
“ခရစ်တော်၏ ဆားနှင့် အလင်း ဖြစ်ကြပါ!”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပီရူးနိုင်ငံ၊ ချူလူကာနတ်စ် (Chulucanas) မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပီရူးအမျိုးသားလူငယ်များနေ့ (JNJ) သို့ တက်ရောက်လာကြသော လူငယ် ၄,၀၀၀ ကျော်ထံ သို့ အား ရှိဖွယ် ဗီဒီယိုသတင်းစကား ထုတ်ပြန်ပါဝင်ခဲ့သည်။
ခရစ်ယာန်လူငယ်များအနေဖြင့် တစ်ကိုယ်ကောင်းဆန်မှုများကို စွန့်လွှတ်ကာ ယုံကြည်ခြင်း၌ စစ်မှန် သော ညီအစ်ကိုမောင်နှမ သံယောဇဉ်များကို တည်ဆောက်ကြရန် တိုက်တွန်းရင်း ခေါင်းရဟန်း မင်းကြီး က အောက်ပါအတိုင်း နှိုးဆော်ခဲ့သည် -�မျှော်လင့်ချက်ကို ပြန်လည်ဆန်းသစ်ပါ – “ဒုက္ခရောက်နေကြတဲ့ စိတ်နှလုံးပေါင်းများစွာထဲမှာ မျှော်လင့်ချက်မီးတောက်ကို ပြန်လည်မွေးဖွားပေးဖို့ ဘုရားသခင်ရဲ့ ကိရိ ယာတန်ဆာပလာတွေ ဖြစ်လာရမှာကို မကြောက်ရွံ့ကြပါနဲ့။”�ယုံကြည်ခြင်းကို လက်တွေ့ပြသပါ – ဒီအတွေ့အကြုံတွေကို ဖုန်းထဲက ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေထဲမှာပဲ မကျန်ရစ်ပါစေနဲ့။
ခရစ်တော်ကို ချစ်မြတ်နိုးတဲ့ လူငယ်တစ်ယောက်ရဲ့ ဝမ်းမြောက်ဖွယ်ရာ သက်သေခံချက်တွေနဲ့ အသက် ရှင်နေထိုင်ပြပါ။�ရဲရင့်ခြင်းရှိကြပါ – “ရဲရင့်ကြပါ၊ ခရစ်တော်သည် အသက်ရှင်တော်မူ၏” ဆိုသည့် အခမ်းအနားဆောင်ပုဒ်အတိုင်း ခရစ်တော်၏ အသက်ရှင်လျက်ရှိသော တည်ရှိမှုသည် မိမိတို့အား ရဲရင့် စေသည့် အတွင်းစိတ်ဓာတ်မီးတောက်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပေးပြောကြားခဲ့သည်။�ပုပ်ရဟန်းမင်းကြီး လီယို က လူငယ်များကို “မယ်တော်” ထံ အပ်နှံဆုတောင်းပေးခဲ့ပြီး ပီရူးပြည်၏ “ဆား နှင့် အလင်း” ဖြစ်ကြရန် အထူးကောင်းချီးပေးခဲ့သည်။
Youtube-@rvamyanmar8152
Website: rvamyanmar.org
#Peru#JNJ2026#PopeLeo#CatholicYouth#SaltAndLight#ChristIsAlive#Chulucanas
Fr. Peter Kyi Maung
Phto credit: Vatican News
https://www.vaticannews.va/…/pope-to-young-people-of…
See less


