အပြန်အလှန် ချစ်ခြင်းမေတ္တာသည် ‘ငါတို့ကို ကျေးကျွန်မဖြစ်စေသော’ ကြွေးမြီတစ်ခု ဖြစ်သည်။

အန်ဂျေလူး မေတ္တာဆိုခြင်းတွင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ခရစ်ယာန်များအနေဖြင့် အပြန် အလှန် ချစ်ခြင်းမေတ္တာကို ကျင့်သုံးရန် ယေဇူးသခင် ခေါ်ဖိတ်ထားသော နည်းလမ်းနှစ်ခုဖြစ်သည့် ညီ အစ်ကိုမောင်နှမအချင်းချင်း ပြုပြင်တည့်မတ်ပေးနိုင်ခြင်းနှင့် ချစ်ခင်စုံမက်ခြင်းတို့အပေါ် ထောက်ရှု ဝေမျှခဲ့ပါသည်။

ဗာတီကန် နန်းတော်ပြတင်းပေါက်မှနေ၍ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် တနင်္ဂနွေနေ့ အန်ဂျေ လူး မေတ္တာဆိုကို ရွတ်ဆိုအပြီး ယနေ့တရားတော်၌ တွေ့ရှိရသော “အတွေးအခေါ်နှင့် လုပ်ဆောင် ချက်များအတွက် အခြေခံစံနှုန်းများ” အပေါ် ထောက်ရှုရင်း

ရှင်ပေါလု၏ ရောမဩဝါဒစာပါ ပညတ်တော်အပေါင်းကို “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ်လော့” (ရောမ ၁၃:၉) ဟူသော ပညတ်တစ်ခုတည်း၌ စုစည်းဖော်ပြထားသည်။ ဤအချက်ကို ပိုမိုခိုင်မာစေရန် ထိုကျမ်းပိုဒ်၏ အထက်အပိုဒ်မှ “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး မည်သူ့ထံ၌မျှ အကြွေးမတင်စေနှင့်” ဟူသော ကျမ်းပိုဒ်ကို ကိုးကားပြီး

အကြွေးများကို ခွင့်လွှတ်ရန် တောင်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ပြုလုပ်ရန် ယေဇူးသခင် သင်ကြား ပေးခဲ့ပုံကို ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက “ငါတို့ကို ကျေးကျွန်မဖြစ်စေသော၊ အချင်းချင်း တင်ရှိနေသည့် ကြွေးမြီတစ်ခု ရှိသည်၊ ထိုအရာမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာ၏ ကြွေးမြီပင်ဖြစ်သည်” ဟု အလေးအနက် မိန့်ကြားခဲ့သည်။ လူတစ်ဦးစီတိုင်း ရရှိသည့် ဂရုစိုက်မှု၊ ကောင်းမွန်မှုနှင့် အာရုံစိုက်မှုတို့သည် ငါတို့ကို ပိုမိုလွတ်လပ်စေပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုရှိလာစေသည်။

ချစ်ခြင်းမေတ္တာပြသရန် နည်းလမ်းနှစ်ခု

တနင်္ဂနွေနေ့ မင်္ဂလာသတင်းစာ၌ ယေဇူးသခင်သည် ခရစ်ယာန်များ အပြန်အလှန် ချစ်ခြင်းမေတ္တာကို ကျင့်သုံးရန် နည်းလမ်းနှစ်ခုကို မိန့်ကြားခဲ့သည်

ပထမနည်းလမ်းမှာ ညီအစ်ကိုမောင်နှမအချင်းချင်း ပြုပြင်တည့်မတ်ပေးခြင်းကို လက်ခံနိုင်ခြင်း ဖြစ် သည်။ “ဒါဟာ သန့်စင်မွန်မြတ်တဲ့ အနုပညာတစ်ခု ဖြစ်သလို ပွင့်လင်းမှုနဲ့ အဆင့်ဆင့် ချဉ်းကပ် ဆောင်ရွက်မှုကို လိုအပ်ပါတယ်”  ကြောင်း

