
ဒီနေ့မှာ အချစ်ရယ်၊ ငွေရယ်နဲ့ ပါဝင်ပတ်သက်နေတဲ့ အိမ်ထောင်သည် ဘဝအကြောင်း ပြောပြပေးချင်ပါတယ်။
ဒီနေ့မှာ အချစ်ရယ်၊ ငွေရယ်နဲ့ ပါဝင်ပတ်သက်နေတဲ့ အိမ်ထောင်သည် ဘဝအကြောင်း ပြောပြပေးချင်ပါတယ်။
အိမ်ထောင်ရှင်တွေထဲကနေ ငွေရေးကြေးရေး (ဝါ) ဘဏ္ဍာရေးကို နှစ်ဦးစိတ်သဘောထား ညီညီညွတ်ညွတ်ရှိကြရဲ့လား။ ရှာဖွေကြည့်ကြရအောင်ပါ။
အိမ်ထောင်ရေးတွေမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ထင်သာမြင်သာရှိအောင် သန်စွမ်း လာအောင် အားဖြည့်ပေးရင်း လုပ်ဆောင်ကြရမှာပါ။
အိမ်ထောင်ရှင်တွေထဲမှာ ပွင့်ပွင့်လင်းလင်းပြောဆိုတာက ငွေရေးကြေးရေး ပဋိပက္ခဖြစ်မှုကို ကာကွယ်နိုင်တယ်ဆိုတာ အံ့သြစွာနဲ့ တွေ့ရပါတယ်။
ရရှိလာတဲ့ ဝင်ငွေကို အဓိပ္ပါယ်ရှိရှိ အသုံးချပို့ အစီအစဉ်တွေ ရေးဆွဲရမယ်။ Plan တွေချသုံးစွဲ မှသာ တဦးနဲ့တဦး လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူမှုကနေ ကင်းဝေးနိုင်ပါတယ်။
မိမိတို့ အချင်းချင်း ဘဏ္ဍာရေးလိုအပ်ချက်တွေကို တာဝန်ခွဲယူနိုင်ရမယ်။
အိမ်အသုံးစရိတ်တွေ ပေးဆောင်ရမဲ့ Bills တွေကို ဘယ်လို ခွဲဝေပြီး ဝန်လေးမှုကင်းစွာနဲ့ လက်တွဲဖော်အချင်းချင်း တာဝန်ယူပြီး သဘောတူညီနိုင်မှုရှိနေရပါမယ်။
Relationship မှာ တရားမျှတတဲ့ သင့်လျော်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကို တခုတည်း ဖြစ်အောင်လို့ မျှဝေနိုင်ရမယ်။
ငွေရေးကြေးရေးမှာ နှစ်ယောက်သား တည်တည်ငြိမ်ငြိမ်ရှိဖို့ စိတ်ပူပန်မှုတွေ ကင်းပြီး လင်မယားအချင်းချင်း အားပြိုင်မှုတွေမရှိဖို့ နှစ်ဦးစလုံးက ရပ်တည်မှု တခုတည်းနဲ့ တရားမျှတစွာ ထိန်းသိမ်းစောင့်ရှောက် ကြရမှာပါ။
နှစ်ဦးနှစ်ဖက်စလုံးက ပေးကမ်းကြတဲ့အခါမှာ ပဓာနကျကျ လိုအပ်တဲ့ သူဆီကို ပေးရင်း သဘောတူညီမှု မုချရှိနေရပါမယ်။
တိုးတိုးတိတ်တိတ် လက်တွဲဖော် မသိစေပဲ ပေးကမ်းတာကို ရှောင်ကြဉ်ရပါမယ်။ လိုအပ်နေတဲ့သူတွေ မိမိချစ်တဲ့သူတွေကို နှစ်ဦးသဘောတူညီမှုနဲ့ ထောက်ပံ့ပေးကမ်းတာ အကောင်းဆုံးပါပဲ။ နှစ်ယောက် စုပေါင်းတိုင်ပင်ပြီး ပေးကမ်းတာကို ဆုံးဖြတ်ချက် ပြတ်ပြတ် သားသားချမှသာလျှင် သိက္ခာမဲ့တဲ့ ခါးသီးတဲ့ ခံစားချက်တွေ သဘောမတူမှု misunderstand ဖြစ်မှုတွေကနေ ကာကွယ်သွားနိုင်မှာပါ။
