
ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့တွင် ရက်ရောစွာ ပေးလှူဒဏ်းကြဖို့ ရဟန်းမင်းကြီးတိုက်တွန်း။

၂၀၂၆ အောက်တိုဘာလ ၁၈ ရက်နေ့ ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့တွင် ကောက်ခံရရှိသော ရန်ပုံငွေများ သည် ကက်သလစ်သာသနာပြုအဖွဲ့ (Pontifical Society of the Propagation of the Faith) အား ‘ဧဝံဂေ လိတရားဦးဦးဖျားဖျားဟောပြောရာ ဒေသများရှိ သာသနာရေးဆိုင်ရာ နယ်မြေပေါင်း ၁,၁၃၀ ကျော်’ ကို လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် ကွဲပြားစုံလင်သော သာသနာပြုလုပ် ငန်းများကို ပံ့ပိုးကူညီရန် အထောက်အပံ့ဖြစ်စေပါသည်။
ထိုရန်ပုံငွေများသည် ရောမမြို့ရှိ ကောလိပ်ကျောင်း ၅ ကျောင်းအား စီမံခန့်ခွဲရာတွင်လည်း အထောက် အကူပြုပြီး၊ ရောမသို့ ပညာတော်သင်လာကြသော ရဟန်းဖြစ်သင်များ၊ ဘုန်းတော်ကြီးများနှင့် သီလရှင် များအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ ၎င်းတို့သည် ပညာသင်ကြား ပြီး နောက် မိမိတို့၏ ဒေသခံအသင်းတော်များသို့ ပြန်လည်ရောက်ရှိချိန်တွင် အဖိုးတန်သော အရင်းအမြစ် များ ဖြစ်လာကြသည်။
‘ခရစ်တော်၌ တစ်လုံးတစ်ဝတည်း၊ သာသနာပြုလုပ်ငန်း၌ အတူတကွ ပူးပေါင်းဆောင်ရွက်စို့’ (‘One in Christ, united in mission’)
ယခုနှစ် ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့၏ ဆောင်ပုဒ်ဖြစ်သော “ခရစ်တော်၌ တစ်လုံးတစ်ဝတည်း၊ သာသ နာပြုလုပ်ငန်း၌ အတူတကွ ပူးပေါင်းဆောင်ရွက်စို့” ဟာ ကမ္ဘာလုံးဆိုင်ရာ ဆင်နွှဲမှု၏ အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး၊ ယုံကြည်သူများအား ခရစ်တော်၏ မေတ္တာတော်သာသနာ၌ ပိုမိုနက်ရှိုင်းစွာ စည်း လုံးညီညွတ်ကြရန် ဖိတ်ခေါ်ထားသည်။
ရဟန်းမင်းကြီး လီယို (၁၄) က ယခုနှစ်ဆောင်ပုဒ်သည် နောင်လာမည့်နှစ်များတွင် အသင်းတော်အတွင်း သာသနာပြုလုပ်ငန်းများ အသစ်တဖန် နိုးကြားလာစေရန် နှိုးဆော်နေခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး၊ စည်းလုံးညီညွတ်ခြင်းနှင့် ခရစ်တော်ကို ဗဟိုပြုသော စစ်မှန်သည့် သာသနာပြုဝိညာဉ်ရေးရာကို ယုံကြည် သူများအကြား မြှင့်တင်ကြရန် ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအဖွဲ့များကို တိုက်တွန်းခဲ့သည်။
ရိုသေထိုက်သူ ဖူလ်တန် ရှီးန်သည် မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့် မေတ္တာတော်၏ အလင်းရောင် ဖြစ် သည် (Venerable Fulton Sheen was light of hope, faith and love)
