လူတွေ ဒုက္ခတွေ့ချိန် နှင့် အားနည်းဆုံးအချိန်တွင် မည်သို့သော သာသနာတော်ကို သူတို့ တွေ့ကြုံကြ ရသ နည်း။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က Amoris laetitia ကို ထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ပြည့်မြောက်လာချိန်တွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကမ္ဘာတစ်ဝန်းမှ ဆရာတော်ကြီးများအား လွန်ခဲ့သည့် ဆယ်နှစ်တာ ကာ လအတွင်း သာသနာတော်က မည်သည့်အရာများကို သင်ယူရရှိခဲ့သည်၊ ထို့အပြင် အခက်အခဲများ၊ နာ ကျင်ဒဏ်ရာများနှင့် မသေချာမရေရာမှုများကို ရင်ဆိုင်နေရသည့် မိသားစုများအား မည်သို့ ပိုမိုကောင်း မွန်စွာ အတူလျှောက်လှမ်းပေးနိုင်မည်ကို ပြန်လည်သုံးသပ်ကြရန် တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ဗာတီကန်၌ ကျင်းပသည့် “Amoris laetitia ထုတ်ပြန်ပြီး ၁၀ နှစ် အကြာ — “ယနေ့ခေတ် မိသားစုများနှင့်အတူ ဧဝံဂေလိတရားကို ကြေညာခြင်း” ခေါင်းစဉ်ဖြင့် အစည်း အဝေးဖွင့်ပွဲ၌ ပုပ် ရဟန်းမင်းကြီး လီယိုက ပါဝင်တက်ရောက်သူများအား မိမိတို့၏ ဒေသန္တရသာသနာ တော်များနှင့် မတူကွဲပြားသော ယဉ်ကျေးမှုနောက်ခံများမှ ရရှိခဲ့သည့် အတွေ့အကြုံများကို မျှဝေကြရန် အားပေးခဲ့သည်။

“ဒီဆယ်နှစ်တာကာလအတွင်း ဖြစ်ပေါ်လာခဲ့သည့် အတွေ့အကြုံများကို ပျော်ရွှင် ခြင်းနှင့် မျှော်လင့် ချက် တို့ဖြင့် ပြည့် နှက်နေသော ဘဝဇာတ်ကြောင်းတစ်ရပ်အဖြစ် တဖြည်းဖြည်း ပုံဖော်နိုင်မည်ဟု မျှော်လင့် ပါသည်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီး ကျန်ရှိနေသေးသည့် စမ်းသပ်မှုများနှင့် အခက်အခဲ များကို ရိုးသားစွာ ရင်ဆိုင်ကြရန် သာသနာတော်အား တိုက်တွန်းခဲ့သည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၇ ရက်မှ ၁၄ ရက်အထိ ပုပ်ပေါလ် ၆ ခန်းမ၌ ကျင်းပနေပြီး အရှေ့ပိုင်းအသင်းတော်များ၏ ခေါင်းဆောင်များနှင့် ဆရာတော်များညီလာခံများ၏ ဥက္ကဋ္ဌများ ပါဝင် ကြပါသည်။ အစည်းအဝေးတွင် အထွေထွေ ဆွေးနွေးပွဲများ၊ အုပ်စုလိုက် ဆွေးနွေးမှုများနှင့် ဆုတောင်း ခြင်းများ ပါဝင်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကိုယ်တိုင် ဦးဆောင်ကျင်းပမည့် မစ္ဆားတရား တော်မြတ်ဖြင့် အဆုံးသတ် မည်ဖြစ်သည်။

သာသနာတော်၏ တာဝန်အတွင်း မိသားစုများ၏ အဓိကအခန်းကဏ္ဍ

ပုပ်ရဟန်းမင်းကြီး လီယိုက ဒုတိယဗာတီကန်ကောင်စီ၏ အိမ်ထောင်ရေးနှင့် မိသားစုဘဝဂုဏ်သိက္ခာနှင့် ပတ်သက်သည့် သွန်သင်ချက်များကို ပြန်လည်အမှတ်ရစေခဲ့သည်။ ယနေ့ကမ္ဘာတွင် ရင်ဆိုင်နေရသည့် ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးကြီးသည့် မေးခွန်းများစွာနှင့် မိသားစု ဘဝသည် နီးကပ်စွာ ဆက်နွယ်နေကြောင်း အလေးပေးပြောကြားခဲ့သည်။

