ဇွန်လ(၂၅)#ယေဇူး_ရွှေနှလုံးတော်နှင့်မယ်တော်၏နှလုံးတော်။
ဇွန်လ(၂၅)#ယေဇူး_ရွှေနှလုံးတော်နှင့်မယ်တော်၏နှလုံးတော်။
ငါ့သား၊ ငါ၏ရွှေနှလုံးတော်သည် မယ်တော်၏နှလုံးတော်နှင့် ရင်းနှီးစွာပေါင်းစပ်လျက်ရှိ၍ ချစ်ခင်ခြင်းရှိသည် ကို သင်နားလည်လိုပါလျှင် ငါ့ရွှေနှလုံးတော်ထံသို့လာပါလေ။ ထိုအခါငါ၏နှလုံးအတွင်း၌ ပလ္လင်တင်ထားသည့် အ လွန်သန့်ရှင်းစင်ကြယ်တော်မူသောမယ်တော်ကို သင်တွေ့ပါလိမ်မည်။
သင်သည်ကျေးဇူးများနှင့် ကောင်းကြီးမင်္ဂလာကိုခံယူချင်ပါသလား။ ခံယူလိုလျှင် မယ်တော့ထံသို့ချည်းကပ် ပြီးလျှင် သင်လိုရာများကိုသူ့အားတောင်းခံစေပါလော့။ ငါ့သား၊ သင်၏တောင်းဆိုရာများကို ငါပေးမည်ကိုမည်သည့် အခါမျှ သံသယစိတ်နှင့် စိုးရိမ်ခြင်းမရှိပါနှင့်။ ဝိညာဉ်များအတွက်ငါ၏မယ်တော်သည် ကြားဝင်၍ တောင်းပန်ခဲ့ပါမူ ငါသည်မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်ပါ။
ငါသည်သင်၏နှလုံးနှင့်နှင့်ပေါင်းစပ်ရန်လည်း တောင်းတလျက်ရှိ၏။ သို့သော်သင်နေ့စဉ်ပြုလုပ်ရသေးသည့် သေးငယ်သောအပြုအပြုအမူကလေးများကိုသန့်ရှင်းစေမှသာလျှင် ငါ၏ရွှေနှလုံးတော်နှင့် ပိုမိုနီးကပ်စွာရှိလာပေ လိမ့်မည်။ သို့ဖြစ်၍ ရွှေနှလုံးတော်၏ သခင်မထံသို့လာ၍ ဒူးထောက်ပြီးလျှင် သင်ပြုလုပ်သမဆကိုသခင်မအားဖြင့် တဆင့်ငါ့အားပူဇော်ပါလော့။ သင်နေ့စဉ်ပြုလုပ်သမျှနှင့် ဆုတောင်းမေတ္တာကိုငါ၏ မယ်တော်သည်ငါ့အား ဆက်သ ပူဇော်ပါလျှင် ၎င်းတို့ကိုနောက်ဆုံးစီရင်စစ်ကြောမည့်နေ့တိုင်အောင် ငါ၏နှလုံးတော်ထဲ၌သိမ်းထားပါမည်။ ၎င်းတို့ကို လည်း သန့်ရှင်းစေပြီးမှ သင့်အားငါပြန်ပေးပါမည်။
အိုချစ်ဖွယ်လှသောရွှေနှလုံးတော်၏သခင်မ၊ သခင်မ၏သားတော်နှင့်အမြဲမကွာ ပေါင်းစပ်နေနိုင်ရန် ယေဇူး ထံတော်သို့ ပို့ဆောင်တော်မူပါ။
ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်ပြီးလျှင် သခင်မအားဖြင့်တဆင့်သင်ယူနေစဉ် ပြုလုပ်သမျှ ကိုပူဇော်ပါ။
ဆုတောင်း။ ။ ရွှေနှလုံးတော်၏သခင်မ ကျွန်ုပ်တို့အဖို့ငှါဆုတောင်းတော်မူပါ။
ဥပမာပုံပြင်။
