
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ စပိန်နိုင်ငံ တမန်တော်ခရီးစဉ် တတိယမြောက်နေ့တွင် စပိန်ပါလီမန်၌ သမိုင်းဝင်မှတ်တမ်းတင်။
မက်ဒရစ်၊ ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ် — စပိန်နိုင်ငံသို့ သွားရောက်သော ၎င်း၏ တမန်တော်ခရီးစဉ် တတိ ယမြောက်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် နိုင်ငံတော်အုပ်ချုပ်ရေး၊ သံတမန်ရေးရာနှင့် စပိန် နိုင်ငံ မြို့တော်၏ ဝိညာဉ်ရေးရာ အချက်အချာနေရာများသို့ အာရုံစိုက်ခဲ့သည်။ ကက်သလစ်အသင်း တော်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် စပိန်ပါလီမန်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားသည့် သမိုင်းဝင် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီး အထင်ကရ အယ်လ်မူဒေးနား (Almudena) ဘုရား ကျောင်း တွင်လည်း ဒေသခံ ယုံကြည်သူများနှင့်အတူ အချိန်ယူ ဆုတောင်းခဲ့သည်။
နိုင်ငံရေး သဘောထားကွဲလွဲနေမှုများကြားမှ ညီညွတ်ရေးအတွက် ပန်ကြားချက်
ယနေ့ အစီအစဉ်များ၏ အဓိကအချက်မှာ စပိန်ပါလီမန်တွင် ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင် မိန့်ခွန်း ပြောကြားမှုပင်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံရေးအရ အလွန်အမင်း သဘောထားကွဲလွဲမှုများကို ရင်ဆိုင် နေရသော နိုင်ငံတစ်ခုတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ညီညွတ်ရေးအတွက် အားကောင်းသော သတင်းစကားတစ်ခုကို ပါးရန် ၎င်း၏စင်မြင့်ကို အသုံးပြုခဲ့သည်။
သူ၏ခရီးစဉ် ပထမနှစ်ရက်တွင် ချမှတ်ခဲ့သော အကြောင်းအရာများကို အခြေခံ၍ လွှတ်တော်အမတ် များအနေဖြင့် သွေးကွဲစေသော အပြောအဆိုများကို ဘေးဖယ်ထားရန်၊ အကျိုးမရှိသော အလွယ်တကူ ကောက်ချက်ချမှုများကို ရှောင်ရှားရန်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှု ယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။
ပါလီမန်သို့ မိန့်ခွန်းမပြောကြားမီ၊ ပုပ်ရဟန်းမင်းကြီးသည် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sánchez) နှင့် နံနက်ပိုင်းတွင် သီးသန့် တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ကက်သလစ်အသင်း တော်နှင့် နိုင်ငံတော်ခေါင်းဆောင်ပိုင်းကြား ပူးပေါင်းဆောင်ရွက်ရေးအပြင် လက်ရှိဖြစ်ပေါ်နေသော ဥရောပ၏ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာများအပါအဝင် ကြီးမားသော လူမှုရေးစိန်ခေါ်မှုများကို ဆွေး နွေးခဲ့ကြသည်။ ဤရွှေ့ပြောင်းနေထိုင်သူ အရေးကိစ္စသည် ယခုတစ်ပတ်နှောင်းပိုင်းတွင် ကနေရီကျွန်းစု များ (Canary Islands) သို့ ပုပ်ရဟန်းမင်းကြီး သွားရောက်သည့်အခါ ထပ်မံ၍ အသားပေး ပြောကြားမည့် အကြောင်းအရာတစ်ခု ဖြစ်လာဖွယ်ရှိသည်။
စော်ကားညှဉ်းပန်းခံရသူများနှင့် သီးသန့်တွေ့ဆုံခြင်း
ပုပ်ရဟန်းမင်းကြီးသည် လူထုအခမ်းအနားများကြားတွင် စပိန်နိုင်ငံရှိ ဘုန်းတော်ကြီးအချို့၏ စော်ကား မှုကို ခံခဲ့ရသူ ခြောက်ဦးနှင့် တစ်နာရီနီးပါးကြာ သီးသန့်တွေ့ဆုံမှုကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ဗာတီ ကန်သတင်းပြန်ကြားရေးရုံး (Holy See Press Office) ၏ ပြောကြားချက်အရ၊ ထိုသို့သော ဝမ်းနည်းစရာ ဖြစ်ရပ်များအပေါ် အသင်းတော်၏ တုံ့ပြန်မှုကို ပိုမိုထိရောက်စေရန် အပြုသဘောဆောင်သော အဆို ပြုချက်များကို အသက်ရှင်ကျန်ရစ်သူများက ပုပ်ရဟန်းမင်းကြီးထံ တင်ပြခဲ့ကြသည်။
