
“ဖျက်ဆီးခြင်းမှ သက်ရှိကမ္ဘာသို့ ပြောင်းလဲရန် နောက်ကျသည် မဟုတ်ပါ”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြု ပြင်ပြောင်းလဲမှုကို လက်ခံဆောင်ရွက်ကြရန်၊ ဖျက်ဆီးခြင်းများကို သက်ရှိကမ္ဘာအဖြစ်သို့ ပြောင်းလဲ ပေးကြရန်နှင့် သဘာဝဖန်ဆင်းရှင်၏ ဖန်ဆင်းမှုများနှင့် ဆင်းရဲနွမ်းပါးသူများကို စောင့်ရှောက်ရန် ကတိ ကဝတ်များကို အသစ်တဖန် ပြန်လည်ဆန်းသစ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ လမ်းကြောင်းပြောင်းလဲရန်နှင့် ဖျက်ဆီးရေးအတွက် အသုံးပြုခဲ့သည်များကို သက်ရှိကမ္ဘာအတွက် ပြန် လည်ဦးတည်ပေးရန် “နောက်ကျသေးသည် မဟုတ်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အင်္ဂါ နေ့တွင် မိန့်ကြားခဲ့ပြီး၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သဘာဝတရားကို စောင့်ရှောက်ခြင်းအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် စကြာဝဠာဆိုင်ရာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၏ ဖော်ပြချက်တစ်ခုအဖြစ် ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် စက်တင်ဘာ ၁ ရက်နေ့တွင်ကျရောက်သော နှစ်စဉ် “သဘာဝတရား စောင့် ရှောက်ရေးကမ္ဘာ့ဆုတောင်းပွဲနေ့” နှင့် “သဘာဝတရား ဖန်ဆင်းခြင်းရာသီ” စတင်ခြင်း အထိမ်းအမှတ် အဖြစ် Castel Gandolfo ရှိ Laudato Si’ ကျေးရွာတွင် မစ္ဆာတရားမင်္ဂလာပွဲတော်ကျင်းပခဲ့သည်။
ကျမ်းစာလာအဆုံးအမများကို ဆင်ခြင်ရင်း ပုပ်ရဟန်းမင်းကြီး လီယိုက သဘာဝကမ္ဘာ၏ အလှတရားကို ရှုမျှော်ကြည့်ရှုကြရန်နှင့် ထိုမှတစ်ဆင့် ဖန်ဆင်းရှင်ကို အသိအမှတ်ပြုကြရန် သဒ္ဓါကြည်ညိုသူများကို ဖိတ်ခေါ်ခဲ့သည်။
Laudato Si’ ကျေးရွာ၏ ဥယျာဉ်များအတွင်း၌ သဘာဝတရားကို ရှုမျှော်ကြည့်ရှုရန် ဤဖိတ်ခေါ် ချက် သည် အထူးပင် သင့်လျော်လှကြောင်း မိန့်ကြားခဲ့သည်။ “မီး၊ လေ၊ စီးဆင်းနေသော ရေထု သို့မဟုတ် ကောင်းကင်ရှိ ကြယ်များကို ကြည့်ရှုပြီး အံ့ဩမှင်သက်နေသော်လည်း၊ အံ့ဖွယ်အမှုများကို ဖန်ဆင်းရှင် ထံသို့ ကျွန်ုပ်တို့၏ အကြည့်ကို မမြှင့်တင်ဘဲနေပါက အပေါ်ယံဆန်လွန်းရာ ရောက်ပါလိမ့်မည်” ဟု ၎င်း က ထောက်ပြခဲ့သည်။