တစ်ဦးနှင့်တစ်ဦး သီးသန့်ဖြစ်စေ၊ ထို့နောက် အစုအဖွဲ့ငယ်နှင့်ဖြစ်စေ၊ ထိုမှတစ်ဆင့် အသိုင်း အဝိုင်း တစ်ခုလုံးနှင့်ဖြစ်စေ ပွင့်လင်းရိုးသားစွာ ပြောဆိုနိုင်ခြင်းသည် လက်တွေ့ဘဝ ကြီးထွားဖွံ့ဖြိုးတိုး တက်မှုအတွက် အခွင့်အရေးများအဖြစ် ပြောင်းလဲရန် ပါဝင်ကြောင်း

“မကျေမနပ်ဖြစ်တာနဲ့ အခြားသူတွေကို မကောင်းပြောတာတွေဟာ ပိုမိုလွယ်ကူပေမဲ့ ဘာမှအဖတ် တင်မှာမဟုတ်ဘဲ အခြေအနေများစွာကို ရပ်တန့်သွားစေပါတယ်” “မင်္ဂလာသတင်းစာကတော့ မေတ္တာတရားကနေတစ်ဆင့် ရရှိလာမယ့် လွတ်လပ်မှုကို သင်ကြားပေးပါတယ်” ဟု  ပုပ်ရဟန်း မင်းကြီးက ဆိုသည်။

ဒုတိယနည်းလမ်းမှာ လူတိုင်းကို ညီအစ်ကိုမောင်နှမများကဲ့သို့ ချစ်ကြရန် ခေါ်ဖိတ်ခြင်းဖြစ်သည်။

ဤအရာသည် ပဋိပက္ခဖြစ်ပွားချိန်၌ဖြစ်စေ၊ ဘုရားသခင်ထံ တစ်စုံတစ်ခု တောင်းခံချိန်၌ဖြစ်စေ ဆုတောင်းခြင်းကိုပင် သဘောတူညီချက်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးသည်။

ယနေ့ မင်္ဂလာသတင်းစာ၌ ယေဇူးသခင်က “သင်တို့တွင် နှစ်ယောက်သောသူတို့သည် မြေကြီးပေါ်မှာ တောင်းသမျှသော အရာတို့၌ သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်သည် ထိုသူတို့အား ပေးသနားတော်မူလတ္တံ့” ဟု မိန့်တော်မူခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုက ဤကတိတော်သည် လိုအင်ဆန္ဒများ၊ ဝမ်းနည်းပူဆွေးမှုများနှင့် မျှော် လင့်ချက်များကို မျှဝေနိုင်ကြောင်းနှင့် ဆုတောင်းခြင်းသည် လူအချင်းချင်း စည်းလုံးညီညွတ်စွာ တိုးတက်လာစေရန် ကူညီပေးနိုင်ကြောင်း ထင်ဟပ်နေပုံကို အလေးပေးပြောကြားခဲ့သည်။

“ယုံကြည်ခြင်းမရှိရင် လူတစ်ယောက်စီတိုင်းဟာ တစ်ကောင်ကြွက်လို့ ခံစားရနိုင်ပြီး အခြားသူတွေ ကို စိမ်းကားသူတွေ၊ ရန်သူတွေအဖြစ် မြင်ပြီး သံသယဝင်လာနိုင်ပါတယ်”

ကျေးဇူးတော်အားဖြင့် ငါတို့သည် “သခင်ဘုရား၌ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် နားထောင်ပေးခြင်း” တို့ဖြင့် ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းနေထိုင်နိုင်သော ညီအစ်ကိုမောင် နှမများ ဖြစ်လာကြတယ်

နောက်ဆုံးအနေနှင့် ပုပ်ရဟန်းမင်းကြီးက ငါတို့အားလုံးကို “ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာ၏ ဝမ်းမြောက်ဖွယ် ကြွေးမြီ” ကို သင်ကြားပေးပါရန် မယ်တော်မေရီထံ ဆုတောင်းမေတ္တာရပ်ခံရင်း နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-09/pope-at-angelus-mutual-love-is-one-debt-that-does-not-enslave-us.html

rvamyanmar
rvamyanmar
Articles: 4217

Leave a Reply

Your email address will not be published. Required fields are marked *