ရဟန်းတပါးသည် ကက်သလစ်မဟုတ်သောဆရာဝန်တစ်ယောက်ကိုတရားဟောပြီးနောက်ဘုရားကျောင်း ရှိအရောင်တောက်ပသောမှန်ပြတင်းပေါက်များကိုပြရန် ဘုရားကျောင်းသို့ခေါ်လာလေ၏။ သူတို့သည် ဘုရား ကျောင်းသို့ ဝင်မိကြသောအခါ ရွှေနှလုံးတော်ဆင်းထုရှေ့၌ ဒူးထောက်နေသောကလေးနှစ်ယောက်ကိုသတိမူမိကြ လေသည်။ ထိုအခါ ဆရာဝန်က ရဟန်းတော်အား ကိုယ်တော်၊ ကလေးများ၏မျက်နှာများသည် မည်မျှလှပါသနည်း။ သူတို့ကိုကြည့်ရတာ စိတ်အားထက်သန်စွာတောင်းလျှောက်နေပုံရတယ်။ သူတို့ဘာများအလိုရှိကြပါလိမ့်မလဲဟု ပြောလေ၏။
ရဟန်းတော်လည်း ဆရာဝန်နှင့်အတူ ကလေးများအနီးသို့ချဉ်းကပ်၍ ကလေးများအား၊ မင်းတို့ဘာလုပ်နေ ကြသလဲဟုမေးရာ ယေဇူးရွှေနှလုံးတော်အားဆုတောင်းနေကြပါသည်ဟု ပြောကြလေ၏။ သခင်ယေဇူးဘယ်မှာရှိ သလဲဟု ဆက်လက်မေးမြန်းရာ ကလေးများသည် ကိုယ်တော်မြတ်ကျောင်းဆောင်တော်သို့ ထိုးပြကြပြီးနောက် ရွှေ နှလုံးတော်ဆင်းထုကိုထိုးပြကြလေ၏။ တဖန်ရဟန်းတော်က မင်းတို့ဘာကိုတောင်းကြသလဲဟု မေးပြန်ရာ ကလေး တပည့်တော်မတို့မိခင်ဖျားနေလို့ သူ့ကိုသက်သာစေဖို့တောင်းလျှောက်နေတယ်။ အမေဟာ ယခုတပည့်တော်မတို့နဲ့ မကားစားနိုင်လို့ တပည့်တော်မတို့သိပ်ငြီးငွေ့တာပဲဟု ဖြေကြလေသည်။ ထိုအခါဆရာဝန်က ကလေးများက သင်တို့ ၏မိခင်သည် ဆရာဝန်ထံသွားသလားဟုမေးရာ၊ ကလေးများက မသွားပါ။ သွားရန်ပိုက်ဆံလဲမရှိပါဟုဖြေကြ၏။ ဆ ရာဝန်က ရဟန်းတော်အား ထိုကိစ္စဟာဖြင့်တပည့်တော်အပေါ်တာဝန်ကျနေပြီ။ တပည့်တော်နှင့်အတူလိုက်ခဲ့ပါဟု ခေါ်ရာ ရဟန်းတော်ကလိုက်ပါမည်ဟု ဝံခံလေ၏။ ဆရာဝန်လည်းကလေးနှစ်ယောက်ကို မိမိ၏ကားပေါ်တင်၍ ရဟန်းတော်နှင့်အတူ သူတို့၏အိမ်သို့လိုက်သွားလေ၏။
မစ္စစ်စူလီဗန်သည် ရဟန်းတော်နှင့်အတူ ဆရာဝန်ကိုတွေ့ရာ များစွာအံသြလေ၏။ သို့ရာတွင်ရဟန်းတော်က ဖြစ်သမျှအားလုံးကိုသေချာဂနစွာပြောပြလေ၏။ ဒေါက်တာဘရောင်းလည်း ကလေးတို့၏မိခင်သည်ဆေးရုံတက်ရန် လိုကြောင်းရှင်းပြ၏။ သို့သော်ကလေးတို့၏မိခင်က မိမိကလေးများကိုသူတို့ချဉ်းပင် မထားခဲ့နိုင်ကြောင်းပြောပြရာ၊ ဒေါက်တာက ကျွန်ုပ်အိမ်၌ရှိသော အစေခံမိန်းမကြီးသည် အသက်အရွယ်ကြီးရင့်ပြီ။ သူသည်ကလေးများကို အလွန် ချစ်ခင်သည်။ ထို့ကြောင့်ကလေးများနှင့်အတူနေရလျှင် ပျော်ရွှင်ကြပါလိမ့်မည်ဟုပြော၏။ ကလေးတို့၏မိခင်အား ဆေးရုံသို့မသွားမှီ ရဟန်းတော်ကောင်းချီးပေးစဉ် ယေဇူးရွှေနှလုံးတော်သည် အမှန်ပင်ကောင်းမြတ်တော်မူ၏၊ ဟု ရွတ်ဆိုလေ၏။ နာရီအနည်းငယ်အတွင်းမှာပင် ကလေးတို့၏မိခင်သည်ဆေးရုံကြီးသို့ေ ရာက်သွား၍ ကလေးများ ကား ဒေါက်တာဘရောင်းအိမ်သို့ရောက်သွားလေ၏။ ညအိပ်ချိန်ရောက်သောအခါကလေးများသည် ညမေတ္တာဆိုရ မည်ဖြစ်လေသည်။ ရွှေနှလုံးတော်ရုပ်ပုံမရှိ၍ သူတို့လည်းမေတ္တာမဆိုနိုင်ကြ၊ မေတ္တာမဆိုနိုင်၍လည်း အိပ်ယာသို့ မ ဝင်နိုင်ကြသေးချေ။
ဆရာဝန်သည်မိမိ၏ရုံးခန်းထဲ၌စာဖတ်နေစဉ် ကလေးနှစ်ယောက်သည်သူ့ထံသို့ဝင်သွား၍ ဆရာဝန်အား ကျွန်တော်တို့၏မိခင်က ကျွန်တော်တို့အား သခင်ယေဇူး၏ရုပ်ပုံကားချပ်ရှေ့မှာ အမြဲမေတ္တာဆိုဖို့ပြောပြတယ်။ ယခု သူ့ရုပ်ပုံမရှိ၍ ကျွန်တော်တို့လည်းမေတ္တာမဆိုနိုင်၊ အိပ်ရာလည်းမဝင်နိုင်ပါဟုပြောလေ၏။ ကလေးများထိုသို့ပြော သည်ကိုကြား၍ အစေခံမိန်းမကြီးကားစိတ်ရွှင်မြူးလေ၏။ ဆရာဝန်မူကားစိတ်ရှုပ်ထွေးသွားသဖြင့် တယ်လီဖုန်းသို့ သွားပြီးရဟန်းတော်အားခေါ်ပြီးလျှင် ကိုယ်တော့်ကလေးများသည် ပုန်ကန်ကြပြီ။ တပည့်တော်ဘာလုပ်ရမည်နည်း ဟုဆို၍ အကြောင်းအလုံးစုံရှင်းပြလေရာ ရဟန်းတော်က ဤမျှလောက်ကောင်းတဲ့တမန်တော်ကလေးများကို သင့် ထံပို့လိုက်မိသည်ကို ကျွန်ုပ်မသိလိုက်ဘူး။ ကျွန်ုပ်မှာရွှေနှလုံးတော်ရုပ်ပုံကားချပ်တစ်ချပ်ရှိတယ်။ ကလေးများကို ပြောပြလိုက်ပါ။ ဘုရားသခင်နေရာတိုင်းမှာရှိတယ်။ ရွှေနှလုံးတော်ရုပ်ပုံမနက်ဖြန်မနက်ရောက်လိမ့်မယ်။ ယခုည မေတ္တာဆိုပြီးသွားအိပ်ပါလို့ပြောလိုက်ဟု ဖုန်းပြန်ဆက်လိုက်လေသည်။ ဆရာဝန်လည်းထိုသတင်းကို ကလေးများ အားပြောပြရာ အိပ်ချင်နေသောကလေးများသည် ဝမ်းမြောက်စွာနှင့်ရဟန်းတော်မှာလိုက်သည့်အတိုင်း လက်ခံ လိုက်နာကြလေသည်။ နောက်နေ့မနက်၌ ဆရာဝန်သည်ရဟန်းတော်ထံမှ ရွှေနှလုံးတော်ရုပ်ပုံကိုယူသွားပြီးလျှင် က လေးများအိပ်နေသောအိပ်ခန်းထဲ၌ ချိတ်ဆွဲထားလေ၏။ ငြိမ်သက်ခြင်းသည် ထိုအိမ်၌တဖန်ဆိုက်ရောက်ပြန်လေ သည်။
