
ကက်သလစ်တက္ကသိုလ်များသည် ကျောင်းသားများအား ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော နေရာ များ ဖြစ်ရမည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဗာတီကန်၌ ကက်သလစ်ကောလိပ်များနှင့် တက္ကသိုလ် များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား မိန့်ကြားစဉ် (@Vatican Media)
အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်ကောလိပ်နှင့် တက္ကသိုလ် အဓိပတိများ၊ ပါမောက္ခချုပ်များကို မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကက်သလစ်ပညာရေးသည် ပညာရပ်များကို မြတ်နိုး စိတ်ရှိစေရုံသာမက “သမ္မာတရား” ဖြစ်တော်မူသော ခရစ်တော်အပေါ် ပြင်းပြသော ချစ်ခြင်းမေတ္တာကိုပါ ပျိုးထောင်ပေးရမည်ဟု မိန့်ကြားခဲ့သည်။ ဤသို့မဟုတ်ပါက ကျောင်းသားများသည် သမ္မာတရားကို ခွဲခြားသိမြင်ရန်နှင့် ယင်းနှင့်အညီ မိမိတို့၏ဘဝကို ပုံဖော်ရန် ပြင်ဆင်မှု အားနည်းသွားလိမ့်မည်ဟု သတိ ပေးခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်းတို့၏ ၂၀၂၆ ခုနှစ် ရောမမြို့ ဆွေးနွေးပွဲအတွက် ရောက်ရှိ နေ သည့် အမေရိကန်ပြည်ထောင်စု ကက်သလစ်ကောလိပ်များနှင့် တက္ကသိုလ်များအသင်း (Association of Catholic Colleges and Universities) မှ ကိုယ်စားလှယ်အဖွဲ့ကို ဗာတီကန်၌ ဗုဒ္ဓဟူးနေ့ နံနက်က တွေ့ဆုံ စဉ် ဤအချက်ကို မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ကက်သလစ်အဖွဲ့အစည်းများသည် ခရစ်ယာန်ရှုထောင့် အမြင်များက ပညာရပ်တိုင်းနှင့် ထိတွေ့ဆက်ဆံ မှုတိုင်းတွင် ပျံ့နှံ့စီးဝင်နေသည့် အသက်ရှင်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် အော်ခေါ်နေ ကြ သည်” ဟု ရဟန်းမင်းကြီးက အလေးအနက် ပြောကြားခဲ့ပါသည်။
တက္ကသိုလ်အဓိပတိများနှင့် ပါမောက္ခချုပ်များကို အားပေးလျက် ပုပ်ရဟန်းမင်းကြီးက “သင်တို့သည် ခရစ်တော်၏ စစ်မှန်သော တပည့်တော်များအဖြစ် စစ်မှန်စွာ ရပ်တည်ခြင်းက အသက်ရှင်သော ဧဝံဂေ လိတရားတော်ကို လက်ဆင့်ကမ်းရာတွင် အမှန်တကယ် အထောက်အကူပြုလိမ့်မည်ဖြစ်ရာ၊ သင်တို့ထံ အပ်နှံထားသူများသည် သခင်ဘုရားနှင့် အမှန်တကယ် ဆုံတွေ့နိုင်ပြီး ‘သမ္မာတရား’ တစ်ခုတည်းကသာ ပေးစွမ်းနိုင်သည့် ပေါင်းစည်းညီညွတ်သော ရှုမြင်ပုံကို ကက်သလစ်ယုံကြည်ခြင်း၌ ရှာဖွေတွေ့ရှိနိုင်ကြ လိမ့်မည်” ဟု မိန့်ကြားခဲ့သည်။
ကျဉ်းမြောင်းသောအမြင်သာရှိသည့် ပညာရှင်များ
ပုပ်ရဟန်းမင်းကြီးက ပညာရေးသမားများ၏ စိတ်နှလုံးသည် “ဘုရားသခင် ဖန်ဆင်းတော်မူ၍ ခရစ်တော် က ရွေးနှုတ်တော်မူသော လူသားတို့၏ ကြီးမြတ်မှုနှင့် သမ္မာတရား၏ လှပမှုတို့တွင် ပိုမိုစွဲလန်းနှစ်သက် ကြပါစေ” ဟုလည် ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့က ထုတ်ဝေခဲ့သည့် ‘ဉာဏ်ရည်တု (AI) ခေတ်တွင် လူသားတစ်ဦးချင်းစီကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ Magnifica humanitas’ ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာကို အခြေခံ ၍ ယနေ့ကမ္ဘာတွင် ကက်သလစ်ပညာရေး၏ အဆုံးအဖြတ်ပေးနိုင်လောက်သော အရေးပါပုံကို လည် ပညာရေးသမားများအား မိန့်ကြားခဲ့ပါသည်။
လက်ရှိပညာရေးလောက ရင်ဆိုင်နေရသည်မှာ အသိပညာများ တစစီအစိတ်စိတ်အမွှာမွှာ ဖြစ်လာနေ တယ်၊ သတ်မှတ်ထားသော ပညာရပ်နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်သူများကို အလွယ်တကူ ရှာဖွေ တွေ့ ရှိနိုင်သော်လည်း ထိုသူအများစုမှာ “မိမိတို့ဘဝအတွက် လမ်းကြောင်းရှာရန် ရုန်းကန်နေရသည်” ဟုဆို ကာ “၎င်းတို့၌ ပညာရပ်နယ်ပယ်အသီးသီးကိုသာမက ဘဝ၏ကဏ္ဍပေါင်းစုံနှင့် လူသားတို့၏ စိတ်နှလုံး သားတွင်းဆန္ဒများကိုပါ စုစည်းပေးနိုင်မည့် ပကတိတရားအပေါ် ခြုံငုံသုံးသပ်နိုင်သော ကမ္ဘာလုံးဆိုင်ရာ အမြင်တစ်ခု ကင်းမဲ့နေလေ့ရှိသည်” ဟု ထောက်ပြခဲ့သည်။ ဤနေရာတွင် ကက်သလစ်ပညာရေးသည် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း။
