
မန္တလေးကက်သလစ်သာသနာအတွင်းရှိ ဆရာ/မများ၏ စွမ်းရည်မြင့်တင်ခြင်း (၄)ရက်တာမွမ်းမံ သင် တန်းကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ အခက်အခဲအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်တဲ့ ကလေးတွေကို ဆက်ကပ်ပညာသင်ကြားပေးနေတဲ့ သာသနာ့ဝန်ထမ်း ဆရာ ဆရာမများ၏ စွမ်းရည်မြင့် တင်ခြင်း (၄) ရက်တာမွမ်းမံသင်တန်းကို မေလ ၂၈ရက်မှ ၃၁၊ ၂၀၂၆ နေ့ထိ မန္တလေးမြို့ ဆရာတော် ကျေင်းတိုက် အစည်းအဝေးခန်းမ၌ Fr. Augustine Win Myint မှ ဦးဆောင်ပြီး ကျင်းပခဲ့ပါသည်။
ဤသင်တန်းကို ပြင်ပမှ ဝါရင်းသင်တန်းဆရာမများ၊ ဘုန်းတော်ကြီးများ၊သီလရှင်းများမှ အသီးသီး သင်ကြားပို့ချခဲ့ပြီး သင်တန်းတန်းလာတက်ရောက်သူ ဆရာဆရာမများ စုစုပေါင်း( ၂၄) ယောက် တက် ရောက်ခဲ့ပါသည်။
သင်တန်းကျင်းပခြင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ Fr. Augustine Win Myint မှပြောကြားရာမှာ
“အခက်အခဲအမျိုးမျိုးကြောင့်ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ကလေးတွေကို ပညာသင်ကြားခွင့်ရ အောင်သာသနာအနေနဲ့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က ဆရာ/မများအနေနဲ့ ကလေးတွေကိုပညာသင်ပေးတဲ့အချိန်မှာ ပိုပြီးထိထိရောက်ရောက်နဲ့ သင်ပေးနိုင်ဖို့ ဆရာ/မများကို စွမ်း ရည်မြင့်တင်ပေးတာဖြစ်ပါတယ်။ နောက်ပြီးသူတို့လက်ရှိဘယ်လို သွားနေတာလဲ ဘယ်လိုလုပ်နေလဲ ဆိုတဲ့အခြေအနေတွေကိုလည်းသိချင်တယ်။ဒီလိုသွားနေတဲ့အချိန်မှာအားနည်းချက်အားသာချက်တွေကို ဘယ်လိုကောင်းအောင် ဘယ်လိုကူညီပေး လို့ရမလဲဆိုတာတွေကိုလည်းသိချင်တဲ့အတွက် ဒီသင် တန်းကိုလုပ်ခြင်းဖြစ်ပါတယ်။
ပြီးတော့ဒီသင်တန်းမှာ ပညာရေးအကြောင်းတစ်ခုတည်းကိုပဲ ပို့ချပေးတာမဟုတ်ဘူး လူမှုယဉ်ကျေးမှု တွေ၊ ဆရာ/မ များနှင့် ကလေးတွေကြားဆက်ဆံပုံတွေ၊ အကာအကွယ်ပေးခြင်းဆိုင်ရာ စသည်ဖြင့် တစ်ခြားသောခေါင်းစဉ်များကိုလည်း သင်ကြားပို့ချပေးပါသည်။ ဒီလိုသင်တန်းလုပ်ပေးခြင်းအားဖြင့် ဆရာ/မ တွေရဲ့ အရည်အချင်းလည်းပိုတိုးတက်လာမယ်။ သင်ကြားမှုပုံစံတွေလည်းပိုစနစ်ကျလာမယ် ကလေးတွေအတွက်လည်းပိုပြိးထိရောက်တဲ့စနစ်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါ သည်။
ဆရာမ Diana မေသက်သက်ဖြိုး (သင်တန်းပို့ချတဲ့ဆရာမ)
အခုဒီသင်တန်းအတွက်ဖိတ်တဲ့အချိန်မှာကျွန်မက ပျော်လည်းပျော်ပါတယ် လုပ်လည်းလုပ်ပေးချင်ပါ တယ်။ အဓိက က ကလေးတွေကိုသင်ကြားပို့ချတဲ့ဆရာ/မ တွေကို ကျွန်မတို့က Sharing ပြန်လုပ်ပေးရ တာဖြစ်တဲ့အတွက် ကုသိုလ်လည်းရပါတယ်။ ဒါကြောင့်ဒီမှာပို့ချပေးဖို့ဖိတ်တဲ့အချိန်ဝမ်းသာစွာနဲ့ လက်ခံ ဖြစ်ခဲ့ပါတယ်။ ဆရာမစလုပ်မယ် ညီမလေးတွေကို ဘာပြောချင်လဲဆိုရင် ကျွန်မတို့ဒီဆရာမ အလုပ်က ကုသိုလ်လည်းရပါတယ်။ကိုယ်ကိုယ်တိုင်လည်း အသိပညာတွေလည်းတိုးလာပါတယ် အဓိကတော့ ကျွန်မတို့က စိတ်ဝင်စားရမယ် ဒီအလုပ်အပေါ်လည်းဝါသနာပါရမယ် ကလေးတွေကို တကယ်ချစ်တတ် ရမယ်။ ကလေးတွေရဲ့ အကျင့်စရိုက် အခြေအနေတွေကို ကောင်းကောင်းနားလည်ပေးနိုင်အောင် ကြိုး စားရမယ်။