မိသားစုများသည် အသင်းတော်၏ တာဝန်များအတွက်လည်း မရှိမဖြစ် အရေးကြီးကြောင်း ပုပ်ရဟန်း မင်းကြီးက ဆိုသည်။ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်း၊ ခွင့်လွှတ်ခြင်း၊ သားသမီးများအား ပညာပေးခြင်း၊ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းပေးခြင်း၊ အသက်ကြီးသူများကို စောင့်ရှောက်ခြင်းနှင့် လူမှုအသိုင်း အဝိုင်းအတွက် အကျိုးပြုဆောင်ရွက်ခြင်းတို့မှတစ်ဆင့် မိသားစုများသည် နေ့စဉ်ဘဝအတွင်း ဧဝံဂေလိ တရားကို ကိုယ်တိုင်သက်သေခံနေကြကြောင်း ပြောကြားခဲ့သည်။

“မိသားစုများကိုယ်တိုင်ပင် မိမိတို့၏ နေ့စဉ်ဘဝအတွင်း သာသနာတော်၏ တာဝန်တွင် ပါဝင်နေ ကြ သည်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ထို့အပြင် သာသနာတော်ခေါင်းဆောင်များအနေဖြင့် မိသားစုများ၏ အသံကို ဂရုတစိုက် နားထောင်ကြ ရန်နှင့် ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်က သာသနာတော်အား သင် ကြားပေးနေသည့်အရာများကို သိမြင်ကြရန် အားပေးခဲ့သည်။

အသင်းတော်အနေဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည့် မေးခွန်းများ

ပုပ်ရဟန်းမင်းကြီး လီယိုက ယနေ့ မိသားစုများနှင့် လူငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာကို ဖော်ပြခဲ့သည်။ ယင်းတို့တွင် လိင်မှုရေးရာနှင့် ရင်းနှီးချစ်ခင်မှုအပေါ် ပြောင်းလဲလာသော သဘော ထား များ၊ စီးပွားရေးမတည်ငြိမ်မှု၊ ရွှေ့ပြောင်းနေထိုင်ရမှု၊ အကြမ်းဖက်မှု၊ အထီးကျန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းလွယ်မှုတို့ ပါဝင်သည်။

လူငယ်များစွာသည် ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်းနှင့် မိမိတို့ကို လက်ခံပေးသည့် အသိုင်းအဝိုင်းကို ဆက် လက်တောင့်တနေကြသော်လည်း တစ်သက်တာအတွက် ကတိပြုထားသည့် ချစ်ခြင်းမေတ္တာကို မိမိ တို့၏ဘဝတွင် မည်သို့ အကောင်အထည်ဖော်နိုင်မည်ကို နားလည်ရန် ခက်ခဲနေကြကြောင်းလည်း ပုပ် ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

ထို့ကြောင့် သာသနာ့ခေါင်းဆောင်များအနေဖြင့် ခက်ခဲသော်လည်း မဖြစ်မနေ ရင်ဆိုင်မေးမြန်းရမည့် မေးခွန်းများကို မေးကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

“ဒီယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတွေရဲ့ နောက်ကွယ်မှာ လူတွေ အမှန်တကယ် ဘာကို ရှာဖွေနေ ကြတာလဲ။ သူတို့ရဲ့ ပျော်ရွှင်မှု၊ မျှော်လင့်ချက်၊ ဝမ်းနည်းမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ကျွန်ုပ်တို့ကို ဘာ တွေဖော်ပြပေးနေသလဲ။ သာသနာတော်ရဲ့ သွန်သင်ခြင်းဆိုင်ရာ ဘာသာစကားနဲ့ လုပ်ဆောင်မှုတွေက ဘယ်နေရာမှာ လမ်းဖွင့်ပေးနိုင်သလဲ၊ ဘယ်နေရာမှာတော့ လူတွေရဲ့ နှလုံးသားကို မထိတွေ့နိုင်ဘဲ ဖြစ် နေသလဲ။”

“လူတွေ ဒုက္ခအတွေ့ဆုံး၊ အားနည်းဆုံးအချိန်မှာ ဘယ်လိုအသင်းတော်ကို တွေ့ကြုံကြရသလဲ”

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းတွင် အဓိကအကြောင်းအရာတစ်ရပ်မှာ လူသားတို့၏ အားနည်းလွယ်မှု ဖြစ်သည်။

အားနည်းလွယ်မှုသည် လူသားတို့၏ သဘာဝအခြေအနေတစ်ရပ်ဖြစ်ပြီး သာသနာတော်၏ သိုးထိန်း ဆိုင်ရာ အနီးကပ်ရှိမှုနှင့် ပတ်သက်၍ အရေးကြီးသည့် မေးခွန်းတစ်ရပ်ကို ပေါ်ပေါက်စေကြောင်း ပုပ် ရဟန်းမင်းကြီးက အလေးပေးပြောကြားခဲ့သည်။ လူတစ်ဦး၏ဘဝသည် မိမိမျှော်လင့်ထားသည့်အတိုင်း မဖြစ်တော့သည့်အချိန်တွင် သာသနာတော်သည် ထိုသူနှင့်အတူ ဆက်လက်နီးကပ်စွာ ရှိနေနိုင်ပါသလား။