စိတ်လှုပ်ရှားဖွယ် တွေ့ဆုံမှုအပြီးတွင် သတင်းပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးက “နစ်နာသူ များ အနေ ဖြင့် ပုပ်ရဟန်းမင်းကြီးက ၎င်းတို့၏ ခံစားချက် ဝေဒနာများကို ကိုယ်တိုင်ခံယူပေးခဲ့သည်ဟု ခံစားခဲ့ရ သည်” ဟု ပြောကြားခဲ့သည်။
စပိန်နိုင်ငံရှိ အသင်းတော်အား ခွန်အားဖြည့်တင်းခြင်း
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စပိန်နိုင်ငံမှ ဆရာတော်ကြီးများ နှင့် တွေ့ဆုံခဲ့သည်။ အလျင်အမြန် ပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွင်းရှိ အသင်းတော်၏ အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြ ပြီး ဒေသခံ သာသနာပိုင်နယ်များအနေဖြင့် အားနည်းသူများကို မည်သို့ ပိုမိုကောင်းမွန်စွာ ကူညီပံ့ပိုးနိုင် မည်ကို ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် လူငယ်များနှင့် အသင်းတော်ခေါင်းဆောင်များအနေဖြင့် တက် ကြွသော မေတ္တာတရားနှင့် လူသားတို့၏ ဂုဏ်သိက္ခာကို အခြေခံသည့် ယုံကြည်ခြင်းကို ကျင့်သုံးရန် ပုပ်ရဟန်းမင်းကြီး၏ စဉ်ဆက်မပြတ် တောင်းဆိုမှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အယ်လ်မူဒေးနား (Almudena) ဘုရားကျောင်းရှိ ဝိညာဉ်ရေးရာ
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အယ်လ်မူဒေးနား ဘုရားကျောင်း ၌ ထောင်ပေါင်းများစွာသော ယုံကြည်သူများနှင့်အတူ ပါဝင်ခဲ့ရာ တစ်နေ့တာ၏ အစီအစဉ်များသည် အလွန်ကြည်နူးဖွယ်ကောင်း သော ဝိညာဉ်ရေးရာ အခိုက်အတန့်ဖြင့် အဆုံးသတ်ခဲ့သည်။ မက်ဒရစ်မြို့ကို စောင့်ရှောက် သော အယ်လ် မူဒေးနား သခင်မ (Virgin of Almudena) အား ဂါရဝပြုရန်နှင့် ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းရန် လူအုပ်ကြီး စုရုံးရောက်ရှိလာခဲ့ကြသည်။ ဤစုရုံးမှုသည် အဆင့်မြင့် နိုင်ငံရေး သံတမန်ရေးရာများနှင့် ပြည့်နှက်နေသော နေ့တစ်နေ့ကို အေးချမ်းပြီး ရိုးရာဓလေ့နှင့်အညီ အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။
တက်ရောက်လာသူ ၈၀,၀၀၀ အား “ပုံရိပ်များနှင့် စကားလုံးများဖြင့် ဗုံးကြဲခြင်းခံနေရသော်လည်း တရား မျှတမှုကို ဆာလောင်ကာ သစ္စာတရားကို ငတ်မွတ်နေသော” လူသားထုထံသို့ ဧဝံဂေလိတရား၏ သက် သေကို ဆောင်ကြဉ်းပေးရန် တိုက်တွန်းခဲ့သည်။ ၎င်းက ညနေခင်းကို အမှတ်ရဖွယ် တိုက်တွန်းချက်တစ် ခုဖြင့် နိဂုံးချုပ်ခဲ့သည်- “လူတိုင်းအတွက် ဖွင့်လှစ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်လို ဖြစ်ပါစေ။ မေတ္တာ တရားဆိုတာ လူတိုင်းကို မိမိအိမ်မှာ ရောက်နေသလို ခံစားရစေတဲ့ ဘာသာစကား ဖြစ်ပါတယ်။“
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ အလုပ်များသော တစ်ပတ်ကြာ ခရီးစဉ်ကို မနက်ဖြန်တွင် ဘာစီလိုနာ မြို့၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ဘာစီလိုနာရှိ ဆာဂရာဒါ ဖာမီလီယာ (Sagrada Família) ဘုရားကျောင်းတွင် အန်တိုနီ ဂေါဒီ (Antoni Gaudí) ကွယ်လွန်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် မစ္ဆား တရားတော်ကို ကျင်းပမည်ဖြစ်သည်။ ထို့နောက် ဥရောပ၏ အသေအပျောက်အများဆုံး ရွှေ့ပြောင်း သွားလာရေး လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သော ကနေရီကျွန်းစုများ (Canary Islands) သို့ ဆက် လက် သွားရောက်မည်ဖြစ်သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-06/pope-today-church-in-madrid-has-scored-an-unforgettable-goal.html


