
မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ရဟန်းမင်းကြီး နှင် တွေ့ဆုံကြမည်။

ဇွန်လ ၅ ရက် ၂၀၂၆ ရောမစံတော် ချိန် မနက် ၉:၃၀ တွင် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ရဟန်းမင်း ကြီး နှင် တွေ့ဆုံကြမည် ဖြစ်ပါ၍ ဆက်လက် ဆုတောင်းပေးကြပါ။
၄ ဇွန် ၂၀၂၆ (ကြာသပတေးနေ့)�နံနက် ၀၇:၁၅ နာရီ�ဘာဆီလီကာ စိန့်မေရီ မေဂျာ (Basilica of St. Mary Major) ဘုရားကျောင်း၌ ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ် (Bishop Raymond Sum Lut Gam)မှ မစ္ဆားတရားတော်မြတ်ကို ဦးဆောင်ပူဇော်ခြင်း�နံနက် ၁၁:၀၀ နာရီ�အီတလီကက်သလစ် ဆရာတော် ကြီးများအဖွဲ့ချုပ် (CEI) သို့ သွားရောက်လည်ပတ်ခြင်း�ညနေ ၁၈:၀၀ နာရီ�ဘာဆီလီကာ စိန့်မေရီ အင် ထရက်စ်တီဗီရီ (Basilica of St. Mary in Trastevere) ဘုရားကျောင်း၌ ညနေခင်းဝတ်ပြုဆု တောင်း ခြင်း�ည ၂၀:၄၅ နာရီ�စိန့်အက်ဂျီဒီယိုအဖွဲ့အစည်း (Community of Sant’Egidio) ဌာနချုပ်၌ ညစာသုံး ဆောင်ခြင်း�နံနက်ပိုင်း မစ္ဆားတရားတော်မြတ်ကို ဘာဆီလီကာ စိန့်မေရီ မေဂျာ ဘုရားကျောင်း၌ ပူဇော် ခဲ့ပါသည်။

ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ် (Bishop Raymond Sum Lut Gam)မှမေစ္ဆားတရားတော်မြတ်ကို ဦး ဆောင်ပူဇော်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ FMM သီလရှင်လေးပါးလည်း မစ္ဆားတရားတော်မြတ်တွင် ပါဝင်ခဲ့ကြ ပါသည်။ မစ္ဆားတရားအပြီးတွင် ဆရာတော်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ပြီး ရဟန်းမင်းကြီး ဖရန်စစ်၏ ဂူဗိမာန်တော်၌ အတူတကွ ဆုတောင်းခဲ့ကြပါသည်။
နံနက် ၁၀:၃၀ နာရီတွင် ဆရာတော်ကြီးများသည် ဆန်တာမားတာ (Santa Marta) မှ အီတလီဆရာ တော်ကြီးများအဖွဲ့ချုပ် (CEI) သို့ ထွက်ခွာခဲ့ကြပြီး နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရပါသည်။ ဆရာတော် ကြီး များက မြန်မာ့ကက်သလစ်အသင်းတော်၏ အခက်အခဲများအပေါ် CEI အဖွဲ့ချုပ်မှ ညီအစ်ကိုရင်းပမာ ရက်ရောစွာ စာနာထောက်ထားပေးမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
ညနေပိုင်းတွင် ဆရာတော်ကြီးများသည် “စိန့်အက်ဂျီဒီယိုအဖွဲ့အစည်း” (Sant’Egidio Community) ဟုခေါ်သော လူဝတ်ကြောင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၏ ဖိတ်ကြားခြင်းကို ခံခဲ့ရသည်။

ဆရာတော်ကြီးများသည် ကမ္ဘာတစ်ဝန်းရှိ သူတော်စင်များ၏ ဓာတ်တော် (ရုပ်ကလာပ်တော် အစိတ် အပိုင်းများ) ကို သိမ်းဆည်းထားရာ ဘာဆီလီကာ စိန့်ဘာသလိုမေရို (Basilica of St. Bartholomeo) ဘုရားကျောင်းသို့ ဦးစွာ သွားရောက်လည်ပတ်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော်ကြီးများနှင့် စိန့် အက်ဂျီဒီယိုအဖွဲ့အစည်းဝင်များ အတူတကွ လှပဆန်းပြားပြီး အဓိပ္ပာယ်ပြည့်ဝစွာ ဆုတောင်းခဲ့ကြသည့် ဘာဆီလီကာ စိန့်မေရီ အင် ထရက်စ်တီဗီရီ (Basilica of St. Mary in Trastevere) ဘုရားကျောင်းသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
အဆိုပါ အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် “P” သုံးလုံး အခြေခံအချက်များကို လုပ်ဆောင်ကြရမည် ဖြစ် သည်-
၁။ Prayer (ဆုတောင်းခြင်း) – ကမ္ဘာကြီးအတွက် ဆုတောင်းပေးရန်
၂။ Poor (ဆင်းရဲနွမ်းပါးသူများ) – ဆင်းရဲနွမ်းပါးသူများကို ကူညီစောင့်ရှောက်ရန်
၃။ Peace (ငြိမ်းချမ်းရေး) – ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန်
ထို့နောက် အဖွဲ့အစည်းမှ ဆရာတော်ကြီးများအား အရသာရှိလှသော အီတလီအစားအစာများဖြင့် ညစာ တည်ခင်းဧည့်ခံခဲ့ကြပါသည်။
၅ ဇွန် ၂၀၂၆ (သောကြာနေ့)�နံနက် ၀၇:၁၅ နာရီ�ဘာဆီလီကာ စိန့်ပီတာ (Basilica of St. Peter) ဘုရား ကျောင်း၌ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်း�ကာဒီနယ် ချားလ်စ်ဘို (Cardinal Charles Bo) မှ မစ္ဆား တရားတော်မြတ်ကို ဦးဆောင်ပူဇော်ပါမည်�နံနက် ၀၉:၃၀ နာရီ�ရဟန်းမင်းကြီးအရှင်သူမြတ်နှင့် တွေ့ဆုံ ခြင်း�ညနေ ၀၄:၀၀ နာရီ�ပြန်ကြားဆက်သွယ်ရေးဝန်ကြီးဌာန (Dicastery for Communication) သို့ သွားရောက်လည်ပတ်ခြင်း�ညနေ ၀၅:၃၀ နာရီ�ဗာတီကံ နိုင်ငံတော်အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခြင်း
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
See less