ဆေးရုံ၌ အကြည့်အရှုကောင်းခြင်းကြောင့် ကလေးတို့၏မိခင်သည် ကျန်းမာလာလေ၏။ သို့သော်လည်း ဆရာဝန်သည် ကလေးများနှင့်မခွဲနိုင်ချေ။ ထို့ကြောင့်ကလေးတို့၏မိခင်အား မိမိ၏အိမ်ရှိအခိုင်းအစေမိန်းမကြီးသည် မီးဖို၌နေ့စဉ်အလုပ်ရှုပ်နေသဖြင့် သူမအား သူ၏ရုံးခန်း၌အလုပ်လုပ်ရန် အလိုရှိမရှိမေးရာ၊ မစ္စစ်စူလီဗန်လည်း ကျေး ဇူးတင်လျက် သဘောတူလက်ခံလိုက်၏။
နှစ်ပေါင်း (၂၀) ကျော်ခဲ့လေပြီ။ ငယ်ရွယ်သောရဟန်းတပါးသည် မိမိ၏ပထမ မစ္ဆားတရားကိုဟောပါလိမ့် မည်။ ဘုရားကျောင်းတွင်းရှေ့ဆုံးခုံတန်းတွင် ထိုရဟန်းငယ်ကလေး၏မိခင်နှင့် ဆရာဝန်နှစ်ယောက်ထိုင်နေလေ၏။ တစ်ယောက်ကားအသက်အရွယ်ကြီးရင့်လာ၍ဆံပင်ဖြူနေသောဆရာဝန်ကြီးဖြစ်၍ တစ်ယောက်ကား မစ္စစ်စူလီဗန် ၏သားငယ်ဖြစ်လေသည်။ မစ္ဆားဆင်းသောအခါ ထိုရဟန်းငယ်၏ကောင်းကြီးမင်္ဂလာကိုခံယူရန် သင်္ဃန်းလဲခန်းထဲ သို့သွားကြလေ၏။ ရွှေနှလုံးတော်ပလ္လင်ရှေ့သို့ရောက်ကြသောအခါ ဒူးထောက်၍ကျေးဇူးတင်မေတ္တာဆိုကြ၏။ ဒူး ထောက်ရာမှပြန်ထလာသောအခါ ဒေါက်တာဘရောင်းက မစ္စစ်စူလီဗန်အား လွန်ခဲ့သည့်နှစ်ပေါင်း(၂၀)တုံးက၊ သင် ၏သားများဤနေရာမှာ ဆုတောင်နေသည်ကိုတွေ့ခဲ့ရ၏ဟုပြောရာ ထိုမေတ္တာတော်သည် ကျွန်မအားများစွာဝမ်း မြောက်ခြင်းကိုပေးပါသည်ဟု ပြန်ဖြေလေ၏။ ထိုအခါဆရာဝန်က ဟုတ်ပါတယ်။ ထိုမေတ္တာများသည် ကျွန်တော်၏ နှလုံးသားအတွင်း၌ ယုံကြည်ခြင်း၏အလင်းကို ထွန်းလင်းရန်ကူညီသည့်တမန်တော်ကလေးနှစ်ပါးကိုစေလွှတ်လိုက် ပါသည်ဟုပြောလေ၏။ ဖာသာရ်စူလီဗန်သည် မိခင်ကိုကောင်းကြီးပေးရန် မိမိ၏လက်ကို မိခင်၏ခေါင်းပေါ်သို့တင် ထားစဉ် ပြောသည်ကား၊ မေမေ၊ မစ္ဆားအတွင်း၌ ရွှေနှလုံးတော်သည် ကျွန်ုပ်တို့အားလုံးအပေါ်သို့ ကျေးဇူးကိုသွန်း လောင်းတော်မူသောကြောင့် ကျွန်ုပ်ကျေးဇူးတင်ပါသည်။ အထူးသဖြင့်ရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိရန် မိ မိ၏သားများကိုသင်ပေးသော မိခင်၏ကျေးဇူးအတွက်လည်း ကျေးဇူးတင်ပါသည်ဟုပြောလေ၏။
Credit: Printed by Catholic Press, Taungoo. 1961.