
မေလ ၁၃ ရက် ဖာတီမာမယ်တော်ပွဲနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သွန်သင်ချက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကျရောက်သော ဖာတီမာမယ်တော်ပွဲနေ့၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အမိမယ်တော်မာရိယား၏ အခန်းကဏ္ဍနှင့် သာသနာတော်အပေါ် သူမ၏ သက်ရောက် မှုများ အကြောင်းကို အောက်ပါအတိုင်း အလေးပေး မိန့်ကြားခဲ့ပါသည်။
သာသနာတော်၏ စံနမူနာနှင့် မိခင်
အမိမယ်တော်မာရိယားသည် သာသနာတော်၏ “ပြီးပြည့်စုံသော စံနမူနာနှင့် မိခင်” ဖြစ်သည်။ ယုံကြည် သူများအနေဖြင့် သာသနာတော်ကို မည်သို့ချစ်မြတ်နိုးရမည်၊ မည်သို့ အမှုတော်ထမ်းဆောင်ရမည်ကို မယ်တော်ထံမှ သင်ယူကြရမည်ဖြစ်သည်။�နာခံခြင်း: မယ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ် တော် ကို နာခံပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို အပြည့်အဝ ခံယူခဲ့သူဖြစ်သည်။�အထူးချွန် ဆုံး အဖွဲ့ဝင်: ဘုရားသခင်၏ နက်နဲရာများကို အပြည့်အဝ လက်ခံယုံကြည်သောကြောင့် သူမသည် သာသနာတော်၏ အထူးချွန်ဆုံးသော အဖွဲ့ဝင်ဖြစ်လာသည်။�မိခင်မေတ္တာ: ခရစ်တော်၌ သားသမီး များ ကို မွေးဖွားပေးသူဖြစ်၍ ယုံကြည်သူအားလုံးသည် သူမ၏ ကာကွယ်မှုနှင့် မေတ္တာကို ယုံကြည်စိတ်ချစွာ ကိုးစားနိုင်ပါသည်။�
အသင်းတော်၏ ကြေးမုံပြင် (Archetype)
မယ်တော်သည် သာသနာတော်၏ “မူလပုံစံ” (Archetype) ဖြစ်သည်။ ဒုတိယဗာတီကန်ကောင်စီ၏ “သာသနာတော်ဆိုင်ရာ အခြေခံဥပဒေ” (Lumen Gentium) အရ သာသနာတော်သည် မယ်တော်ထံ၌ အောက်ပါနက်နဲသော အဓိပ္ပာယ်များကို တွေ့ရှိရသည် -�အပျိုစင်ယုံကြည်ခြင်း�မိခင်မေတ္တာ�ဘုရား သခင်နှင့် ထားရှိသော ပဋိညာဉ်တော်�နက်နဲရာ၏ ပုံရိပ်ဖြစ်သော အမျိုးသမီး
ပုပ်ရဟန်းမင်းကြီးက မယ်တော်ကို “နက်နဲရာ၏ ပုံရိပ်ဖြစ်သော အမျိုးသမီး” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။�”အမျိုးသမီး”: သူမ၏ သမိုင်းဝင် လူသားဖြစ်မှုကို ဖော်ပြသည်။�
ဘုရားသခင်၏ အခမဲ့ ရွေးချယ်မှုနှင့် မယ်တော်၏ လွတ်လပ်သော ယုံကြည်မှုကို ဖော်ပြသည်။ သူမသည် ယေဇူး ခရစ် တော် အားဖြင့် ထင်ရှားလာသော ဘုရားသခင်၏ ကယ်တင်ခြင်းစီမံကိန်းကို ဖော်ဆောင်သည့် ပုံရိပ်ဖြစ်သည်။�
ကိုယ်တိုင်ဆင်ခြင်ခြင်းနှင့် နောက်လိုက်ဖြစ်ခြင်း
ယုံကြည်သူများအနေဖြင့် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည် –
“သာသနာတော်တွင် နှိမ့်ချစွာဖြင့် တက်ကြွစွာ ပါဝင်နေပါသလား? သိုးထိန်းများအပေါ် နာခံမှုရှိပါ သလား?”
မယ်တော်၏ စံနမူနာအတိုင်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန်နှင့် ယေဇူးခရစ်တော်၏ သစ္စာရှိသော တပည့်တော်များ ဖြစ်လာစေရန် မယ်တော်ထံ အကူအညီတောင်းခံကြရန် အားပေးခဲ့ ပါသည်။
ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
ယေဇူးခရစ်တော်သည်သာလျှင် “တစ်ခုတည်းသော ကယ်တင်ရှင်” ဖြစ်သော်လည်း၊ မယ်တော်သည် ယုံကြည်သူများကို ခရစ်တော်နှင့် တိုက်ရိုက်ထိတွေ့ ပေါင်းစည်းစေရန် ကူညီပေးပါသည်။ ယုံကြည် သူအားလုံး၏ စိတ်နှလုံးထဲတွင် “သန့်ရှင်းသော သာသနာတော်” ကို ချစ်မြတ်နိုးစိတ် တိုးပွားလာစေရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်ကို ဆုတောင်းလျက် နိဂုံးချုပ်ခဲ့ပါသည်။
Fr. Peter Kyi Maung
Photo credit: Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
#rvamyanmar#Archdioceseofmandalay#Popemessage
Original Link: https://www.vaticannews.va/…/pope-leo-xiv-general…
See less