အမေရိကန်ပြည်ထောင်စု၊ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအဖွဲ့များ၏ ညွှန်ကြားရေးမှူးဟောင်း ဖြစ်သူ ရိုသေထိုက်သူ အာခ်ဘစ်ရှော့ပ် ဖူလ်တန် ဂျေ ရှီးန် (Venerable Fulton J. Sheen) အား စက်တင်ဘာ ၂၄ ရက်တွင် မစ်ဆိုရီပြည်နယ်၊ စိန့်လူးဝစ်မြို့၌ (Blessed) အဖြစ် တရားဝင် မြှောက်ချီတော့မည် ဖြစ်သည့် အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်လာခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးက မိန့်ကြားခဲ့ သည်။
ဆရာတော်ကြီး ရှီးန်အား “ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတရား၏ အလင်းရောင်” ဟု ပြန်လည် အောက်မေ့ရင်း၊ ပုပ်ရဟန်းမင်းကြီးက မိမိငယ်စဉ်က ဘုန်းတော်ကြီး ရှီးန်၏ ရေဒီယိုနှင့် ရုပ်မြင်သံကြား မှတစ်ဆင့် ဧဝံဂေလိတရား ဟောပြောမှုများကို ကိုယ်တိုင်ကိုယ်ကျ ကြားသိခဲ့ရကြောင်း မျှဝေခဲ့သည်။ ထို့ပြင် ၎င်း၏အစီအစဉ်များသည် သန်းပေါင်းများစွာသော လူထုထံ ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးခဲ့ပြီး သာသနာသစ်နယ်မြေများရှိ အသင်းတော်များအတွက် ဝိညာဉ်ရေးနှင့် ရုပ်ဝတ္ထုပ စ္စည်းဆိုင်ရာ ကြီးမားသော အထောက်အပံ့များကို ရရှိစေခဲ့သည်ဟု ဆိုသည်။
အသင်းတော်၏ သာသနာပြုလုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်သော ဝန်ဆောင်မှု (Invaluable service to Church’s mission)
ကမ္ဘာကြီးတစ်ဝန်းတွင် သဘောထားကွဲလွဲမှုများ၊ စစ်ပွဲများနှင့် ပဋိပက္ခများ ပိုမိုများပြားလာနေချိန်တွင် ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအဖွဲ့ကြီး လေးခုသည် ငြိမ်းချမ်းရေးမင်းသားဖြစ်တော်မူသော ခရစ်တော်ဘုရားကို ကြေညာမောင်းခတ်ရာ၌ အဖိုးမဖြတ်နိုင်သော အမှုတော်ကို ထမ်းဆောင် နေကြ သည်။
သာသနာပြုအဖွဲ့အသီးသီးအား အထူးချီးကျူးဂုဏ်ပြုခြင်း–
အမိမယ်တော်ကညာမာရီယားကူညီခြင်း ကလေးသူငယ်သာသနာပြုအဖွဲ့ (Holy Childhood Society): အမုန်းတရားနှင့် အကြမ်းဖက်မှုဒဏ် ခံစားနေရသော ဒေသများရှိ ကမ္ဘာတစ်ဝန်းမှ ကလေးသူငယ် များထံသို့ ယုံကြည်ခြင်းအလင်းနှင့် ခရစ်ယာန်မေတ္တာကရုဏာ၏ သက်သာရာရခြင်းကို ဆောင်ကြဉ်း ပေးသည့်အတွက် အထူးချီးကျူးခဲ့သည်။
စိန့်ပီတာ တမန်တော် သာသနာပြုအဖွဲ့ (Society of Saint Peter the Apostle): သာသနာပြုနယ် မြေအသစ်များရှိ ဒေသခံရဟန်းဖြစ်သင်များနှင့် သီလရှင်လောင်းများ၏ လူမှုရေး၊ ဝိညာဉ်ရေးနှင့် သိုးထိန်းလုပ်ငန်းဆိုင်ရာ ပျိုးထောင်မှုများကို ရန်ပုံငွေပံ့ပိုးပေးနေခြင်းကို ချီးမွမ်းခဲ့သည်။ ဤအဖွဲ့၏ ကူညီပံ့ပိုးမှုသာမရှိပါက နေရာအတော်များများတွင် ၎င်းတို့အတွက် လိုအပ်သော လေ့ကျင့်သင်တန်းများ ရရှိနိုင်မည်မဟုတ်ကြောင်း အသိအမှတ်ပြု မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
photo Credit :Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-praises-work-of-pontifical-mission-societies.html