နှစ်ယောက်သားနည်းစနစ်၊ နည်းလမ်းမလယ်အလတ် ပျမ်းမျှမှာဘဲ ရုန်းကန်လှုပ်ရှာပြီး တိုးတက်ဖို့ အောင်မြင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ပေးရင်း အဓိပ္ပါယ်ရှိတဲ့ အချို့တွေကို အတူတကွ ထိန်းသိမ်းကြရမယ်။
ဉာဏ်ရှိစွာနဲ့ မိသားစုအတွက် ရောစပ်ပေါင်းပြီး လုပ်ဆောင်ကြရမယ်။ ဒါမှသာ မိမိ အိမ်ထောင်ရဲ့ ဝင်ငွေ ပိုမိုတိုးတက်လာပြီး တန်ဖိုးရှိတဲ့အချိန်ကို ကျော်ဖြတ်ရင်း တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ့ပေးနိုင်ပါတယ်။
ဝင်ငွေကို လျှိုဝှက်မထားပဲ အတိုင်းအဆမရှိ သုံးစွဲတာကိုလည်း ရှောင်ကြဉ်ရပါအုံးမယ်။
လျှို့ဝှက်စွာသုံးစွဲမှုက တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုကို တိုက်စားသွားနိုင်ပါတယ်။
အချင်းချင်းငွေသုံးစွဲမှုမှာ တာ၀န်ခံနိုင်မှုရှိရမယ်။
အိမ်ထောင်တစ်ခုမှာ ကြီးကျယ်တဲ့ ပြဿနာက ငွေရေးကြေးရေးသဘောမတူညီမှုတွေက ထိပ်ဆုံးမှာ ထင်သာမြင်သာရှိနေတတ်ပါတယ်။
တစ်ခါတစ်လေမှာ အကြွေးတင်တာတွေက ယုံမှားဖွယ်မရှိအောင် ပေါ်ပေါက်လာတတ်ပါ တယ်။ ဒါကြောင့် မိမိတို့ရဲ့ ဝင်ငွေကို ဘယ်လို စီမံပြီး ခွဲပြီး သုံးစွဲကြမယ်ဆိုတာ စဉ်းစားပြီးမှ သုံးစွဲ တာ အဆင်ပြေဆုံးပါပဲ။
ဒီလိုစီမံသုံးစွဲဖို့က မိမိတို့ရဲ့ ကိုယ်ပိုင်သဘောထား attitude ပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့် အပေးအယူရှိပြီး ညှိနှိုင်းရပါမယ်။ စည်းဘောင်တစ်ခုကိုထားပြီး ကြည်လင် ပြတ်သားမှသာ လွတ်လပ်စွာနဲ့ သုံးစွဲရပ်တည်လို့ရနိုင်မှာပါ။
မိမိတို့နှစ်ဦးက equal partner တန်းတူရည်တူညီမျှတဲ့ လက်တွဲဖော်ဖြစ်နေလိုပါတယ်။
ငွေရေးကြေးရေးကြောင့် မကြာခဏဆိုသလို အိမ်ထောင်သည်တွေမှာ နှစ်ယောက်ရင်းနှီးမှု ကွယ်ပျောက်သွားတာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ သဘောမတူညီမှုတွေဖြစ်တာတွေရှိနေပါ တယ်။ ရှိဆဲပါပဲ ဆိုတာကို တင်ပြရင်း ရပ်နားခွင့်ပြုပါ။


