ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာလုံးဆိုင်ရာ ပရဟိတလုပ်ငန်းများအတွက် ၂၀၂၅ ခုနှစ် ပေတရုအလှူငွေ (Peter’s Pence) မှ ယူရို ၅၄.၅ သန်း ကောက်ခံရရှိ။

ကမ္ဘာတစ်ဝှမ်းရှိ ဘာသာတူများ၏ ရက်ရောစွာ လှူဒါန်းမှုကြောင့် ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာလုံးဆိုင်ရာ အမှုတော်လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများအတွက် ၂၀၂၅ ခုနှစ်အ တွင်း ယူရို ၅၄.၅ သန်းကောက်ခံရရှိခဲ့ကြောင်း ဗာတီကန်မှ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်လိုက် ပါတယ်။ လှူဒါန်းမှုတိုင်းကို ဗာတီကန်သံရုံး (Apostolic See) ကို ထောက်ပံ့ဖို့နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြေခံ အကျဆုံး ဆင်းရဲနွမ်းပါးသူတွေကို ကူညီဖို့အတွက် အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။

သင်တို့ရဲ့ မေတ္တာကရုဏာအလှူငွေတွေကို ၂၀၂၅ ခုနှစ်မှာ ဘယ်နေရာတွေမှာ အသုံးချခဲ့လဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ် –

ပုပ်ရဟန်းမင်းကြီး၏ သာသနာပြုလုပ်ငန်းများအတွက် ပံ့ပိုးခြင်း (ယူရို ၄၁.၂ သန်း) အလှူငွေ အများစုကို ကမ္ဘာတစ်ဝှမ်း သာသနာပြုခြင်း၊ ဧဝံဂေလိတရား ဟောကြားခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများအတွက် ဗာတီကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုတွေမှာ တိုက်ရိုက်အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဗာတီကန်ရဲ့ စုစုပေါင်း အမှုတော်လုပ်ငန်း ကုန်ကျစရိတ်ရဲ့ ၁၀% ခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူသားချင်းစာနာမှုနှင့် လူမှုရေးဆိုင်ရာ စီမံကိန်းများ (ယူရို ၁၃.၃ သန်း) ပေတရုအလှူငွေ (Peter’s Pence) သည် နိုင်ငံပေါင်း ၇၄ နိုင်ငံရှိ တိုက်ရိုက်ကူညီရေး စီမံကိန်းပေါင်း ၂၅၂ ခု ကို အရေးပေါ် ကူညီထောက် ပံ့ပေးနိုင်ခဲ့ပါတယ် -
အာဖရိကတိုက် သည် ဒေသတွင်း အခြေခံအဆောက်အအုံများနှင့် ကျောင်းများ အပါအဝင် စီမံကိန်း ၇၃ ခုအတွက် အများဆုံးဝေစု (ယူရို ၅.၂ သန်း) 
အာရှတိုက် သည် ဒုတိယအများ ဆုံးအဖြစ် ယူရို ၃ သန်း 
အရေးပေါ် ကယ်ဆယ်ရေး – အလွန်အမင်း အခက်အခဲကြုံတွေ့နေရသော လူမှု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် ဂါဇာ၊ ယူကရိန်းနှင့် ဟေတီနိုင်ငံ တို့ရှိ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အရေးပါသော ရန်ပုံငွေများကို ပံ့ပိုးပေးခဲ့သည်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး – ဖွံ့ဖြိုးဆဲဒေသများမှ ဘုန်းတော်ကြီးများနှင့် ကိုရင်များအတွက် ပုပ်ရဟန်းမင်းကြီး တက္ကသိုလ် ပညာသင်ဆုများ ပေးအပ်ခြင်း၊ ဘုရားကျောင်းများ၊ စာသင်ကျောင်း များနှင့် သီလရှင်ကျောင်းများ တည်ဆောက်ခြင်းတို့ကို ကူညီပေးခဲ့သည်။
ဘယ်သူတွေ အများဆုံး လှူဒါန်းခဲ့ကြလဲ? ကက်သလစ်ဂိုဏ်းအုပ်သာသနာ (Dioceses) များသည် စုစုပေါင်း အလှူငွေ၏ ၆၃% ကျော်ဖြင့် အဓိက ပံ့ပိုးကူညီသူများ ဖြစ်ကြသည်။ နိုင်ငံအလိုက် အများဆုံး လှူဒါန်းခဲ့သည့် နိုင်ငံများမှာ –

၁။ 🇺🇸 အမေရိကန်ပြည်ထောင်စု (ယူရို ၁၄.၂ သန်း)

၂။ 🇮🇹 အီတလီ (ယူရို ၃.၁ သန်း)

၃။ 🇧🇷 ဘရာဇီး (ယူရို ၂.၁ သန်း)

ပေတရုအလှူငွေ (Peter’s Pence) ဆိုတာ ငွေကြေးအရ ကူညီပံ့ပိုးမှုသက်သက်တင် မဟုတ်ဘဲ၊ ကျွန်ုပ်တို့ အားလုံး သွေးစည်းညီညွတ်မှုရဲ့ ပြယုဒ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ မျှော်လင့်ခြင်း၊ မေတ္တာတရားနဲ့ စည်းလုံးခြင်းတွေကို ဖြန့်ဝေရာမှာ ရဟန်းမင်းကြီးနဲ့အတူ လက်တွဲလျှောက်လှမ်းနိုင်မယ့် ခိုင်မာတဲ့ နည်း လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီမွန်မြတ်လှတဲ့ သာသနာပြုလုပ်ငန်းမှာ ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ ငွေကြေးအားဖြင့်လည်း ကောင်း ပါဝင်ပံ့ပိုးပေးကြသူ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

သတင်းအပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် – https://www.vaticannews.va/en/vatican-city/news/2026-06/peter-s-pence-2025-54-5-million-to-support-pope-s-mission.html

#PetersPence #VaticanNews #CatholicChurch #Charity #GlobalMission #FaithInAction

rvamyanmar
rvamyanmar
Articles: 4043

Leave a Reply

Your email address will not be published. Required fields are marked *