
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ လာတင်အမေရိကသို့ သို့သွားရောက်မည့် တမန်တော်များဆိုင်ရာ ခရီးစဉ် အတွက် ပြင်ဆင်လျက်ရှိ

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၎င်း၏ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲအတွင်း ဥရုဂွေး၊ အာဂျင်တီးနား နှင့် ပီရူးနိုင်ငံများသို့ မကြာမီ သွားရောက်တော့မည့် တမန်တော်များဆိုင်ရာ ခရီးစဉ်အတွက် ပြင်ဆင်ရင်း ဘာသာတူများအား ဆုတောင်းမေတ္တာဖြင့် အတူတကွ ပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
“သဘက်ခါမှာ ကျွန်ုပ်ဟာ ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပီရူးနိုင်ငံတွေဆီ သွားရောက်မယ့် တမန်တော် များ ဆိုင်ရာ ခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ ကျွန်ုပ် အလွန်မြတ်နိုးတန်ဖိုးထားတဲ့ ဒီနိုင်ငံတွေမှာ ပြုလုပ်မယ့် သာသနာပြုလုပ်ငန်းတွေကို ထာဝရဘုရားသခင် ကောင်းချီးပေးတော်မူပါစေကြောင်း သင့်တို့ရဲ့ ဆု တောင်းမေတ္တာတွေနဲ့အတူ လိုက်ပါဝန်းရံပေးကြဖို့ တောင်းဆိုပါတယ်။”
ယခုခရီးစဉ်သည် ယုံကြည်ခြင်းကို ခိုင်မာစေပြီး၊ မျှော်လင့်ခြင်းကို သစ်လွင်စေကာ၊ မေတ္တာတရား၏ မီးတောက်ကို ပြန်လည်တောက်လောင်စေပြီး ဘာသာတူများအား ဧဝံဂေလိတရားတော်ကို ဝမ်းမြောက် စွာ ဆက်လက်ဟောကြားနိုင်ရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ရဟန်းမင်းကြီးက မျှော်လင့်ကြောင်း မိန့် ကြားခဲ့သည်။
အထွေထွေ တွေ့ဆုံပွဲမှ အဓိက အချက်အလက်များ
မကြာမီ ကျင်းပမည့် သူတော်သူမြတ် အဖြစ်တင်မြှောက်ခြင်း အခန်းအနား နှစ်ခုကို ပုပ် ရဟန်းမင်း ကြီး ကမိန့်ကြားခဲ့သည်-
ဂွာတီမာလာ-
၁၉၈၃ ခုနှစ်တွင် ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့ရသော ဘုရားသခင်၏ အစေခံ Franciscan ဘုန်း တော်ကြီး Augusto Rafael RamírezMonasterio (OFM)။
စပိန်-
ဘုရားသခင်၏ အစေခံ ဘုန်းတော်ကြီး Francesco González de Córdova နှင့် အတူတကွ အသက်စွန့် ခဲ့ကြသည့် အပေါင်းပါ ၇၉ ဦး။
“ဒီ မင်္ဂလာရှိသောသူတွေဟာ ထာဝရဘုရားရဲ့ မိတ်ဆွေ ‘အုပ်စုကြီး’ ရဲ့ နောက်ထပ် အစိတ်အပိုင်း တစ်ခု ကို ထင်ရှားပေါ်လွင်စေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယို က အလေးပေး မိန့်ကြားခဲ့သည်။
စိန့် ချားလ်စ် ဘောရိုမီယို (St. Charles Borromeo)- စိန့် ချားလ်စ် ဘောရိုမီယို ၏ ပွဲတော်နေ့ အထိမ်း အမှတ်ကို ဘုရားဖူးများအား သတိပေးရင်း၊ ပုပ်ရဟန်းမင်းကြီးက လူငယ်များ၊ လူနာများနှင့် မင်္ဂလာ မောင်နှံသစ်များအနေဖြင့် အဆိုပါ ရဟန္တာ၏ စံနမူနာကို အတုယူကာ မိမိတို့၏ နေ့စဉ်ဘဝများတွင် ခရစ်တော်၏ လမ်းပြမှုကို ခံယူကြရန် တိုက်တွန်းခဲ့သည်။
#PopeLeoXIV #Vatican #CatholicChurch #LatinAmerica #Prayer #Beatification #StCharlesBorromeo
Fr.Peter Kyi Maung
Credit to Vatican News