သဘာဝ တရား၏ ‘သာယာငြိမ့်ညောင်းသော အသံ’ ကို နားဆင်ပါ ပုပ်ရဟန်းမင်းကြီးသည် တက် ရောက်လာသူများအား နေ့စဉ်ဘဝ၏ လှုပ်ရှားရုန်းကန်မှုများနှင့် ဆူညံသံများမှ ခေတ္တခဏခွာထုတ်ကာ သဘာဝတရား၏ ဟန်ချက်ညီမှုအတွင်း မိမိတို့၏ တည်ရှိမှုကို ပြန်လည်ရှာဖွေကြရန် တောင်းဆိုခဲ့သည်။ သဘာဝတရား ဖန်ဆင်းခြင်းရာသီသည် “ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ ရုန်းကန်မှုများမှ ခေတ္တရပ်နားရန်” နှင့် လူသားတို့သည် ဘုရားသခင်၏ ဖန်ဆင်းမှုတွင် ပါဝင်နေသော နက်ရှိုင်းသည့် ဟန်ချက်ညီမှု၏ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုရန် အခွင့်အရေးပေးသည်ဟု မှတ်ချက်ပြုခဲ့သည်။
“လူသားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ထွက်ပေါ်လာတဲ့ ဆူညံသံတွေကို ‘တိတ်ဆိတ်ခြင်းမုဒ် (silent mode)’ မှာ ခေတ္တထားရှိကြရအောင်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။ “ဒါမှ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းရှင် ဘုရားသခင်က ကျွန်ုပ်တို့ကို စကားပြောဆိုနေတဲ့ သဘာဝတရားရဲ့ သာယာ ငြိမ့်ညောင်းတဲ့ အသံကို ကြားနိုင်မှာဖြစ်ပါတယ်။” ဤသို့ ရှုမျှော်ကြည့်ရှုခြင်းဆိုင်ရာ “တာဝန်” သည် သဘာဝကမ္ဘာကို သာမန် တန်ဖိုးထားရုံထက်မကဘျ ဘုရားသခင်နှင့် စတင်တွေ့ဆုံခြင်းဖြစ်ပြီး၊ လူသား တို့ သဘာဝတရားနှင့် ဆက်ဆံသည့်ပုံစံကို ပြောင်းလဲသွားစေနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ရှင်းပြ ခဲ့သည်။
ယင်းသည် ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်း၏ အကျိုးကျေးဇူးများကို ကမ္ဘာကြီးနှင့် ဆက်ဆံရာတွင် ထင်ရှားစွာမြင်တွေ့ရမည့် “စစ်မှန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု” သို့ တက် လှမ်းသည့် ပထမခြေလှမ်း ဖြစ်သည်ဟု ဆိုသည်။အားလုံးပါဝင် သော တာဝန်ရှိမှု သဘာဝတရားကို ရှုမျှော်ကြည့်ရှုခြင်းနှင့် ဖန်ဆင်းရှင်နှင့် တွေ့ဆုံခြင်းသည် ဘုရားသခင်၏ အစီအစဉ်အတွင်း လူသားတို့၏ တည်ရှိမှုနှင့် ယင်းမှဆင်းသက်လာသော တာဝန်ယူမှုကို ပိုမိုနက်ရှိုင်းစွာ အသိဝင်စေကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။ထိုတာဝန်သည် တစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့လိုက် တာဝန်ဖြစ်ကြောင်း ၎င်းက မိန့်ကြားခဲ့သည်။”ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်တွေနဲ့ ပျက်ကွက်မှုတွေကို အသိ ဝင်လာတာနဲ့အမျှ ဖန်ဆင်းရှင်ရဲ့ အလိုတော်အတိုင်း သတ္တဝါအားလုံးကြားက ဆက်ဆံရေးတွေကို ပြန်လည်ပြုပြင်ဖို့ ကျွန်ုပ်တို့ရဲ့ ကတိကဝတ်ကို အသစ်တဖန် ဆန်းသစ်နိုင်ပါတယ်” ဟု ဆက်လက် မိန့်ကြားခဲ့သည်။
