည့်လာပြီးတော့ အပြစ်တင်ကြပါတယ်။ ဒါပေမဲ့ဒါက လူ့ရဲ့သဘာဝက လုပ်လေ့လုပ်ထ ရှိတဲ့ အကြမ်းဖက်ခြင်း၊ စီးပွားရေးအရ ဖိနှိပ်ခြင်း၊ လူတွေကို အစုလိုက်အပြုံ လိုက်သတ်ဖြက်ခြင်းဤ အရာတွေကိုဖြစ်လာစေတဲ့တကယ့်အကြောင်းတရားတွေကို ဖုံးကွယ်စေခြင်းသာဖြစ်ပါတယ်။
ဒါကြောင့် ထိုကဲ့သို့သော အကြောင်းတရားတွေကို ဖုံးကွယ်ပြီးတော့ အကြမ်းဖက်ခြင်းတွေကို ဖန်တီးနေကြတဲ့ လူတွေရဲ့ အမှု့တွေထဲမှာ ယုံကြည်သူတွေအနေနဲ့ မီမီတို့ကိုယ် ကိုယ်ပါဝင်မ သွားစေ ဖို့ဖြစ်ပါတယ်။
လူတစ်ယောက်ကတစ်ခြားလူတစ်ယောက်ကိုမုန်းတဲ့အတိုင်းအတာပမာဏအလျာက်၊မိမိမုန်းတီးတဲ့သူတွေပေါ်မှာပြုမူတဲ့အကြမ်းဖက်ခြင်းအတိုင်းအတာပမာဏအလျာက်ထိုသူဟာစစ်မှန်တဲ့ဘာသာတရားရဲ့ကောင်းတဲ့ဘာသာဝန်တစ်ယောက်မဟုတ်ဘူးဆိုတဲ့အတိုင်းတာပမာဏကိုပြပါတယ်။
ဓမ္မမိတ်ဆွေညီကိုမောင်နမအယောက်စီတိုင်းကိုယ်၏ကျန်းမာခြင်း၊စိတ်ငြိမ်းချမ်းခြင်းအစဥ်ရှိကြပါစေ။