ပုပ်ရဟန်းမင်းကြီးက ကိုရီးယားသမ္မတနိုင်ငံ သမ္မတအား ဗာတီကန်တွင် ကြိုဆိုနှုတ်ဆက်။

တနင်္လာနေ့ နံနက်ပိုင်းက ဗာတီကန်နန်းတော် (Apostolic Palace) တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ လီဂျေမြောင် အား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ သမ္မတသည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီးနောက် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင် (Pietro Parolin) နှင့် နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေးဆိုင်ရာ အတွင်းရေးမှူး ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ် ရစ်ချတ် ဂါလက်ဂါ (Paul Richard Gallagher) တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးရုံး (Secretariat of State) တွင် ပြုလုပ်သည့် ၎င်းတွေ့ဆုံမှုအတွင်း လွန်ခဲ့သော ၆၃ နှစ် (၁၉၆၃ ခုနှစ်) ကတည်းက စတင်ထူထောင်ခဲ့သည့် ဗာတီကန် (Holy See) နှင့် ကိုရီးယား သမ္မတနိုင်ငံ တို့ အကြား ကောင်းမွန်သော ဆက်ဆံရေးအကြောင်းကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံစလုံးသည် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) (Pope St. John Paul II) သည် ၁၉၈၄ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တို့တွင် ကိုရီးယားနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် ကြွရောက်ခဲ့ကာ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) သည်လည်း ၂၀၁၄ ခုနှစ်၊ (၆) ကြိမ်မြောက် အာရှလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ကြွရောက်ခဲ့သည်။

ဗာတီကန်သတင်းပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်အရ— ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် “ကိုရီးယားလူ့အဖွဲ့အစည်းအတွင်း၊ အထူးသဖြင့် ပညာရေးနှင့် လူမှုဝန်ထမ်းကဏ္ဍများတွင် ဒေသခံကက်သလစ်သာသနာတော်က ပံ့ပိုးပေးခဲ့သည့် ကောင်းမွန်သော အကျိုးပြုမှုများ” အပေါ်တွင်လည်း ပြန်လည်သုံးသပ် ချီးကျူးခဲ့ကြသည်။

ထို့အပြင် လာမည့် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့ (World Youth Day) အကြောင်းနှင့် “ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေအချို့၏ ရှုထောင့်များ” ကိုလည်း ထည့်သွင်းဆွေး နွေးခဲ့ကြ သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar#Tripledialogue See less

https://www.vaticannews.va/…/pope-leo-welcomes-the…

See less

https://www.vaticannews.va/en/pope/news/2026-06/pope-leo-welcomes-the-president-of-the-republic-of-korea.html

rvamyanmar
rvamyanmar
Articles: 4002

Leave a Reply

Your email address will not be published. Required fields are marked *