ဒီသင်တန်းမှာ အဓိကပို့ချဖြစ်တာက ကလေးတွေရဲ့ဖွံ့ဖြိုးမှုအကြောင်းအရာတွေ သင်ကြားရေးပုံစံတွေ ကိုရှင်းပြပါတယ်။ ပြီးတော့ စနစ်ဟောင်းနဲ့ စနစ်သစ်ရဲ့ သင်ကြားမှုနည်းပုံစံတွေရဲ့ကွာခြားပုံတွေကို သူတို့ နဲ့ရင်းနှီးအောင် နားလည်သွားအောင်ပို့ချဖြစ်ပါတယ်။ ပြီးတော့ကလေးနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပညာတွေကိုလည်းအခြေခံလေးတွေကို ပို့ချဖြစ်ခဲ့ပါတယ် အခုလိုသင်တန်းပြုလုပ်ပေးတာဟာ အရမ်း ကောင်းပါတယ်။အပြင်လောကမှာဆိုရင်လည်း ဆရာ/မတွေက ခြောက်လတစ်ကြိမ် တစ်နှစ်တစ်ကြိမ် ပုံမှန်သင်တန်းတွေရှိပါတယ်။ ဆရာ/မ တွေကလည်း အသစ်အသစ်ကို အမြဲတမ်းလေ့လာသင့်တဲ့ သူတွေ ဖြစ်တဲ့အတွက်ဒီလိုသင်တန်းမျိုးတွေရှိနေခြင်းက ကောင်းတဲ့ဆရာ/မ တွေကို မွေးထုတ်ပေး ရာရောက်သလို ကလေးတွေရဲ့ပညာရေးမှာလည်း ပိုပြီးထိရောက်နိုင်တယ်လို့ ကျွန်မမျှော်လင့် ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
သင်တန်းလာရောက်တက်ခဲ့သော ဆရာ/မ အချို့မှလည်း သူတို့အမြင်တွေကို ခုလိုပြောပါတယ်။
ဆရာ စတီးဖင်း (ချောင်းရိုးကျေးရွာ)
ကျွန်ုပ်အနေနဲ့ အခုလိုမျိုးဆရာ/မတွေအတွက် စွမ်းရည်မြင့်တင်ခြင်း သင်တန်းကို လာရောက်တက်ခွင့် ရတဲ့အတွက် ဒီကပို့ချပေးတဲ့အရာတွေက ကျွန်ုပ်အတွက် သင်ထောက်ကူပစ္စည်းတစ်ခုရလိုက်သလို ခံစားရပါတယ်။ ကျွန်ုပ်မသိသေးတဲ့အရာတွေလည်းအများကြီးသိလာရတယ် ပြီးတော့ပညာသင်ကြား တဲ့နေရာမှာလည်း ကလေးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ပြသနာတွေကိုဖြေရှင်းတဲ့အခါမှာ အများကြီး အထောက်အကူပြုပါတယ်။
ဆရာမ ရီဂျီနား ယင်မာသက် (ရွာတော်ကျေးရွာ)
ကျွန်ုမ အနေနဲ့ဒီသင်တန်းကို လာတက်ရတာ အရမ်းကိုအကျိုးရှိပါတယ် ကလေးတွေရဲ့ စိတ်ပညာနဲ့ဆိုင် တဲ့ဗဟုသုတအသစ်တွေနဲ့အတူ ကျွန်ုမတို့ဆရာ/မတွေအတွက်လည်း ကလေးတွေကို ဘယ်လိုသင်ကြား ပေးရမယ်ဆိုတဲ့သင်ကြားပုံ သင်ကြားနည်းတွေကိုလည်း ပိုပြီးသိခွင်ရလာတဲ့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။
ဒါအပြင် ဒီကလေးတွေနဲ့ပတ်သက်ပြီး ကလေးအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့လည်းသင်ကြား ပေးတဲ့အတွက်လည်း ကျွန်မတို့ ဘာတွေကိုလုပ်ရမယ် ဘာတွေကိုမလုပ်ရဘူးဆိုတာ အရင်က သိတာ တွေထက် ပိုပြီးတော့သိလာခဲ့ပါတယ်။
ဆရာမ ရွှံ့လဲ့ခိုင် (မုံလှ)
ကျွန်မအရင်က ဒီလိုသင်တန်းတွေတစ်ခါမှတော့မတက်ဖူးဘူး ဒီတစ်ခါပထမဆုံးတက်ခြင်းဖြစ်ပါတယ်။ ဒီသင်တန်းကနေ အတွေ့အကြုံတွေလည်းအများကြီးရပါတယ် မသိသေးတဲ့အကြောင်းအရာတွေကို လည်းအများကြီးသိရတယ်။ သင်ကြားရေးနည်းစနစ်တွေရော ကလေးတွေနဲ့ ဆက်ဆံရေးနဲ့ဆိုင်တဲ့ ပညာတွေရော အများကြီးသိရတဲ့အတွက် ကျွန်မအတွက်ဒီသင်တန်းက အရမ်းအကျိုးရှိပါတယ်။ ဒီသင် တန်းလာတက်ခြင်းအားဖြင့် ဗဟုသုတတွေလည်းအများကြီးရသလို ပျော်လည်းပျော်ပါတယ်။