ထို့နောက် ပုပ်ရဟန်းမင်းကြီးသည် ယခုနှစ် သဘာဝတရား စောင့်ရှောက်ရေး ကမ္ဘာ့ဆုတောင်းပွဲနေ့၏ ဗဟိုအချက်အလက်များထဲမှ တစ်ခုဖြစ်သော ဖျက်ဆီးရေးလက်နက်များကို သက်ရှိကမ္ဘာကို ထောက်ပံ့ ပေးသည့် ကိရိယာများအဖြစ် ပြောင်းလဲခြင်း အကြောင်းအရာသို့ လှည့်ပြောင်းမိန့်ကြားခဲ့သည်။
ယခုနှစ် ကမ္ဘာ့ဆုတောင်းပွဲနေ့ သဝဏ်လွှာအတွက် မူရင်းအကြောင်းအရာလည်းဖြစ်သော “ဓားများကို ထွန်သွားများအဖြစ်သို့ ပြောင်းလဲခြင်း” ဆိုသည့် ကျမ်းစာလာ ဗျာဒိတ်တော်ကို ကိုးကား၍ “ထိခိုက် နစ်နာမှုတွေကို သက်ရှိကမ္ဘာအဖြစ် ပြောင်းလဲကြပါ” ဟု တိုက်တွန်းခဲ့သည်။”နောက်ကျသေးသည် မဟုတ်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက အလေးအနက် မိန့်ကြားခဲ့သည်။
“ဖျက်ဆီးရေးအတွက် အသုံးပြုခဲ့တာတွေကို သက်ရှိကမ္ဘာဆီသို့၊ ဆင်းရဲနွမ်းပါးသူတွေကို စောင့်ရှောက် ခြင်းဆီသို့၊ ငတ်မွတ်နေသူတွေကို အာဟာရကျွေးမွေးခြင်းဆီသို့နဲ့ သဘာဝတရားကို ကာကွယ်စောင့် ရှောက်ခြင်းဆီသို့ ပြန်လည်ဦးတည်ပေးနိုင်ပါတယ်” ဟု မိန့်ကြားခဲ့သည်။စိန့်ဖရန်စစ်၏ ပမာဏအတိုင်း လိုက်နာဆောင်ရွက်ခြင်းသဘာဝတရား ဖန်ဆင်းခြင်းရာသီသည် အသင်းတော်က စိန့်ဖရန်စစ် (Assisi) ကွယ်လွန်ခြင်း နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည့် အောက်တိုဘာ ၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် Laudato Si’ စာတမ်းကို ရေးသားစဉ်နှင့် မစ္ဆာမင်္ဂလာပွဲ ကျင်းပခဲ့သည့် Laudato Si’ ကျေးရွာကို ထူထောင်စဉ်က ထိုသူတော်စင်ထံမှ အထူးတလည် စိတ်ကူးဉာဏ်ကွန့်မြူးမှု ရရှိခဲ့ကြောင်းပုပ်ရဟန်းမင်းကြီးလီယိုကပြန်လည်အမှတ်ရမိန့်ကြားခဲ့သည်။သဒ္ဓါကြည်ညိုသူများအနေဖြင့် အာစီစီမြို့မှ “ဆင်းရဲနွမ်းပါးသော သူတော်စင်” နှင့် ဝိညာဉ်ရေးရာအရ ပေါင်းစည်းကြရန် ဖိတ်ခေါ် ရင်း၊ စိန့်ဖရန်စစ်က နေ၊ လ၊ ကြယ်များ၊ လေ၊ ရေ၊ မီးနှင့် မြေကြီးတို့မှတစ်ဆင့် ဘုရားသခင်ကို ချီးမွမ်း ခဲ့သည့် “သတ္တဝါတို့၏ ဓမ္မသီချင်း” ကို ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။”စိန့်ဖရန်စစ်နဲ့အတူ သဘာဝတရားကို စောင့်ရှောက်တဲ့ တာဝန်နဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတဲ့ စကြာဝဠာဆိုင်ရာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ကို ကျင့်သုံးဖို့နဲ့ မြှင့်တင်ဖို့ ကျွန်ုပ်တို့ရဲ့ ကတိကဝတ်ကို ပြန်လည်ဆန်း သစ်ကြရအောင်” ဟု မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
Credit: Vatican News