ယေဇူးခရစ်တော်တည်းဟူသော ‘သမ္မာတရား’ ကို ကျောင်းသားများ ချစ်မြတ်နိုးလာစေရန် ကူညီပါ
လူငယ်မောင်မယ်များသည် ကောလိပ်နှင့် တက္ကသိုလ်များတွင် ဘွဲ့တစ်ခုခုရရှိရန် တက်ရောက်ကြခြင်း ဖြစ်ပြီး အများအားဖြင့် အနာဂတ်အလုပ်အကိုင် အလားအလာများကို မျှော်မှန်း၍ တက်ရောက် ကြခြင်း ဖြစ်ကြောင်း ရဟန်းမင်းကြီးက အသိအမှတ်ပြုကာ။ ပညာရေးသမားများအနေဖြင့် “ကျောင်းသားများ၏ အသိပညာလိုလားသောဆန္ဒကို လမ်းညွှန်ပေးရန်၊ ထို့ပြင် သမ္မာတရားကို ရှာဖွေချစ်မြတ်နိုး တတ်စေ ရန်၊ ဘဝ၏အဓိပ္ပာယ်ကို ဆင်ခြင်တွေးတောတတ်စေရန်နှင့် လူတိုင်း၏ဂုဏ်သိက္ခာကို အသိအမှတ်ပြု တတ်စေရန်” ဟူသော မိမိတို့၏ မြင့်မြတ်သောတာဝန်ကို လက်ခံဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ ပါ သည်။
“ဒါဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး” ကျောင်းသားများအနေဖြင့် ခရစ်တော်အပေါ်၊ မိမိတို့၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းမှုများနှင့် မိမိတို့၏ဘဝကို ရှင်သန်ဖြတ်သန်းမှုအပေါ် ပြင်းပြသောစိတ်အား ထက်သန်မှုတို့ ရှာဖွေတွေ့ရှိနိုင်စေရန် မရှိမဖြစ်လိုအပ်ကြောင်းကိုလည် မိန့်ကြားခဲ့ပါသည်။
‘မှန်ကန်သော အယူဝါဒတရား’ သည် ကျောင်းသားများ၏ဘဝနှင့် အမေရိကန်ပြည်ထောင်စု၏ အနာ ဂတ်အတွက် သော့ချက်ဖြစ်သည်
လတ်တလော နည်းပညာဆိုင်ရာ တိုးတက်မှုများသည် ပညာရေးလော ကအတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေပုံကိုလည်း ပုပ်ရဟန်းမင်းကြီး လီယိုက ဆင်ခြင်သုံးသပ်ခဲ့ပြီး။
“ဉာဏ်ရည်တု (AI) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် ကျောင်းသားများ၏ အရည်အချင်း ကို အကဲဖြတ်ရန် ပိုမိုခက်ခဲလာစေသည်” ယင်းသည် ဆရာများအတွက် အလုပ်ပိုမိုများပြားစေသည့်တိုင် မိမိတို့စောင့်ရှောက်မှုအောက်ရှိ ကျောင်းသားများ၏ ဘက်စုံလူသားဖြစ်တည်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဆရာများအနေဖြင့် မိမိတို့၏ သင်ကြားရေးနည်းလမ်းများကို တီထွင်ဖန်တီးမှုရှိရှိ လိုက်လျောညီ ထွေ ဖြစ်အောင် ပြောင်းလဲရန် လိုအပ်သည်ဟုလည် ဆိုခဲ့ပါသည်။ ဤသဘောအရ ကျွန်ုပ်တို့သည် နောင်လာ နောက်သား မျိုးဆက်သစ်များ၏ ပညာရေးအတွက် ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံရန် လိုလားရမည် ဖြစ်သည်။
“လူငယ်မောင်မယ်များသည် နည်းပညာအသစ်များကို အပြုသဘောဆောင်သည့်နည်းလမ်းဖြင့် အသုံး ချ တတ်ရန် သင်ယူဖို့ အရေးကြီးသလို၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ပေးသနားတော်မူသော ဆင် ခြင် တုံတရား၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် မှတ်ဉာဏ်စွမ်းရည်တို့ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေရန် လည်း လိုအပ်ပြီး၊ သို့မှသာ အနာဂတ်ကမ္ဘာကို တာဝန်ယူမှုရှိရှိ ပုံဖော်ထုဆစ်နိုင်ရန် ပြင်ဆင်နိုင်မည်ဖြစ် သည်” ဟု အလေးအနက် ပြောကြားခဲ့သည်။
ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး လီယိုက ပညာရေးသမားများသည် အသင်းတော်၏ ဧဝံဂေလိလုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင်ကြစဉ် — “ကျောင်းသားများသည် သင်တို့၏ အဖွဲ့အစည်းများ၌ အသင်း တော်ထံ အပ်နှံထားသော မှန်ကန်သောအယူဝါဒတရား (Sound doctrine) ကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင် ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယင်းတရားသည် ၎င်းတို့၏ဘဝအတွက်သာမက နိုင်ငံတော်၏ အနာ ဂတ်အတွက်ပါ စစ်မှန်၍ ရေရှည်တည်တံ့သော အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးတော်ခံလိမ့်မည် ဖြစ်ကြောင်း” မိန့်ကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
Original Link: https://www.vaticannews.va/en/pope/news/2026-06/pope-leo-association-of-catholic-colleges-and-universities-usa.html