ပုပ်ရဟန်းမင်းကြီး လီယိုက မေးခွန်းထုတ်ခဲ့သည်မှာ—

“ဒါဆို လူတွေ အထူးသဖြင့် အားနည်းဆုံးအချိန်မှာ ဘယ်လိုသာသနာတော်မျိုးကို တွေ့ကြုံကြရသလဲ။”

ထို့အပြင် သာသနာတော်အသိုင်းအဝိုင်းများသည် လူတစ်ဦးချင်းစီအား မိမိတို့အတွက် နေရာတစ်ခု၊ တာဝန်တစ်ရပ်နှင့် ပေးဆပ်နိုင်သည့် အရည်အချင်းများ ရှိနေဆဲဖြစ်ကြောင်း သိရှိစေနိုင်ပါသလား

သာသနာတော်က ကြေညာသည့် အမှန်တရားကို “သည်းခံခြင်း၊ နီးကပ်စွာ အတူရှိခြင်းနှင့် ကရုဏာ” တို့ဖြင့် လူတို့ အမှန်တကယ် တွေ့ကြုံနိုင်ပါသလား

ထို့အပြင် ကျေးဇူးတော်၊ ခွင့်လွှတ်ခြင်းနှင့် အသစ်ပြန်လည်စတင်နိုင်ခြင်းတို့၏ အရေးပါမှုကို ပုပ်ရဟန်း မင်းကြီးက အလေးပေးခဲ့သည်။ သစ္စာရှိခြင်းသည်လည်း ရရှိခံယူရမည့် ကျေးဇူးတော်တစ်ရပ်ဖြစ်ပြီး စမ်းသပ်မှုများကြားမှ တစ်သက်တာလုံး တဖြည်းဖြည်း ပြန်လည်မွမ်းမံရမည့် လမ်းခရီး တစ်ရပ်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

နားထောင်ခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခွဲခြားသိမြင်ခြင်း

ပုပ်ရဟန်းမင်းကြီး လီယိုက ပါဝင်သူများအား ဤမေးခွန်းများကို အလေးအနက်ထား ရင်ဆိုင်ကြရန်နှင့် အထူးသဖြင့် မိမိတို့၏ ယခင်အတွေးအခေါ်များကို စိန်ခေါ်နေသည့် အခြေအနေများနှင့် ကြုံတွေ့ ရချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို ပွင့်လင်းစွာ လက်ခံကြရန် တိုက်တွန်းခဲ့သည်။

“တစ်ဦးကိုတစ်ဦး နားထောင်ခြင်း၊

ကျွန်ုပ်တို့ကြားသိရသည့်အရာများကို မိမိတို့၏အတွင်းစိတ်ထဲတွင် ပြန်လည်စဉ်းစားခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုများကို အာရုံစိုက်ခြင်းတို့သည် မေးခွန်းအသစ်များကို ရင်ဆိုင်ရာတွင် ကျွန်ုပ် တို့လိုအပ်သော သိုးထိန်းဆိုင်ရာ တီထွင်ဖန်တီးနိုင်စွမ်းကို နိုးထစေနိုင်သည်”

ပုပ်ရဟန်းမင်းကြီးက သာသနာတော်အနေဖြင့် “တစ်ဦးကိုတစ်ဦး နားထောင်နိုင်သည့် လွတ်လပ်မှု၊ မိမိ၏ လူမျိုးများအကြား ဘုရားသခင်၏ လုပ်ဆောင်မှုကို အသိအမှတ်ပြုနိုင်သည့် ဉာဏ်ပညာနှင့် ကိုယ်တော် ဦးဆောင်ရာနောက်သို့ လိုက်လျှောက်နိုင်သည့် သတ္တိ” ရရှိစေရန် ဆုတောင်းပေးခဲ့သည်။

ထိုသို့ နားထောင်ခြင်းနှင့် ဝိညာဉ်ရေးရာ ခွဲခြားသိမြင်ခြင်းမှတစ်ဆင့် ဧဝံဂေလိတရားသည် ကမ္ဘာတစ် ဝန်းရှိ မိသားစုများအတွက် ပိုမိုပြည့်ဝသော “သတင်းကောင်း” ဖြစ်လာစေရန် မျှော်လင့်ကြောင်း ပုပ်ရ ဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ဤ Amoris laetitia ၁၀ နှစ်ပြည့် ဗာတီကန်အစည်းအဝေးကို ရောမမြို့တွင် အောက်တိုဘာ ၁၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

utube-@rvamyanmar8152

Website: rvamyanmar.org See less

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-leo-amoris-laetitia…

See less

rvamyanmar
rvamyanmar
Articles: 4295

Leave a Reply

Your email address will not be published. Required fields are marked *